#kkwybookreview
ဆရာ တက္ကသိုလ်ဘုန်းနိုင် ရဲ့ "မျက်ရည်လောကများ၏ ဟိုမှာဘက်" ဆိုတဲ့ စာအုပ်ကလေးကို ၂၀၁၄ တုန်းက စာကြည့်တိုက်တစ်ခုက ငှါးပြီးဖတ်ခဲ့ဖူးတယ်။
ဆရာ့စာ တော်တော်များများက ဗုဒ္ဓဒေသနာတော်တွေရော၊အင်္ဂလိပ်ကဗျာတွေရော၊အတွေးအခေါ်အယူအဆတွေရော.ဒါတွင်မက...ကာလဒေသတစ်ခုအကြောင်းကိုဖော်ပြပြီဆိုရင်လည်း တော်တော်လေးကို ဝေဝေဆာဆာ.....။ဆိုတော့ကာ....ကိုယ့်မှာ ဆရာ့စာ တစ်အုပ်ဖတ်ပြီဆိုရင် တွေးကြည့်ရတာရော...ပြေးခံစားပေးရတာရော...တစ်ယောက်တည်း အလုပ်တွေကို ရှုပ်လို့။????
ဒါပေမယ့် ဆရာ့စာတွေကို သဘောကျနှစ်ခြိုက်ရတာတော့အမှန်။
အခုတစ်ခါ ကိုယ့်လက်ဝယ်ပိုင်ပိုင် ထားရှိပြီး ထပ်ဖတ်ရတော့မှ အရသာထူးတွေကို ထပ်ခံစားမိတယ်။ဒါကြောင့် စာအုပ်ကောင်းလေးတွေဆိုရင်
်???? ဝယ်ပြီးသိမ်းထားသင့်တယ်????
ဆိုတဲ့ ပြောစကားက တယ်မှန်သကိုး????။
စာအုပ်ထဲမှာဆိုရင် တည်နေရာဒေသက ကိုရီးယားနိုင်ငံ..ဆိုးလ်မြို့လို မြန်မာနိုင်ငံက တောင်ကြီးမြို့လေး။
ကိုယ် တောင်ကြီးမြို့ကိုအလည်အပတ် ရောက်ရှိခဲ့ဖူးပါတယ်။ဒါပေမယ့် အထင်ကရနေရာဒေသလောက်နဲ့ ဘုရားစေတီ ဆိုတာကိုပဲ အာရုံရှိခဲ့တာ????။တောင်ကြီးမြို့ရဲ့ တော၊တောင်၊သစ်ပင်၊ပန်းမာန် စတာတွေကိုတော့ သဘာဝကျကျ တစ်ခါမှ မလေ့လာဖူးဘူး။(မှန်တာပြောရခြင်းပါလေ????)
ဒီစာအုပ်လေး အသေအချာဖတ်ကြည့်ပြီးမှ ပင့်ခ်ကက်ဆီယာလို့ခေါ်တဲ့ ငုစပ်ပန်းတွေအကြောင်း....ဘွဲ့ချဉ်လို့ခေါ်တဲ့ စွယ်တော်ပန်းအကြောင်း....အပြာနုနုလေးရှိနေတတ်တဲ့ ဂျက်ကရင်းဒါးဆိုတဲ့ စိန်ပန်းပြာအကြောင်း...
နောက်ပြီး စားလို့ရတဲ့ ဘွတ်ရ်ှဘယ်ရီလို့ ခေါ်တဲ့ ငါးဥသီးလေးတွေ....
နောက်ပြီး
ပင်စိမ်းပင်နဲ့ ချယ်ရီပင်က ခပ်ဆင်ဆင်တူတယ်တဲ့။
ကိုယ့်မှာ ဖတ်ရင်းနဲ့ သစ်ပင်တွေ၊ပန်းတွေကို အမျိုးမျိုးပုံဖော်ကြည့်ပြီး စိတ်ဝင်စား လာရတော့တာ????။
ဆရာကြီးက သဘာဝတောတောင်တွေကို ချစ်မြတ်နိုးစိတ်ဝင်လာအောင် ရေးနေကျဆိုတော့လေ။
နောက်...နိုင် ဆိုတဲ့ ကောင်လေးရဲ့ အဘိုးဖြစ်သူ ဘိုးလွှမ်းပြောပြတဲ့ ဂေါက်သီးနဲ့ ဂေါက်ရိုက်ပညာအကြောင်းတွေ....စုံစိနေတာပဲ။
နိုင်နဲ့ နှင်းမြစန္ဒာတို့ တက်ခဲ့တဲ့ တောင်ချွန်းကြီး.......သိပ်သာယာဆိုပဲ။
အပေါ်မှာဆိုရင် ဝါဂွမ်းဆုပ် တိမ်ဖြူဖြူတွေ....
တောင်အောက်ကိုလှမ်းကြည့်တော့ တောင်ကြီးတစ်မြို့လုံးကို မြင်ရတယ်တဲ့။တက်ကြည့်ချင်လိုက်တာ????။
နိုင့်ရဲ့ အဘိုးက နိုင့်ကိုပြောထားတာလေးရှိသေးတယ်။
"ဒီတော့နိုင်၊ကြီးလာရင် အချစ်ဦးတွေ ဘာတွေလုပ်ချင်လုပ်ပေါ့ကွာ...
