Book Image

လုပ်ဇာတ်များ

ရှိန်ဝါ

ရှိန်ဝါ - လုပ်ဇာတ်များ

 ဖုန်း-09404400649 
တအုပ် ၃၀၀၀ ကျပ် ပါ
နှင်းဆီဖြူ စာပေအနုပညာ


ရှိန်ဝါရဲ့လုပ်ဇာတ် ( wahwritings ) ဖတ် ဖြစ် ခဲ့တယ်။

စိတ်အသံကြားလိုက်ရတယ်လို့ကိုထွန်းဇော်ဌေးက ပြောတယ်။
ကိုဆူးရစ်နွယ်က ကဗျာနံ့မစင်တဲ့အက်ဆေးပေါက်စနလေးလို့မှတ်ချက်ပေးတယ်။ကိုဆူးရစ်နွယ်ရဲ့မှတ်ချက်က ဇာတ်ကြောင်း နှင်. ပုံ သဏ္ဍန် ကို ကြည့်မှတ် ချက် ပြုပုံရတယ်။ ဒီနေရာမှာ ပုံ သဏ္ဍန် တွေ ဒီ လို စကားပြေ ဆန် ဆန် အရေးအသားထက် ကဗျာနံ့ မစင်တာ ဘာကြောင့်လဲ။ ရှိန် ဝါ ကလောင်နဲ့ အလွင့်၊ ချိုမိုင် မိုင် ၊ ခြောက် ကောင် ဂျင် ၊ ဝါယော Menu ကဗျာလုံးချင်းအပြင် တွေ့မြင် လိုလျှင် သေးငယ်ပါ လို တကြောင်း ကဗျာ တွေ ရေး တော့ wahwritingsတွေ အပေါ် လုပ်ထားတဲ့ ပုံ သဏ္ဍန် ကို လေ့လာ ဖတ် မှတ်လို ချင် စိတ် ကို နှိုး ပေးလိုက် တဲ့ မှတ် ချက် ဖြစ်တဲ့ အတွက် ကျနော် သူတို့ကိုကျေးဇူးအထူးတင် ပါတယ်။ လုပ်ဇာတ် (သို့ ) wahwritings မျိုး တူ အခေါ် အဝေါ်တွေ ဒီ မှာ ချ ရေး လိုက်တယ်။
Anecdotes, Aphorisms, Briefs, Brief Essays , Casos, Crontics/ Chronicas, Denkbilder, Espresso Stories , Feuilletons, Ficciones, Relamagos , Figures , Flash Fiction , Fragments, Greguerias , Hint Fiction , Kurzprosa , Maxims , Microstories / Microcurentos, Monostichs , Nanofiction , Napkin Stories , Notes , Paragraphs, Pensees/ Pensieri , Prose Poems , Quick Fiction , Sentences , Shorts , Short - Short Stories , Situations , Sketches , Sudden Fictions , Tableaus , Transmutations , Tropisms, Utterances , Very Short Stories. စသဖြင့်နာမည်မျိုးစုံ ခေါ် ကြတယ်။

ဒီလိုကဗျာနံ့ မစင် တဲ့ အရေးအသား တွေမှာ စကားပြေ လို ရေးပြီး ကဗျာ လို အတွေး ၊ ခံစားမှု ကို ပေးတတ် တယ်လို့ အများ စုက သတ်မှတ် တယ်။ စကားပြေလို ရေးတဲ့နေရာ မှာစကားလုံး ၁၂၅၀ အတွင်းလို.တောင် အနောက်တိုင်း စာပေ ပညာရှင်တွေ က ကန့်သန့်ပေးတယ်။ အရှေ့ ကို ရှောက်ရင် Sei Shonagon's Ths pillow book ၊ Yasunari kawabata's palm-of -the -hand stories ကို ဆရာ မြင့်သန်း ကလက်တစ် ဖဝါးစာ အတို များ ဘာသာပြန် ထားတယ် ထင်တယ်။
ဒီအရေးအသား၊ အမျိုးအစားအားလုံးကို ၄ မျိုး ချုံပြီး အဆိုတင်သွင်း ခဲ့သူကတော့ကိုလံဗီယာ တက္ကသိုလ် အနုပညာကျောင်းက ဖန်တီးစာ ရေးသားခြင်း ကိုပို.ချ သူပါမောက္ခ အလန် ဇီဂလာ ဘဲ။

