Book Image
ကြည်အေး

ကြည်အေး (၃ ဒီဇင်ဘာ ၁၉၂၉–၂၈ ဒီဇင်ဘာ ၂၀၁၆) သည် မြန်မာနိုင်ငံသား အမျိုးသမီး စာရေးဆရာ၊ ဆရာဝန်တစ်ဦး ဖြစ်သည်။

မာတိကာ  [ဝှက်] 

ငယ်ဘဝ

ပညာသင်ဘဝ

စာပေရေးသားခြင်း

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ

ကိုးကား

ငယ်ဘဝ[ပြင်ဆင်ရန်]

၁၉၂၉ ဒီဇင်ဘာ ၁၃ ရက်မှာ မွေးဖွားသည်။ မိဘများမှာ ကုန်သည်များဖြစ်သည်။ ဦးဟန် နှင့် ဒေါ်ငွေယုန် တို့မှ ရန်ကုန်မြို့ လှည်းတန်းရပ်တွင် မွေးဖွားခဲ့သည်။ အမည်ရင်းမှာ မကြည်ကြည်တင်မြင့်(ခေါ်) ဒေါ်သောင်းကြည် ဖြစ်သည်။ တတိယတန်းတွင် ပညာသင်ကြားနေစဉ် ဒုတိယကမ္ဘာစစ် ဖြစ်၍ စစ်ဘေးမှကင်းလွတ်ရာ တောရွာ၊ တောမြို့များတွင် ပြေး လွှားရင်း အချိန်ကုန်ခဲ့သည်။

စစ်မဖြစ်မှီ ၃ တန်းမျှသာ ပညာသင်ခဲ့သော်လည်း မြန်မာစာကို ကောင်းကောင်းတတ်ကြွမ်း ဖတ်ရှုခဲ့ရသည်။ စစ်ပြီးစမှာ ဂရမ္မာဆရာကြီး မစ္စတာ မေတျာ၏နေ့စဉ် - တနေကုန် - ၆လမျှ သင်ကြားပေးချက်အရ အင်္ဂလိပ်စာကို ကောင်းစွာ တတ်ကြွမ်းဖတ်ရှုရပြန်သည်။ စစ်ပြေးကာလ စာပေဗိမာန်အဖွဲ့မှာ ဆရာများ သင်တန်းဖွင့်ပေးသဖြင့် အဆင့်မြင့်သော ကောလိပ်ဘာသာရပ်များကို အခြေခံ တတ်ကျွမ်းရပြန်သည်။

ပညာသင်ဘဝ[ပြင်ဆင်ရန်]

စစ်ကြီးပြီးသောအခါ ကုလားအဘိုးကြီး ကေကေမီတြ ထံတွင် အင်္ဂလိပ်စာ သင်ကြား တတ်မြောက်ခဲ့သည်။ ထိုစဉ် ကွမ်းခြံကုန်းမြို့၌-စစ်ပြေးလာကြသော စာပေဗိမာန်ဆရာများက လူငယ်များကို သင်တန်းတစ်ခုပေးရန် စီစဉ်ကြသည်။ ကြည်အေးသည် ဦးဝန်(မင်းသုဝဏ်)၏မြန်မာစာ၊ ဆရာတက်တိုး၏ အင်္ဂလိပ်စာနှင့် သတင်းစာလုပ်ငန်း၊ ဒေါ်ခခွေး၊ ဒေါ်မမကြီး၏ကမ္ဘာ့သမိုင်းစသော သင်တန်းများကို တက်ရောက်ခဲ့သည်။ ကျောင်းနှစ်နှစ်မျှ နေပြီး ဆယ်တန်းစာမေးပွဲ ဖြေဆိုအောင်မြင်သည်။ ၁၉၄၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် သို့ရောက်သည်။ ဆေးပညာ တတိယနှစ်တွင် ကျောင်းထွက်သည်။ ဝိဇ္ဇာစာမေးပွဲကို ဖြေဆိုအောင်မြင်သည်။ ပထမဆုံးဝတ္ထုမှာ တာရာမဂ္ဂဇင်း(အတွဲ-၁၊အမှတ်-၄)တွင် ဖော်ပြခံရ သည့် ထိုည ဝတ္ထုတိုလေးဖြစ်သည်။ ကလောင်အမည် - ကြည်အေး ဟူသော ကလောင်အမည်ယူခဲ့ခြင်းမှာ အစ်ကို၏ သူငယ်ချင်းတစ်ယောက်သည် ဂျပန်တော်လှန်ရေး၌ ကျဆုံးခဲ့ရသည့် ကိုဗကြည် ဆိုသူဖြစ်သည်။ ကိုဗကြည်၏ ပုံနှိပ်မခံရသော အမည်ကို ယူခဲ့ ခြင်းဖြစ်သည်။ ငယ်စဉ်ကပင် ကဗျာကို ကျွမ်းကျင်ပိုင်နိုင်စွာ စပ်ဆိုနိုင်ခဲ့သည်ဟု အဆိုရှိသည်။

