အမေရိကား အထိသွားကာ
ဂီတပညာ မဟာဘွဲ့ရယူပြီး ပြန်လာတဲ့
ကောင်လေးတစ်ယောက် နဲ့ ရှမ်းပြည်နယ် ရဲ့ စော်ဘွားအနွယ် မိန်းကလေးတစ်ယောက်၊
အမေရိကားကနေ မြန်မာပြည်ကို ပြန်လာဖို့
အတွက်ပင်လယ်ကို ဖြတ်ကူးမယ့် ဘုရင်မမေရီသင်္ဘောပေါ်မှာ တွေ့ဆုံမှုကနေ စတင်ထားပါတယ်။
ဒီစာအုပ်မှာ
- သီပေါမင်း ပါတော်မူခဲ့သော်လည်း အစဥ်တစိုက်
ဗြိတိသျှ ကိုလိုနီတွေကို တော်လှန်ခဲ့ကြတဲ့
ရှမ်းတိုင်းရင်းသားတွေ အကြောင်း၊
- 50's ခုနှစ်ဝန်းကျင်က သင်္ဘောခရီးစဥ်
တွေ ခရီးသည်တွေမပျင်းရအောင် ဝန်ဆောင်မှု
တစ်မျိုးပြီး တစ်မျိုး ပေးထားတာ၊
- ကျွန်တော်တို့ သေချာမသိလိုက်တဲ့ ပဒေသရာဇ်
စော်ဘွားမျိုးနွယ်တွေနဲ့ ဟော်နန်း ဆက်ခံပုံ
တွေ အကြောင်း၊
- ဆရာ့စာအုပ်တွေရဲ့ Tradeark တွေဖြစ်တဲ့
တူရိယာ တီးခတ်မှုနဲ့စိတ်ပညာ အကြောင်း၊
- လမ်းတွေ ဆက်သွယ်ရေးတွေ အခုခေတ်လို
မကောင်းသေးတဲ့ အချိန်တုန်းက ရှမ်းပြည်နယ်
ရဲ့ အကြောင်း၊
- သမီးရည်းစား နှစ်ယောက်ကြား အဖြစ်အပျက်
တွေကို ရင်မောဖွယ်ရာ ဖွဲ့ နွဲ့ ထားတာ၊
စတာတွေက ကျွန်တော်တို့ကို ဇာတ်လမ်း အဆုံးထိ
မအီရအောင်၊ မရိုးရအောင် ဆွဲခေါ်သွားနိုင်မှာပဲ
ဖြစ်ပါတယ်။ ပိတ်ရက်ကို ကုန်ဆုံးလို့ကောင်းမယ့်
စာအုပ် တစ်အုပ်အဖြစ် ညွှန်းပေးလိုက်ရပါတယ်။ ။
#Ye Yink
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137