The Prose Poem
The Short- Short Story
The Brief Essay
The Fragment လို့ ဆိုတယ်။

The Prose Poemအရေးအသားလက္ခဏာ ရပ်တွေ ဖြစ် တဲ့ လိုင်းရစ် ကဗျာတွေ မှာ သုံးထားတဲ့ မီတာ ၊ နာရီ တွေ လိုင်း ၊ ကဗျာ အပိုဒ် တွေ မရှိ ပေမည့် စာဟောဆရာဆန်ဆန် ၊ သတင်းသမားဆန်ဆန် ၊ အတိုင်အဖေါက် စကားပြောဟန် တွေ နဲ့ အရေးအသားမျိုး ကို တော့ ရှိ နေ တယ် လို့ ဂျွန် အက်ရ်ှဘရီ သတ် မှတ် ပြန် တယ်။ ထပ်တလဲလဲ ကျောကျော့ ဖတ် ခြင် လာအောင် ဖန်တီးစာတစ်မျိုးလို့ ချားလ် စီမစ် က အရည် အသွေး ဆိုင်ရာသတ်မှတ် ချက် ပေး သလိုဖတ်နေ ကြည့်နေတဲ့ စိတ်အာရုံ နဲ့စက္ခု အာရုံတွေ ရှေ့ဖတ် လိုက်၊ နောက် ပြန် ဆွဲ လိုက်ဖြစ်အာင် ဆွဲ ဆောင် စေတဲ့ အရေး အသားမျိုး သာ စကားပြေ ကဗျာကောင်း အင်္ဂါ တရပ် လို့နော်မီ ရှိဟက် နိုင်းက တံဆိပ် ကပ်တယ်။ရှိန်ဝါ ရဲ့တံခါးများ" ဆိုတဲ့ အရေးအသားမှာအားလုံးကို တပြေးတည်းအုပ်မိုးချင်ယောင်ကောင်းကင် အောက်မှာ လှိုင်သာယာ အပ်ချုပ်သမားလေးတွေ ဘဝ၊ အဆောင် နေ မိန်းခလေးအားလုံးရဲ.ကျောက်ပြင် တစ်ချပ် ဆက် နွယ်မှု ကနေ ဇာတ် ပြောသူရဲ့လူမှု ဘဝ ၊ သူနဲ့ဆက်နွယ် နေတဲ့လူနေမှု အဆင့်အတန်း၊ကျနော်တို့ Selifiဆွဲတိုင်းနောက် ကျော လုံ ခဲ့ရသလား ဆိုတဲ့ မေးခွန်းတွေ မရပ်မနား ကြားနေရတယ်။ ဒီ အရေးအသားတွေကတဆင့်စိတ် လှုပ် ရှား စရာ ကောင်တဲ့ မြင်ကွင်းတွေ၊ ကားကူး ကားဆက် ကောင်းတဲ့ဇာတ်ဝင်ခန်း တွေ ကြည့်နေရသလို တရိပ် ရိပ် ဇာတ်ရှိန် တက် အောင် အကွက် သဏ္ဍန် ဖန်တီးနှိုင်တဲ့ အရေးအသား တစ်ခု ဖြစ် သော တံခါးများကနေ့ တဆင့် ဇာတ်ပြောသူ ရဲ့ညီ မလေး အဝတ်လဲ ခန်း ကို မျှော်လင့်ရင်း ရှင်သန်နေတဲ့မေတ္တာတရား လောကပါလတရားတွေကို တန်ဘိုး တခု တပ်မက် နေတာ ကိုပါ ပြ လိုက်တာဘဲ။ စကားပြေ လို ရေးပြီး ကဗျာ တပုဒ် လို လှပနေပြန်တယ်။ ဖတ်သူ မျက် လုံးတွေ ရှေ့ နောက် လွန်းထိုးဖတ်နေရတယ်။
"ငါ့မှာ ခြေသလုံးမွှေးတွေ စပေါက်လာတော့ ညီမလေးက တော်တော်ကြည့်မရ ဖြစ်နေပုံပဲ။ ခဏခဏ လာဆွဲနှုတ်တယ် ပါးစပ်ကလည်း အဲဒါကြီးတွေ ရိတ်ပစ်လိုက်စမ်းပါလို့ ခဏခဏပြောတယ်။ မရဘူး ညီမလေးရဲ့ ပြန်ပေါက်လာပြီး ပိုပွားလာမှာလို့ ငါပြန်ပြောလိုက်တယ်။ အဖေနဲ့ အမေက ငါတို့ကို ပြုံးပြီး ကြည့်နေကြတယ်။ အဖေနဲ့အမေက သွေးသားမတော်စပ်ပေမယ့် သူတို့က မွေးလိုက်တဲ့ငါတို့ကျ သွေးသားတော်စပ်တာပေါ့၊ 
တည သူငယ်ချင်းတွေ အဆင့်မြင့်ဘားတခုမှာ အရက်သောက်ကြရင်း စကားနိုင်လုကြတာ။ မင်းတို့ အရက်ကို လျက်ဆားနဲ့ မြည်းဖူးသလားကနေစတာ။ အဲဒါဆို သကြားလုံးတလုံးတည်းကို လူငါးယောက်လောက် တယောက်တလှည့်ဆီ စုပ်ပြီး မြည်းဖူးသလားတို့၊ အဖွားရဲ့အခေါင်းဘေးက မာဂေါက်ဂက်ထမင်းတွေနဲ့ မြည်းဖူးသလားတို့နဲ့ ပိုပိုရှုပ်လာတယ်။ နောက်ဆုံး တယောက်က မင်းတို့ ကိုယ့်စအိုဝကိုယ်ကိုယ် လက်နဲ့နှိုက်မြည်းဖူးသလားဆိုတော့မှပဲ ဇာတ်လမ်းပြတ်တော့တယ်။ အမှောင်ကို အမှောင်မှန်းသိလိုက်တဲ့အခါ အဲဒီညက တော်တော်နဲ့ မိုးမလင်းတော့ဘူး။ 
လှိုင်သာယာက အထည်ချုပ်စက်ရုံတွေဖက်ရောက်တိုင်း အားလုံးကို တပြေးတည်း အုပ်မိုးချင်ယောင်ဆောင်တတ်တဲ့ ကောင်းကင်ကို ငါ ကျိန်ဆဲမိတယ်။ မိန်းကလေးအဆောင် တဆောင်လုံးမှာ ကျောက်ပျဉ်တခုပဲရှိတယ်။ အားလုံးက ဝိုင်းလိမ်းကြတဲ့ သနပ်ခါးတုံးလေးဟာ အားလုံးကို ငါကပဲ လှစေ မွှေးစေတာဆိုပြီး မာန်တက်နေရင်းနဲ့ပဲ အလျင်အမြန် သက်တမ်းကုန်သွားရှာတယ်။ ရောက်ရာအရပ်မှာ selfie ဆွဲတဲ့အခါ ကိုယ့်နောက်ကျောကအရာတွေပါ ပါပါလာတာကို မငြင်းနိုင်ဘူး။ 
ညီမလေးအဝတ်လဲနေတဲ့အခန်းထဲကို ငါ ဝင်သွားလို့ မရတော့ဘူး။ ခန်းစီးကို လှပ်မကြည့်ပေမယ့်လည်း ခန်းစီးနောက်မှာ တခုခုရှိနေတာ သေချာတဲ့အတွက် သက်ပြင်းချခြင်းဟာ သိပ်လှတဲ့အရာဖြစ်ကြောင်း ငါ သိခဲ့ပါရဲ့။ "