၁၉၄၇ - မက်ထရစ်စာမေးပွဲကို မြန်မာပြည်တစ်ပြည်လုံးတွင် အတော်ဆုံး(၁၀)ဦးတွင် ပါဝင်ကာ အောင်မြင်ခဲ့သည်။

၁၉၄၈ - ရန်ကုန်တက္ကသိုလ်တက်ရောက်ခဲ့။ ဆေးပညာတတိယနှစ်တွင် ကျောင်းထွက်ပြီး ဝိဇ္ဇာစာမေးပွဲဖြေဆို အောင်မြင်ခဲ့။ ရန်ကုန်တက္ကသိုလ်တွင် နည်းပြဆရာအဖြစ် အမှုထမ်း။ နောက်ဆေးပညာကိုပြန်လည်သင်ယူ၊ ဆရာဝန်ဖြစ်ခဲ့။

၁၉၅၃ တွင်ဘဏ်မန်နေဂျာ ဦးတင်မြင့်နှင့် အိမ်ထောင်ကျသည်။ သားသမီး (၆) ယောက်ထွန်းကားသည်။ ရန်ကုန်တက္ကသိုလ် အင်္ဂလိပ်စာဌာနတွင် နည်းပြဆရာမ အဖြစ် အမှုထမ်းခဲ့သည်။ ဆေးပညာကို တတိယနှစ်မှ ပြန်လည်တက်ရောက်သင်ယူပြီး ဆရာဝန်ဘွဲ့ ရခဲ့သည်။ ၁၉၄၇ ခုနှစ်ထုတ် တာရာမဂ္ဂဇင်း အတွဲ (၁) ၊ အမှတ် (၄) ပါ ထိုညဘဝတ္ထုတိုသည် ပထမဆုံး ပုံနှိပ် ဝတ္ထုဖြစ်သည်။

ဒေါ်ကြည်အေးသည် ၁၉၇၂ ခုနှစ် ဒီဇင်ဘာလတွင် အမေရိကန်ပြည်ထောင်စုသို့ ထွက်ခွာသွားခဲ့သည်။ ၁၉၈၁ ဇူလိုင်လ (၁၀) ရက် တွင် ခင်ပွန်းဖြစ်သူ ဦးတင်မြင့်ကွယ်လွန်ခဲ့သည်။ ယခုအခါ အင်္ဂလန်ပြည်တောင်ပိုင်း ကလိပ်လင်းန်ကယန်းမ်မြို့သို့ ပြောင်းရွှေ့ နေထိုင်ကာ ဆရာဝန်အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့သည်။

စစ်ပြီးကျောင်းပြန်တတ်သော် ၇ တန်းမှ စတင်သော်လည်း တနှစ်ခွဲအတွင်း ၈တန်း၊ ၉တန်းနှင့် တက္ကသိုလ်ဝင်စာမေးပွဲများ အောင်မြင်ခဲ့၏။ အင်္ဂလိပ်စာ ဂုဏ်ထူးနှင့် တနိုင်ငံလုံးမှာ အထူးချွန်ဆုံး ၁၀ယောက်ထဲမှာပါဝင်ခဲ့သည်။

မိဘက သမီးမိန်းကလေး ပညာသင်သည်ကို လက်ခံအားပေးခြင်းမရှိသဖြင့် ပညာရေးပျက်ပြားပြီး ဆေးပညာ ၅နှစ်မြောက်မှာ ကျောင်းထွက်ခဲ့သည်။ ဒေါ်ခင်မျိုးချစ်၊ ဦးခင်မောင်လတ်တို့ ကျေးဇူးကြောင့် ဘီအေဖြေ အောင်မြင်ခဲ့သည်။

၁၉၅၃ နှစ်မှာ အိမ်ထောင်ကျပြီး သား သမီးခြောက်ယောက်မွေးဖွားခဲ့သည်။

၁၉၆၁ - ဘီဘီစီ လန်ဒန်မှာ တနှစ်အလုပ်လုပ်သည်။

၁၉၆၂- ၆၃ - တက္ကသိုလ် အင်္ဂလိပ်စာ နည်းပြဆရာမ။

၁၉၆၅ - ၆၈ - ဆေးတက္ကသိုလ်ပြန်တတ်။

၁၉၆၈ - ၆၉ -၇၀ - MBBS အောင်မြင်သည်။ ဆေးရုံကြီးမှာ ဆရာဝန် လခမယူဘဲ လုပ်ခဲ့သည်။ ကိုယ်ပိုင် အပြင်လူနာခန်းဖွင့်သည်။

၁၉၇၁ - ၇၃ - အမေရိကန်နိုင်ငံ ချီကာဂိုမြို့မှ အလုပ်သင်ဆရာဝန်။

၁၉၇၃ - ၇၆ - နယူးယောက်မြို့မှာ စိတ်ပညာ Residency။ အမေရိက အရှေ့မြောက်မြို့များမှာ ကထိက အထူးကု ဆရာဝန်

၁၉၈၆ - ၈၈ - စင်စင်နက်တီ ယူနီဗစီတီ မှာ Fellowship in Psychiatry, Adolescent psychiatry and Family psychiatry.

