လူတစ်ယောက်ရဲ့ ဘဝတစ်ခုဆီမှာ ပတ်ဝန်းကျင်ရဲ့ မြင်လွှာတွေ ဘယ်နှလွှာလောက် ရှိနေမလဲ...
ဘယ်လိုတွေ မြင်နေကြသလဲ...
ဒီလိုနဲ့ လူတစ်ယောက်ဟာ လူတွေရဲ့ မြင်လွှာတွေကြားမှာ လူတစ်ယောက်ဖြစ်သေးရဲ့လား...။
ဆရာမကြီး ကြည်အေးရဲ့ မြနန္ဒာဆိုတဲ့ မိန်းမတစ်ယောက်အပေါ် လူပေါင်းစုံရဲ့ အမြင်စုံကတော့ စူးရှလို့..
လက်ဖြာလို့...
မြနန္ဒာဆိုတဲ့ မိန်းကလေးခမျာမှာတော့ သူ့ကိုယ်ပိုင်ဘဝကိုတောင် နေသားတကျရှာဖွေဖို့ ကြိုးပမ်းနေလိုက်တာ..
လူတွေရဲ့ မြင်လွှာတွေဆီကနေ လွတ်လို့ ကင်းလို့...
မောင်ဆိုတဲ့ လူတစ်ယောက်နဲ့ မြနန္ဒာဆိုတဲ့ မိန်းမချောလေးရဲ့ ပတ်သက်မှုကဘာလဲ...
ကိုကိုဆိုတဲ့ လူနဲ့ မြနန္ဒာဆိုတဲ့ မိန်းကလေးရဲ့ ဆက်နွယ်မှုကရော ဘယ်လိုလဲ...
လူတစ်ယောက်အတွက် ရှိသင့်တာထက် ပိုပြည့်စုံတဲ့ ဘဝ..
မရှိသင့်တာတွေကိုပါ လက်ခံလာရတဲ့ ဘဝတစ်ခုနဲ့..
မြနန္ဒာဟာ ဗဟိုတစ်ခုဖြစ်ခဲ့လေရဲ့...
ပြီးတော့ စရိုက်သဘာဝ တစ်ခုစီနဲ့ သူမနဲ့ ဆက်နွယ်ရတဲ့ လူသားတွေရဲ့ စရိုက်တွေကို ဖဲ့နွှင်ချကျွေးထားတဲ့ ဆရာမကြီး ကြည်အေးရဲ့ မောင်၊ကိုကိုနှင့် မြနန္ဒာ...
ဇာတ်ကောင်တွေရဲ့ စရိုက်တွေဆီကနေ စာဖတ်သူရဲ့စိတ်အစဉ်ဆီကို စိမ့်ယို စီးကျလာမယ့် မောင်၊ ကိုကိုနှင့် မြနန္ဒာ...
ကိုယ်လက်ခံလိုတဲ့ အတွေးအမြင်တွေ အယူအဆတွေကို ဆွဲယူလက်ခံလို့ရတဲ့ စာအုပ်ပါးလေးတစ်အုပ်ပေမယ့် ရသစုံပေးနိုင်တဲ့ ဆရာမကြီး ကြည်အေးရဲ့ လက်ရာ မောင်၊ ကိုကိုနှင့် မြနန္ဒာ.....
I'm ATM.
Publisher Name: စိတ်ကူးချိုချို စာပေ
Publisher Address: ၉(က)၊ ၁၆၄ လမ်း၊ တာမွေ၊ ရန်ကုန်မြို့။ ဖုန်း - ၀၁၅၄၆၈၄၅
Publisher Phone Number: 01546845