စာပေဝေဖန်ရေးဆရာ မိုက်ကယ် ရစ်ဖက်တရီက ဆန်.ကျင်ဖက်ကစကားလုံးတွေတွဲစပ်တဲ. (Cruel Kindness , Living death --- ) စကားပြေကဗျာ ( prose poetry ) အရေးအသားပုံစံလို.ဆိုတယ်။

အော်ဇီမောရွန် ( Greek :oxymoron ) အရေးအဖွဲ.မျိုး လည်း ဖြစ်တယ်။ ဒီ စကားလုံးက ဂရိစကားက ဆင်းသက်လာတယ်။ဒရမ်မာဆန်ဆန်ဇာတ်အိမ် တွေခင်းတယ်။စာဖတ်သူကို ဇာတ်လမ်းတွေပေါ်စီးမျော လိုက်ပါစေသလို တဖက်မှာခေါင်းနားပန်ကြီးအောင် တအံ.တသြစဉ်းစားရတယ်။ တပြိုင်နက်ထဲဟာဒယနှစ်လုံးရွှင်ပြုံးရစေတဲ.အရေးအသားလို.ဆိုတယ်။ wahwritings ထဲက အကောင်း ဆုံး ဥပမာ ပေးရရင် 
" အ မြွှာ" နဲ့ "ကမရာ ထွိတ်" တို့ကိုဖတ်ကြည်.ဘို.တိုက်တွန်းခြင်တယ်။ 
ဆရာ အောင်းသင်းပြောသလို "ရယ်မောစရာ " ဆိုတာ ရယ်ပြီး မောစရာ လာပါ လိမ့် မယ်ကြည့်နေကြ" ဆိုသလို ဘဲ သူတို. စကားပြေ ကဗျာ တွေ ဖတ် ရတာ ရယ်စရာနောက်ကွယ်ကမော စရာတွေပါခင်ဗျားရလာမှာဘဲ။ 
“နာဂစ်တုန်းက သေသွားတဲ့ အမြွှာညီအမကို တည ငါ အိပ်မက်မက်တယ်။ အိပ်မက်ထဲမှာ အဲဒီ အမြွှာညီအမနဲ့ ငါ လိင်ဆက်ဆံနေတာ။ အုတ်ဂူကို တံထွေး ထွေးရ မထွေးရ ငါ မသိပေမယ့် အိပ်မက်ထဲမှာတော့ ငါ ဘာမှ မတတ်နိုင်ဘူး။” -- စ ဖွင့် ကတည်းက နာဂစ် ရဲ့ ရက်စက်ကြမ်း ကြုတ်မှု တွေ အောက် က သာယာမှု ဖြစ်နေတဲ့ အမြွှာ ကဗျာ မှာ သက်ရှိ လူ ကို ဖြစ်စဉ် ပြ အဖွဲ့မျိုးဖြစ်သည်။ ဖြစ်စဉ် ပြ တွင် ရွှေ့ လျား မှု အချိန် ကာလ တွေ ပါ ဝင် နေခြင်း က အခရာ ဖြစ်နေတာဘဲ။ ၂၀၀၇ နာဂစ် မှတ်တမ်း အပြင် မိဘချင်း ဇာတ်လမ်း နဲ့သမီး ၊သားအ မြွှာ နှင်.အတူ အချိန် ရွှေ့ လျှား မှု အထုပ္ပတ္တိ ကိုပါ အရေး အသား ဖေါ်ထုတ်မှုနှင်.စ လိုက်တယ်။ ၂၀၀၇ ခု က လူပေါင်း များစွာ ဆုံးရှုံး ခဲ့ မှု ရဲ့ အနိ ဋ္ဌာ ရုံ တွေ၊ဒီအဖြစ်အပျက်နောက်ဆက်ပါလာတဲ.အာဏာပိုင်တွေရဲ. မကောင်းနံ့ကိုပါ စာဖတ် သူ ငြင်းဆန် ဘို့ ခက်အောင် အသက်ရှု မှား အောင် ရက်စက် မှု နဲ့ ကို ငြင်းဆန်ရ ခက်ခဲသော်ငြား လိင် သာယာ တပ်မက်မှု ကိုပါ (ဘယ်တဖက် သာယာမှု ကို ယူ ညာတဖက် ရက်စက် ကြမ်းကြုတ်တာ တွေ) ပေး သလို တပြိုင်နက် ခံစားမှု ကို ဖြစ်စေတယ်။