အချစ်ရူးတော့ မလုပ်နဲ့ကွ....အရူးတကာ့ အရူးတွေထဲမှာ အချစ်ရူးဆိုတာဟာ သောက်သုံးမကျဆုံးပဲကွ" တဲ့
ဘာမှဟုတ်ဘူး(...သဘောကျလို့)????
ဟတ်ထိတာကတော့ ဒီနေရာလေး????....နိုင့်ရဲ့ သူငယ်ချင်းကောင်မလေး ဝင့်ဝါက နိုင့်ကို သူနဲ့အတူ ဆေးကျောင်းတက်စေချင်တယ်။ဆေးမှတ်လည်းမီတယ်..တက်လို့လည်း ရပါရဲ့နဲ့ နိုင်က မြန်မာစာမေဂျာကိုယူရင်း တောင်ကြီးမှာနေခဲ့တယ်။ကဗျာလေးတွေစပ်ရင်း မဂ္ဂဇင်းတွေကို ပို့နေခဲ့တယ်။နိုင်...သတ္တိအရမ်းရှိတာပဲ????။
"မဟုတ်ပါဘူး...ဝင့်ဝါ၊ဘဝလမ်းကြောင်းမှာ အသက်မွေးဝမ်းကျောင်းမှုကိစ္စဟာ အလွန်အရေးပါတယ်ဆိုတာကို နိုင်မငြင်းပါဘူး၊ဒါပေမယ့် အသက်မွေးဝမ်းကျောင်းမှုဆိုတာက အနိမ့်ဆုံးအဆင့် ထမင်းဝဝစားနိုင်ဖို့၊အမြင့်ဆုံးအဆင့် လောကရဲ့ရုပ်ပိုင်းဆိုင်ရာ စည်းစိမ်တွေကို လက်လှမ်းမီသမျှ ခံစားဖို့ အဲဒါတွေက ပြဋ္ဌာန်းနေတယ်၊ဘဝလမ်းကြောင်းဆိုတာက စိတ်အလိုပြည့်မှု၊စိတ်ကြည်နူးမှု၊စိတ်ချမ်းသာမှု၊နောင်တပူပန်မရှိမှု၊လောကနဲ့ရော ကိုယ့်ကိုယ်နဲ့ကော ရန်ဖြစ်စရာမလိုဘဲ ငြိမ်းချမ်းနေမှု၊အဲဒါတွေ ပြဋ္ဌာန်းနေတဲ့ သဘောကိုခေါ်တယ်၊နိုင် လောကနဲ့ ရန်မဖြစ်ချင်ဘူး၊အထူးသဖြင့် ကိုယ့်ကိုယ်နဲ့ကိုယ် ရန်မဖြစ်ချင်ဘူး" တဲ့လေ။respect ပါ နိုင်။
နောက်တော့ နိုင်တစ်ယောက် အောက်တန်းစာရေးလေး ဝင်လုပ်ပြီး
စာတွေရေးတာ မဂ္ဂဇင်းတွေကမပယ်ရုံသာမက စာဖတ်သူတွေအတွက် ကလောင်တစ်လက် ထွန်းလင်းခဲ့တယ်...သူ သိပ်ပျော်ပြီး ကြည်နူးရတယ်ပေါ့????။
..ပိုးစုန်းကြူးဟူသည်က ကြယ်ဆီသို့ တစ်ခဏအတွင်းရောက်မသွားနိုင်ပါ။...သူ့အလုပ်က ပျံတက်နေရမည်။ပျံတက်ရင်း မှိတ်တုတ်၊မှိတ်တုတ်မျှ သူလင်းမည်။လုံးဝမလင်းနိုင်သည့် ဘဝနှင့်စာလျှင်တော့...မှိတ်တုတ် မှိတ်တုတ်လေး လင်းနိုင်သည့်ဘဝက ကျေနပ်စရာ။(စာထဲတွင်ပါသော..ကိုယ်လည်း သဘောကျ၍ မျဉ်းသားထားသော စာသားအချို့????)
နောက်ဆုံး ရှယ်လီရဲ့ ကဗျာတွေကို သူဘာသာပြန်တယ်၊
ကဗျာကတော့ အရှည်ကြီး...စာလုံးတစ်လုံး၊စာကြောင်းတစ်ကြောင်းစီတိုင်းမှာတော့ လှပလေးနက်တဲ့ အဓိပ္ပါယ်လေးတွေရှိပြီးသား။ဒါလေးကတော့ ကိုယ်ကြိုက်တဲ့နေရာလေးကွက်ပြီး ထုတ်နှုတ်ဖော်ပြလိုက်တာ။
----------------------
ပိုးဖလံငယ်ရဲ့
ကြယ်ကိုလိုချင်တဲ့ ဆန္ဒမျိုး။
ညက နံနက္ကို
လိုချင်တဲ့ ဆန္ဒမျိုး။
လူ့ဘဝရဲ့သောက
မျက်ရည်လောကများရဲ့ ဟိုမှာဘက်
အဲသည်ဘက်က တစ်စုံတစ်ရာကို
ကိုယ်ကိုနှင်းအပ်
ဆည်းကပ်ရိုကျုိး
သဒ္ဓါနှင့်မြတ်နိုးခြင်း
အင်း...သည်ဟာမျိုးကိုတော့ မင်း...
မင်း လက်မခံချင်ဘူးလား။
---
တဲ့...(အရမ်းကောင်းပါတယ်????..။ကိုယ်ကတော့ ဒီစာအုပ်လေးကို သိပ်ကြိုက်တယ်။)
#Amara Pyae Pyae Thu