၁၉၈၈ - ၂၀၀၁ - အင်္ဂလန်ပြန် အစိုးရဆေးရုံ နှင့် သီးသန့်ဆေးရုံများမှာ consultant အထူးကု ဆရာဝန်။

၂၀၀၁ - အနားယူ။ စာ ကဗျာများ ပိုမို ရေးသားလာသည်။

၂၀၁၆ - ဒီဇင်ဘာ ၂၈ ရက်နေ့ မနက် ခြောက်နာရီ ကျော်တွင် ကွယ်လွန် ခဲ့သည်။[၁] ကွယ်လွန်ချိန်မှာ အသက် ၈၇ နှစ်ရှိပြီဖြစ်သည်။

စာပေရေးသားခြင်း[ပြင်ဆင်ရန်]


ကြည်အေး၏ နွမ်းလျအိမ်ပြန် (၁၉၆၄)

ကြည်အေး၏ကလောင်ခွဲတစ်ခုမှာ မမိုးသူ ဖြစ်သည်

ရေးသားထုတ်ဝေခဲ့သော စာအုပ်များ[ပြင်ဆင်ရန်]

  1. မီ ပထမအကြိမ် ၁၉၆၀ ခုနှစ် (ဒု- ၁၉၉၅)
  2. တမ်းတတတ်သည် ပထမအကြိမ် ၁၉၆၁ ခုနှစ် (ဒု- ၁၉၉၅)
  3. ကျွန်မပညာသည် ပထမအကြိမ် ၁၉-- ခုနှစ် (ဒု- ၂၀၀၃)
  4. နွမ်းလျအိမ်ပြန်နှင့် ဖုန်းသက်တိုင်
  5. မောင်ကိုကို နှင့် မြနန္ဒာ ပထမအကြိမ် ၁၉၇၃ ခုနှစ် (ဒု- ၁၉၉၃)
  6. မေတ္တာမီးအိမ် ပထမအကြိမ် ၁၉၇- ခုနှစ် (ဒု- ၁၉၉၄)
  7. ကြည်အေး၏ကဗျာများ ပထမအကြိမ် ၁၉၉၀ ခုနှစ် (ဒု- ၁၉၉၂)
  8. ကြည်အေး၏ဝတ္ထုတိုများ(၁) ပထမအကြိမ် ၁၉၉၁
  9. ကြည်အေး၏ဝတ္ထုတိုများ(၂) ပထမအကြိမ် ၁၉၉၃
  10. ကြည်အေး၏ဝတ္ထုတိုများ(၃) ပထမအကြိမ် ၁၉၉၃
  11. ဤမာန ပထမအကြိမ် ၁၉၉၄
  12. ကြည်အေး၏ဝတ္ထုတိုများ(၄) ပထမအကြိမ် ၁၉၉၅
  13. တောတောင်ရေမြေ (ဘာသာပြန်) (၁၉၉၅)
  14. အိပ်မက်၊ အပြင်ကလူ (၁၉၉၆)
  15. ညတစ်ည၊ စိမ်းမြညတစ်ည' (၁၉၉၇)
  16. အိပ်မက်၊ အပြင်ကလူ(၂)အေးရဲ့ဖွင့်ဟဝန်ခံချက် (၁၉၉၇)
  17. ဖူးငုံပွင့်သစ် (၁၉၉၈)
  18. စိုးနှင့်ခိုင် (၂၀၀၀)
  19. မှန်၏မှောင်ရိပ် (၂၀၀၁)

ကိုးကား[ပြင်ဆင်ရန်]

  1. Jump up ဇေယျာမော် (၂၉ ဒီဇင်ဘာ ၂၀၁၆)။ စာရေးဆရာမကြီး(ဒေါ်)ကြည်အေး ကွယ်လွန်။ မဇ္ဈိမ။ ၂၉ ဒီဇင်ဘာ ၂၀၁၆ တွင် ပြန်စစ်ပြီး။
  2. Jump up ၂၀ ရာစု မြန်မာဝတ္ထုတို ၁၀၀ စာရေးဆရာ ၁၀၀၊ သီဟရတနာအုပ် ၁ဝဝပြည့် အထူးထုတ်

Reference from: wikipedia

Written Books

Book Review Image

မီ

ကြည်အေး
Book Review Image

မောင်၊ ကိုကိုနှင့် မြနန္ဒာ

ကြည်အေး