The Short -Short Story မှာ အရေးအသားက အထူးတို တောင်းတယ်။ ဇတ် ကြောင်းပြော ကိုသုံးတယ်။ ရေး ဖွဲ့နေကျ ဝတ္ထုတိုတွေလို ဇတ်အိမ် မပါဘူး၊ ဇာတ်ကောင် ဖွံ့ဖြိုး စရာ မလိုတဲ့ အရေးအသားတခုဖြစ်တယ်။ ဇာတ်ပြောစတာနဲ့ထွက်တာ အတူ တူလောက်ထိ တိုတောင်း တယ်။Augusto Monterroso's The Dinosaur လို အရေးအသားတွေ ဖြစ်တယ်။ " When he awoke ,the dinosaur was still there" သူ နိုးလာခဲ့တဲ့ အချိန် ဒိုင်နိုဆော အဲဒဲ မှာ ရှိ နေဆဲ။ အက္ခရာရှစ် လုံးနဲ့ တည်ဆောက် ထားတယ်။ အဖြစ် အပျက် ဇာတ်ကြောင်း တိတိကျကျ သရုပ် ဖေါ်ရေးသားတာမရှိ သောလည်း ဘဝ တစ်ခု အပြောင်း အလဲ တခု အဲဒီ နေရာအချိန်မှာ ဖြစ်ခဲ့တာကို ညွှန်း ကြောင်း ဒီ အက္ခရာ များက ပြောပြနေတယ်။ ဆရာ အောင်ချိမ့်ရဲ့" ညနေ ၃ နာရီလောက်မှာ ကဗျာတစ်ပုဒ် ရရင် ကောင်းမှာဘဲ။ " နဲ့ကို ရှိန်ဝါ ရဲ့ " အလှုခံ ဖလားထဲ ဗန် ဂိုး လို နားရွက် တဖက် ဖြတ်လှု ခဲ့။ လုံလောက်သော အချက်အလက်မရှိလင့်ကစား ၃ နာရီ ဖေါ် ပြချက်နဲ့ ကဗျာဆရာဦး အောင်ချိမ့် ဖြစ်တည် မှု၊ ကဗျာ အပေါ် တသက် လုံး မြှပ် ထားခဲ့တဲ့ အချိန်တွေရဲ့ ဖြစ်စဉ် တွေ ကိုပါ ထဉ့်စဉ်းစား မှ ပြည့်စုံ မှာ ဖြစ် သလို နေရာတကာ အလှုခံ ဖလား တွေ ထဲ ကဗျာဆရာ တယောက်ရဲ့ လှု စရာ ခြူးတစ် ပြား အစား ဗန်ဂုံး နားရွက် လိုရှိ တဲ့ အင်္ဂါ ပစ္စည်း ကို ဥပစာ လုပ် လိုက်တဲ့ ရှိန်ဝါ ကို နား လည်ပေးရုံ မှ တပါး အခြားဘာများရှိ နေပါသေးသလဲ။

The Brief Essay အမျိုးအစား က ကိုယ်တွေ့ ဘဝအတွေ့အကြုံ ၊ လေ့လာချက် နဲ့ လောက အမြင် တွေကို ဖေါ်ထုတ်တဲ့ အရေးအသားမျိုး ဖြစ်တယ်။ ဒီ လို ဖေါ်ထုတ်ရာ မှာ ပထမ ဇာတ် ကြောင်း ပြောသူ ထောင့်က ခိုင်ခိုင်မာမာတည်ဆောက် ပြ တယ်။ဖန်တီး သူက သူ ရဲ့လောက အမြင် အတွေ့အကြုံ တွေကတဆင့် သူ လက်ခံ ထားတဲ့ အမှန်တရား တခုဖြစ် ကြောင်း စာဖတ် သူကို ရွှေ နားတော်သွင်းဘို.ကြိုးစားတဲ. အရေးအသားမျိုးထိတွေ့ရတတ်တယ် ။ warwritings ထဲ က "နောက်ကျ" ကို ဥပမာပေး ဖတ်ကြည့်စေချင်တယ်။

“သူငယ်တန်းကနေ မဟာဘွဲ့ရတဲ့အထိ အမြဲတမ်း ကျောင်းအပ်နောက်ကျတယ်။ ငွေရေးကြေးရေးကြောင့် နောက်ကျတာများပေမယ့် တခြားနောက်ကျဖို့အကြောင်းတွေကလည်း တခုမဟုတ် တခုပေါ်ပေါ်လာတတ်တယ်။ အခြေခံညာအဆင့်မှာ ကျောင်းတက်နောက်ကျဖူးမှ နောက်ကျရခြင်းရဲ့ ဆိုးကျိုးကို သိမှာ။ အဲဒီအတွက်လည်း ဝမ်းနည်းခဲ့ရတာ အကြိမ်ကြိမ်ပဲ။ ဆယ်တန်းအောင်စာရင်းတောင် ထွက်တဲ့ညနေမှ ပုသိမ်ကို သင်္ဘောကပ်လို့ ညနေမှ သိရတယ်။ တက္ကသိုလ်ရောက်တော့ သိပ်မတုန်လှုပ်တော့ဘူး။ စရိတ်သက်သာအောင် ကိုယ့်သဘောနဲ့ကိုယ်တောင် နောက်ကျနေလိုက်သေး။ အဲဒီခေတ်က မျိုးကျော့မြိုင်ရဲ့ တမိနစ်နောက်ကျသီချင်းကလည်း အရမ်းခေတ်စားခဲ့တာ။ ကိုယ်ကတော့ သူ့လို အရာရာ နောက်မကျပေမယ့် လူကဲခတ်ညံ့လို့ လူတွေအကြော နောက်ကျမှသိရတာကိုတော့ စိတ်မကောင်းအဖြစ်ဆုံးပဲ။------- 

