၂၀၁၆ အမျိုးသားစာပေ (လူငယ်စာပေ)ဆုရ ၀တၳုရှည်စာအုပ်
အိပ်မက်ချိုချို ဘ၀ခါးခါး - ယမင်းမြတ်အေး
စာအုပ်ကိုတော့ နှစ်ကာလများ စာအုပ်တိုက်ကနေ ထုတ်ေ၀တာဖြစ်ပြီး စာအုပ်တန်ဖိုးကတော့ ၃၅၀၀ ကျပ် ဖြစ်ပါတယ်။
ဆရာမ ယမင်းမြတ်အေးဟာ သတင်းအယ်ဒီတာတစ်ဦးဖြစ်ကာ အခု စာအုပ်ဟာလည်း စိတ်ကူးယဉ်ဖန်တီးရေးသားထားတဲ့ ၀တၳုတစ်ပုဒ် သက်သက်သာ မဟုတ်ပဲ လက်ရှိကာလမှာ အခြေခံလူတန်းစားတွေ ကြုံတွေ့ရင်ဆိုင်နေရတဲ့ ဘ၀အဖြစ်အပျက်တွေ၊ သတင်းအချက်အလက် တွေကို အခြေခံကာ ရေးသားထားတဲ့ ၀တၳုတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ မိသားစု အတွက် ရေခြားမြေခြား တိုင်းတစ်ပါးမှာ အလုပ်လုပ်ရင်း ငွေရှာမယ်ဆိုတဲ့ အိပ်မက်ချိုချိုတွေနဲ့ အမေ့အိမ်ကို ကျောခိုင်းခဲ့တဲ့ လူငယ်တွေရဲ့ ဘ၀ခါးခါးတွေ၊ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံရင်း ဒီမိုကရေစီ တိုင်းပြည်ကြီး ဖြစ်ပေါ်လာဖို့ အိပ်မက်ချိုချိုမက်ခဲ့သူတွေ ရင်ဆိုင်ဖြတ်သန်းရတဲ့ ဘ၀ခါးခါးတွေ စတာတွေဟာ ပြင်ပဘ၀မှာ ကြုံတွေ့ဖြတ်သန်းနေရဆဲပဲ ဖြစ်ပါတယ်။
ယမင်းမြတ်အေး
အိပ်မက်ချိုချိုဘဝခါးခါး
ဝတၴုရှည်မှကောက်နှုတ်ချက်"စာညွှန်း"
တစ်နေ့ကမောင်နှမနှစ်ယောက်အင်္ဂလိပ်စာကျက်ကြသည်။ပြီးတော့တစ်ယောက်နှင့်တစ်ယောက်အပြန်အလှန်မေးခွန်းထုတ်ကြသည်။
မင်းမင်းကညီမဖြစ်သူမီမီသော်ကို
'What is your name?
ဟုမေးလိုက်သောအခါ
မီမီသော်က'My name is Mi Mi Taw'ဟုပြန်ပြောသည်။
နောက်တစ်ကြိမ်မင်းမင်းက'What is your nationality?ဟုမေးပြန်သည်။
ဤတွင်မီမီသော်က'I am Thai'ဟုပြန်ပြောသည်။
ထို့နောက်အစ်ကိုဖြစ်သူကိုပြန်မေးသည်။
မင်းမင်းကို
'What is your name?ဟုမေးတော့
သားကြီးမင်းမင်းက'My name is Min Min'ဟုမင်းမင်းကပြန်ဖြေသည်။
What is your nationality?ဟုမေးတော့
သားကြီးမင်းမင်းက'မေမေသားကဘာလူမျိုးလဲ?'ဟုခင်ခင်ဆွေကိုလှမ်းမေးသည်။
ခင်ခင်ဆွေက'သားကမြန်လူမျိုးလေ။အမေတို့ကထိုင်းမှာခဏလာနေတာ။အချိန်တန်ရင်ပြန်မှာပေါ့။ဒီတော့မြန်မာလို့ပဲဲဖြေပေါ့သားရဲ့'ဟုပြောတော့အငယ်မမီမီသော်က==-)---)=-=
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048