နောက်ကျတဲ့ ပုဂ္ဂလ ဓိဌာန်ကနေ အတွေ့အကြုံအကျိုးဆက် တွေ တည်ဆောက် ပြ တယ်။ အတွေ့အကြုံနောက်ကျ ခြင်းတွေ ကနေ ဖန်တီးသူ နဲ့ ဆက်စပ်နေတဲ့ ပတ်ဝန်းကျင်က နောက်ကျ ခြင်းတွေကြောင့်ရလာတဲ့ အတွေ့အကြုံ၊တန်ဘိုး တွေ ဟာ အကောင်း အဆိုးတွေ မတူ ညီ ကြတာ ကို ပြောတယ်။ တုန့် ပြန် မှုတွေ၊ ခံစား၊ နားလည်မှုတွေ ဒီဂရီ ကွာ တဲ့ အကြောင်း နောက်ကျ ခြင်းက ဆက်စပ် အသိတွေပြောတယ်၊ နောက်ကျ ( အချိန်)ရဲ့ နှိုင်းရ သဘောနဲ့အတူ လောက ရဲ့ ဖြစ်ခြင်း အလေ့အထ၊ လောက ဓမ္မတာ အဖြစ် တည်ဆောက် ပြတယ်။
နောက် ထပ်ထင်ရှားတဲ့ အရေးအသားတခု ကတော့ ဝေါတာ ဘင်ဂျမင်ရဲ့ The Brief Essay တခု ကိုဆက် လေ့လာဖို့ ဖြစ်တယ်။
"Work on good prose has three steps: a musical stage when it is composed, an architectonic one when it is built, and a textile one when it is woven." ( Walter Benjamin )
" စကားပြေ ကောင်းတခု ဖန်တီးတဲ့အခါ တိုင်း သုံး ချက် ရှိ တယ်။ သာယာဖွယ် တေးဂီတ သံ နဲ့တည်ဆောက် တာ၊ ဗိသုကာ အနု ပညာနဲ့ ဖန်တီး ထားတာ အပြင် ချည် နဲ့ ယှက် နွယ် ယက် ဖောက် ထားခြင်း " လို့ ဝေါတာ ဘင် ဂျမင် က စကားပြေ တခု ဖန်တီး ဘို့ အချက် ၃ ချက် ရှိ ကြောင့်အဆို ပြု ချက် တင်သွင်း ထားတာဘဲ။ ဒါ ဘင်ဂျမင် လက်ခံ ထားတဲ့ စကားပြေကောင်း လက္ခ တရပ်၊ သူ့ လေ့ လာချက် ကနေ အမှန် တရားပါ ဆိုတာကို နားဖေါက် ပေးနေတာဘဲ။ ဒီ လို အရေးအသားမျိုးတွေကို The Brief Essay လို ဝိဂြိုလ် ပြုတယ်။

The Fragment အမျိုးအစားက စာဖတ်သူ အတွက် အမြဲ ဆွဲဆောင် စေတဲ့ အရေးအသားတခု မဟုတ်ဘူး လို့ဆို တယ်။ သဘောင်္ ပျက် ကြီးတခု က နေ လွှင့်ထုတ်ပေး လိုက်တဲ့ သံ တိုသံ စတွေ လိုဘဲ ဖန်တီးသူ ရဲ့ အာရုံ ငါး ပါး က လက် ခံ သိမြင် ထားတဲ့ အရာတွေ ကို စာပေအရေးအသားတခု အဖြစ် တင်ပြ နေခြင်းမျိုး ဖြစ်တယ် ။ ပုံ တို ပတ်စ၊ အဆို အမိန့်၊ နီတိ ဆန် ဆန် ၊ဆိုရိုး စကားတွေ ကို ဆက်စပ် ဖန် တီး ထားတာမျိုးတွေ ဖြစ်တဲ့ အတွက် အများ လက္ခံ ထားတဲ့ နီတိ တွေ ကနေ ပုဂ္ဂလ ဓိဌာန် အသိ ၊ခံစားမှု တခု အဖြစ် စီးကြောင်း သွယ်တန်းပေးတဲ့အရေး အသားဖြစ် တဲ့အတွက် ဖန်တီးသူ အချို့က တော့The Fragment နည်း ကို တစိုက်မတ် မတ် ရေးသားဖေါ်ထုတ်တယ်။ ဂါထရူးစတိန်း နဲ့ အီး အက်မန် စီ ရန် တို့ ဟာ The Fragment အရေးအသားမျိုးခံတွင်း တွေ့ သူများ အဖြစ် စာပေ မှတ်တမ်း တင်ခံရသူ များဖြစ်တယ်။စီရန် ကသူ ကိုယ်သူ “a fragnent man” လို့တောင် နာမည် ခံယူခဲ့တယ်။ အီးအမန် စီရန် ဟာ တခု နဲ့တခု ဆန့်ကျင် နေတဲ့ဆိုရိုး စကားတွေ လှ ပအောင် ပေါင်းစည်း ပေးနှိုင်တဲ့ ဖန်တီးမှု ကဝေ လို့ ချားလ် စီမစ် က သူ့ မှတ်စု မှာ ရေးခဲ့တယ်။ ကဲသူတို.ဘယ်လိုဖန်တီးခဲ.ကြသလဲ။
ဂါထရူးစတိန်း ရဲ့ အရေးအသား ကို ဖတ်ကြည့်စေချင်တယ်။ 
“အတွင်းခံ စကတ်”တဲ့-
"အ ဖြူ ရောင် ဖျော့ဖျော့၊ ရှက်ဖွယ် လိလိ ၊ မှင် စွန်း၊ နှင်းဆီကျက်သရေ၊"
(A Petticoat; A light white, a disgrace , an ink spot , a rosy charm.) 
အီးအမန်စီရန်ရဲ.အရေးအသားတခုဖြစ်တဲ.
“ငါဘ၀ရဲ. အဆင်ပြေပြေဖြစ်ရေးလျှို.ဝှက်ချက်တခုလား၊ ငါ.အ၀တ်အစားတွေ လဲလိုက်သလို စိတ်ပျက်စရာတွေလည်းဆေးကြောလိုက်ပြီ။”
ရှိန်ဝါ ရဲ့ " ချွေးနံ့ ပျောက်ဆေး" အရေးအသားမှာ
ပထမ အပိုဒ်မှာ ဝိုင်အိုလက်ပေါင်ဒါကို အကြောင်းရေးဖွဲ.တယ်။မွှေးတယ်။မွှေးတာနဲ.ဆန်.ကျင်ဘက်နံတာနဲ.ဆက်စပ်ပြတယ်။ သူငယ်ချင်းအသုဘကိုအနံ.နဲ.သတိရကြောင်းရေးတယ်။ ကျောင်းသား ဘ၀သင်ခဲ.ရတဲ.ရေမွန်ကာဗာ ဝတ္ထုတို နဲ.ပြန်ချိတ်ထားတယ်။ The Fragment တွေချိတ်ဆက် အဘဆုံးတဲ.အကြောင်း ကိုချွေးနံ.အဆက်အစပ်က နေ အမွှေးနံ.ကို ရှာဖွေ ဖို.အားထုတ်ထားတာတွေးဆယူစရာဖြစ်လာတယ်။ ကျွန်တော် တို.အပေါ်မှာခြေရာကောက်ခဲ.တဲ.အတိုင်း ရှိန်ဝါရဲ.စိတ်အသံတွေ ကို စကားပြေကဗျာ ပုံ သဏ္ဍန်တခု ကို တည်ပြီးလုပ်ဇာတ်ကို ကောင်းကောင်းခင်းကျင်းပြသနှိုင်ခဲ.တယ်လို.ဆိုချင်တယ်။ ဒါအပြင်
 အလန်ဇီဂလာရဲ. အနှစ်ချုပ် လေးမျိုး နဲ.wahwritings ကိုချိန်ထိုး လေ.လာမှုအရ စကားပြေကဗျာပုံ သဏ္ဍန်ကိုကိုရှိန်ဝါနှစ်သက် နေတာတွေ.ရတယ်။တချို.အပုဒ်တွေတိုတို တုတ်တုတ် နှင်.တချို.ရှည်ရှည် ဖတ်ရတယ်။ အရေးအသားတွေက တဆင်.လိုအပ်ရင် ဟွန်းတီးသံကြားရသလို ဂီတသံလည်းကြားရတယ်။ စကားပြေကဗျာတပုဒ်အတွင်းမှာကိုအနီးနဲ.အဝေး၊ဆူရီယာယ်နဲ.ပကတိဖြစ်မှု၊စကားပြေဆန်နေရင်းကနေကဗျာမြောက်နေမှု၊ဖန်တီးသူ ကိုယ်တိုင်နဲ.ဇာတ်ကောင်ဖြစ်မှုတွေပါ တွေ.ရှိရတယ်။

၁) စကားပြေ ကဗျာဆိုတာ စကားပြေ တပုဒ်အတွင်းက ထုတ်နှုတ်ထားတဲ.အပိုင်းမဟုတ်။
၂) ကဗျာဆန်ဆန်ရေးထားတဲ.စကားပြေကဗျာလည်းမဟုတ်
၃)စကားပြေ ၊ ကဗျာ လို ရေးထားတာကိုလည်း စကားပြေကဗျာ မဟုတ်သလို wahwritings ( သို.) ရှိန်ဝါရဲ.လုပ်ဇာတ်များဟာ စကားပြေကဗျာစစ်စစ်များသာဖြစ်ကြောင်း စာဖတ်သူ သဘောတူ နှိုင်ကောင်းပါရဲ.။

စိုးမြင်.၀င်း

Ref: 1 ) Short edited by Alan Ziegler
       2 ) An Introduction to the prose poem edited by Brain Clements and Jamey Dunham
       3 ) Experimental Fiction by Julie Armstrong
       4 ) လုပ်ဇာတ်များ ( ရှိန်ဝါ )


Publisher Name: နှင်းဆီဖြူစာပေ

Publisher Address: အမှတ် ရ/၅ လွှာ၊ အောင်ဇေယျလမ်း၊ ကျောက်ကုန်၊ ရန်ကုန်မြိုနယ်၊ ရန်ကုန်မြို့။ hninnsiphyu.mm@gmail.com

Publisher Phone Number: 09252210197, 018551347


Related Books

Book Review Image

ကာမတဏှာ

ဦးနု
Book Review Image

လှပါတယ် မသီတာ

မောင်ဝဏ္ဏ
Book Review Image

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ယဉ်​မိုး

ခင်​သန္တာ
Book Review Image

ဆန်​​ပြောင်​းနီမိသားစု

တော်ကောင်းမင်း
Book Review Image

သူ​တော်​​ကောင်​းကြီး

သင်္ခါ
Book Review Image

ခွေးသေတစ်ခု အရင်းပြု

သင့်လူ
Book Review Image

မအိမ်​ကံ

ခင်ခင်ထူး
Book Review Image

ပန်းကြာဝတ်မှုန်

ခင်ခင်ထူး
Book Review Image

ခုနှစ်​စဉ်​အလွမ်​း

မင်းလူ
Book Review Image

သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ

ဂျူး
Book Review Image

အမှတ်တရ

ဂျူး
Book Review Image

ရန်ကုန်၏ နောက်ဆုံးနေ့များ

မိုးဆတ်
Book Review Image

အလွမ်းဆိုင်​

စံပယ်ဖြူနု
Book Review Image

ကံကောင်း

မြသန်းတင့်
Book Review Image

​ရွှေတိဂုံကိုမြင်လျင်

မိုးမိုး(အင်းလျား)
Book Review Image

ကမ္မဖလ

တင့်တယ်​
Book Review Image

အလှပဆုံးဒဏ်ရာ

မိုးသက်ဟန်
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဝေးလွင့်ကင်းကွာနှစ်တရာ

သင့်လူ
Book Review Image

အိပ်မက်ချိုချို ဘ၀ခါးခါး

ယမင်းမြတ်အေး
Book Review Image

မျက်​မမြင်​တိုင်​းပြည်​

သခင်​ဘ​သောင်း
Book Review Image

ခြေ​လေး​ချောင်​း​တော်​လှန်​​ရေး

သခင်​ဘ​သောင်း
Book Review Image

သက်တော်ရာကျော် ထပ်ကာရှည်စေသော်

သင့်လူ
Book Review Image

တကယ်မရှိသောနှစ်များ

အောင်ခင်မြင့်
Book Review Image

ငြိမ်းကိုရှက်ပါ

မိုးမိုး(အင်းလျား)
Book Review Image

ငါးဖမ်းသမား

မိုးကျော်ဇင်
Book Review Image

ပါလေရာအယ်နီ

စံပယ်ဖြူနု
Book Review Image

မူယော

ချောအိမာန် မန္တလေး
Book Review Image

သံယောဇဉ်အဖွဲ့

မင်းလူ
Book Review Image

ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ

မြေမှုန်လွင်
Book Review Image

ပန်းကျောင်း

မင်းလူ
Book Review Image

ရေသေအိုင်

လင်းခါး
Book Review Image

ကိုယ်တိုင်သိရှိသွားမှု

ဇဏ်ခီ
Book Review Image

ဆိုနာတာ

အောင်ခင်မြင့်
Book Review Image

ကျွန်တော့်ဝတ္ထုများထဲမှ ကျွန်တော့်ဇာတ်ဆောင်များ

သိန်းဖေမြင့်
Book Review Image

တင့်ဇော် စာအုပ်များ

တင့်ဇော်
Book Review Image

မသိန်းရှင်ဆီ ပို့ပေးပါ

နိုင်ဝင်းဆွေ
Book Review Image

အဝါရောင်လွင်ပြင်

အေးမင်းစော
Book Review Image

မျက်ရည်လောကများ၏ ဟိုမှာဘက်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဝတ္ထုတိုစဆုံး

မင်းလူ
Book Review Image

လွမ်းဧရာဝတီ

ဇော်ဇော်အောင်
Book Review Image

မဟာမြိုင်အုန်းပေါက်

ဇော်ဇော်အောင်
Book Review Image

လက်ဖက်ရည်ဆိုင်

မြသန်းတင့်
Book Review Image

မောင်၊ ကိုကိုနှင့် မြနန္ဒာ

ကြည်အေး
Book Review Image

လွမ်းတေးမဆုံးစေနဲ့စောသခင်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ရွာသူရဲ့အုတ်ခွက်စာ

သဲထူး
Book Review Image

ကြာဆစ်ကြိုး မဂ္ဂဇင်းဝတ္ထုရှည်

ခင်ခင်ထူး
Book Review Image

ဝတ်လဲတော်ရွှေပုဆိုးတန်းထိုးလို့ကြိုမယ်

ခင်ခင်ထူး
Book Review Image

မဟူရာ အကျဉ်းထောင်

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

မနက်ဖြန်မှပဲ ပြုံးတော့မယ်

သော်တာအေးလဲ့
Book Review Image

အောင်ဘာလေ

မင်းလူ
Book Review Image

နှစ်ဆယ့်ရှစ်နှစ် ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက်

နုနုရည်အင်းဝ
Book Review Image

နှစ်ဆယ်ရာစု ငြိမ်းငြိမ်းနု

စမ်းစမ်းနွဲ့(သာယာဝတီ)
Book Review Image

ကြွင်းကျန်ရစ်သော

အေးမင်းစော
Book Review Image

ပိုင်း

ဝင့်ပြုံးမြင့်
Book Review Image

တော်လှန်သောကျောင်းဆရာ

တင်ညွှန့်
Book Review Image

ပျောက်သောလမ်းမှာ စမ်းတဝါး

မိုးမိုး(အင်းလျား)
Book Review Image

Me Not (မီနော့တ်)

ဝင့်ပြုံးမြင့်
Book Review Image

Gender Line 2081

ဗြိတိသျှကိုကိုမောင်၊ခက်ဇော်
Book Review Image

နိဂုံးထဲက နိဒါန်း

မသီတာ(စမ်းချောင်း)
Book Review Image

ရေချိုတွင်း

ခင်နှင်းယု
Book Review Image

အရေးတော်ပုံ

ဌေးမောင်
Book Review Image

တိမ်တိုက်ကားချပ် ...အဝါ

စံပယ်ဖြူနု
Book Review Image

လူအုပ်ထဲက အထီးကျန်မှု

လင်းခါး
Book Review Image

ပြင်ဥက္ကာနွေဦး

ဗန်းမော်တင်အောင်
Book Review Image

နှင်းငွေ့တထောင့်မိုးတမှောင့်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

န_န_လ

လင်းဇင်ယော်
Book Review Image

ထောင်ဂျပိုး

မာန်(တောင်လုံးပြန်)
Book Review Image

ကိုယ်ဟာ လိပ်ပြာတစ်ကောင်ဖြစ်တယ်

မောင်ကိုကို အမရပူရ
Book Review Image

အင်းနားချိုင်း

Tim
Book Review Image

သုတေးစစ် ဖတ်ညွှန်းများစုစည်းမှု

သုတေးစစ်
Book Review Image

သူငယ်ချင်းတစ်ယောက်အကြောင်း

မင်းလူ
Book Review Image

မမ

မြသန်းတင့်
Book Review Image

The Guys of Rangoon 1930

ဗြိတိသျှကိုကိုမောင်၊ခက်ဇော်
Book Review Image

ဇီးကွက်ချောင်းတံတားပေါ်က အဝါရောင်ဝက်ဝံရုပ် အကျိုးအပဲ့လေး

ပါပီယွန်
Book Review Image

ရိုးမတိုက်ပွဲ

ဗန်းမော်တင်အောင်
Book Review Image

ရွာရန်ရာနှုန်း ၈၀

သော်တာအေးလဲ့
Book Review Image

ရှေးရှေးတုန်းက ကံ့ကော်ပွင့်တွေ

စံပယ်ဖြူနု
Book Review Image

စမ်းရေကြည်နု

လင်းခါး
Book Review Image

The Guys from Mandalay 1950s

ဗြိတိသျှကိုကိုမောင်၊ခက်ဇော်
Book Review Image

ကျားဖောင်

အာကာခေတ်ပိုင်
Book Review Image

ခေါင်းမော့လိုက်တော့ မင်း ခေါင်းငုံ့လိုက်တော့ သူ

နုနုရည်အင်းဝ
Book Review Image

အဖြူ

ဂျာနယ်ကျော်မမလေး
Book Review Image

တိမ်တွေ တောင်တွေနှင့် ခရီးသည်

လင်္ကာရည်ကျော်
Book Review Image

ငန်းကလေးရဲ့နှလုံးသား

လင်္ကာရည်ကျော်
Book Review Image

ပန်းဒေါင်း

လင်္ကာရည်ကျော်
Book Review Image

ကံ့ကော်

လင်္ကာရည်ကျော်
Book Review Image

ကြိုးကြာတောင်ပံခတ်သံ

လင်္ကာရည်ကျော်
Book Review Image

ပန်းမာန်

လင်္ကာရည်ကျော်
Book Review Image

ချစ်စရာ့အိမ်ကလေး

လင်္ကာရည်ကျော်
Book Review Image

နေဝင်အိပ်တန်းတက်

လင်္ကာရည်ကျော်
Book Review Image

တစ်ပွင့်ကျန်

လင်္ကာရည်ကျော်
Book Review Image

အိပ်မက်တစ်ဖက်ကမ်း ဝတ္ထုတိုများ

လင်္ကာရည်ကျော်
Book Review Image

ဖန်ပုလင်းထဲက အသည်းကွဲပုစဥ်းပျံ

လင်းခါး
Book Review Image

သောက်တော့ဒူးယား၊ ‌နေတော့ချုံကြား၊ ၀တ်တော့ မလေးရှား

နုနုရည်အင်းဝ
Book Review Image

ပိုချစ်ရတဲ့သူ ကိုယ်ပဲဖြစ်ပါစေ

ဂျူး
Book Review Image

ပင်လယ်ထဲကမြစ်

ငဒိန်း
Book Review Image

မြိုင်

ဗန်းမော်တင်အောင်
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၁ မှ ၁၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၁၁ မှ ၂၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၂၁ မှ ၃၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၃၁ မှ ၄၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၄၁ မှ ၅၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၅၁ မှ ၆၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၆၁ မှ ၇၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၇၁ မှ ၈၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၈၁ မှ ၉၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၉၁ မှ ၁၀၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၁၀၁ မှ ၁၁၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၁၁၁ မှ ၁၂၀ ထိ)

ကလောင်စုံ
Book Review Image

၂၀၂၁ခုနှစ်အတွင်း PyaeArKar ရေးသားခဲ့သောစာအုပ်အညွှန်းများထဲမှ ၁၀ အုပ် (၁၂၁ မှ ၁၂၅ ထိ)

ကလောင်စုံ
Book Review Image

ကျွန်မချစ်သော ကျွန်မသို့ ( စိတ်ဓာတ်ခွန်အားဖြည့် စာစုများ )

အခရာ
Book Review Image

ငြိမ်သက်ခြင်းနှင့်မကြုံကြိုက်လို

မောင်သာရ
Book Review Image

ထမီကျွတ်၍ လွှတ်လိုက်မည်

မောင်သာရ
Book Review Image

နာမကျန်းသည် အိုနှင်းဆီ

မိုးမိုး(အင်းလျား)
Book Review Image

ကားသမား

ကိုလေးမြတ်
Book Review Image

ဒေါင်းယာဥ််ပျံ ဘုံနဘေးမှာစာရေးလို့ထားချင်တယ်

နွမ်ဂျာသိုင်း
Book Review Image

ခပ်ညံ့ညံ့ပဲ ကောင်းပါတယ်

နွမ်ဂျာသိုင်း
Book Review Image

တစ်ခါတုန်းက တက္ကသိုလ်မှာ

နွမ်ဂျာသိုင်း
Book Review Image

တစ်ပင်တည်း ရင်ထဲက နွယ်

နွမ်ဂျာသိုင်း
Book Review Image

အမှောင်ရိပ်ဝယ်

မြသန်းတင့်
Book Review Image

လက်ဖက်ရည်ဆိုင်ထဲကအိမ်

မိုးကျော်ဇင်
Book Review Image

၁၉၈၉ - ၉၀

မိုးကျော်ဇင်
Book Review Image

အခန်းနံပတ် ၆

မိုးကျော်ဇင်
Book Review Image

စာရိပ်မြိုင်တိုက်ထုတ်စာအုပ်များနှင့်စာညွှန်းများ

ကလောင်စုံ