ဒီစာအုပ်ကလေးက
ခေါင်းစဉ် ၁၅ခုနဲ့ အကြောင်းအရာ တစ်မျိုးစီကို
အယ်နီနေရာက ရေးပြထားတာပါ။
ခေါင်းစဉ် တစ်ခုအောက်ရောက်သွားတိုင်းမှာပဲ
ကိုယ့်ငယ်ဘဝကို ပြန်ရောက်သလိုခံစားလိုက်ရ၊
ကိုယ်ငယ်ငယ်က အကြောင်းတွေကို ပြန်ပြောပြနေသလိုခံစားလိုက်ရနဲ့။
အချို့နေရာတွေမှာဆို ကိုယ်တွေတုန်းက မိုးပျံနေအောင်ဆော့ခဲ့ တာတွေ နဲ့ တိုက်ဆိုင်နေလွန်းလို့ အသံထွက်အောင်ရယ်မိတဲ့ အထိပါပဲ။
ငယ်ရွယ်ပြီး စူးစမ်း တတ်တဲ့ အရွယ်၊
ဖြူစင်တဲ့ ကလေးအတွေးလေးတွေကို "အယ်နီ "နေရာကနေ
ရေးသားပုံဖော်ပြထားတာဟာ ထိထိမိမိနဲ့
အကယ်ကို ကြည်နူးစရာ ချစ်စရာကောင်းလှပါတယ်။
ကိုယ်တွေငယ်ငယ်ကလဲ ဖြစ်ခဲ့ကြဖူးတယ်မလား။
တစ်ခါတလေကျောင်းတက်ရမှာပျင်းတာတို့၊ မုန့်စားချင်စိတ်များတာတို့၊
ဆေးထိုးခံမှာကြောက်တာတို့။
စာမကျက်ချင်တဲ့ အခါ စာမကျက်ရတဲ့ သတ္တဝါလေးတွေကြည့်ပြီး
အောင်နက်လေးလို အိပ်လိုက် စားလိုက်နေလိုက်ရရင် ကောင်းမှာပဲတို့၊???? ပူစီလေးဖြစ်ချင်တာတို့ဆိုတာတွေလေ။
ကလေးတိုင်းဖြစ်တတ်တဲ့ အကျင့်လေး၊အတွေးလေးတွေကို ရေးသားပြထားတဲ့
ဆရာမရဲ့ အရေးအသားကလောင်အစွမ်းကတော့ တကယ့်ကို အံမခမ်းပါပဲ။
အပူအပင်ကင်းခဲ့ရတဲ့ ကလေးဘဝကို
ခဏလေးပဲဖြစ်ဖြစ်ပြန်
ရောက်ချင်မိကြတာလူတိုင်းရဲ့ ဆန္ဒတစ်ခု။တကယ်ပါ။ဒီစာအုပ်ဖတ်လိုက်တာနဲ့ ကိုယ့်ရဲ့ ငယ်က ပုံရိပ်ကလေးတွေကိုပြန်လည်အမှတ်ရစေမှာပါ။ ပြီးတော့ကလေးဘဝကို
ပြန်လည်ရောက်ရှိသွားသလိုခံစားရမှာဖြစ်ပြီး
ဘဝအမောတွေ ပြေသွားစေမယ်ဆိုတာက
အသေအခြာပါပဲလို့။
နေရာတကာ စပ်စပ်စုစုပါတဲ့ သူတိုင်းကို
ပါလေရာငပိလို့ခေါ်ကြတယ်မလား။ ကိုယ်တွေ ငယ်ငယ်က လဲ နေရာတကာ ပါလွန်းလို့ အဲ့သလို အမြဲခေါ်ခံခဲ့ရတာပါပဲလေ????။
အခု" အယ်နီ "လို့ ခေါ်ကြတဲ့ ပါလေရာ ငပိမကလေးဟာ
တကယ်ကို စပ်စပ်စုစု နိုင်လှပါတယ်။
ပြီးတော့ သူနားမလည်တဲ့ လူကြီးစကားတွေကို
ကလေးအတွေးနဲ့ ပြန်ပြန် တွေးပုံလေးတွေဟာ
တကယ်ကို ချစ်စရာ ကောင်းလွန်းပါရဲ့။
ဒီစာအုပ်ထဲခေါင်းစဉ်လေးတွေကတော့
၁-ပါလေရာ အယ်နီ
၂-ရုပ်ရှင်ရုံမှာ
၃-လျှာထုတ်ခန်း
၄-ဦးဖိုးရင်နဲ့တူတူပုန်းတန်း
၅-မွေးစားသမီးဇာတ်လမ်း
၆-အန်ပေါင်းနှင့် မျောက်လေးကောင်
၇-ပန်းစိုက်တဲ့သူ
၇-ဦးဦးငါး အိမ်အလည်လာခြင်း
၉-ကန်သာယာ အိုင်ဒေါ
၁၀-အယ်နီ နဲ့ အီကြာကွေး
၁၁-ငွေငန်း ရွှေငန်း စိန်ငန်း
၁၂-ပျားဘုရင်မ နှင့် သူ၏ ဧည့်သည်များ
၁၃-ဦးဖိုးရင်ပျောက်ဆုံးခြင်း
၁၄-ကိုကိုလေး ရေကူးနေသည်
၁၅-ဟိုငရဲ ဒီငရဲ
အစရှိတာတွေ ပါပဲ။
ဒီအထဲမှာအကြိုက်ဆုံးနဲ့ သဘောအကျဆုံးကတော့
အန်ပေါင်းနှင့် မျောက်လေးကောင်????အဲ့ဒီ ထဲမှာတော့ အယ်နီတို့ ရပ်ကွက်ထဲကို အချိန်အခါမဟုတ် တချမ်းချမ်းတစ်ဒုန်းဒုန်းနဲ့ တရုတ်နဂါး က.သံကို ကြားရတယ်။
လက်ဖက်ရည်ဆိုင် ထိုင်တဲ့သူတွေရော
ရပ်ကွက်ထဲက လူတွေရော
စိတ်ဝင်စားစရာ ဖြစ်ကုန်ကြရောပေါ့။
မနေနိုင်လွန်းလို့ပြေးကြည့်ကြတော့မှ တရားခံကို တွေ့ရရော။ ဘယ်သူဖြစ်မလဲ
အယ်နီ၊ ကျော်ကျော်၊ဖိုးညီ၊တူးမာတို့သူငယ်ချင်းလေးယောက်ရယ်လေ။
တရုတ်ရိုးရာအကဖြစ်တဲ့ နဂါးအကကို ကကြတယ်တဲ့လေ။
သူတို့ ရဲ့ ပြင်ဆင်ထားပုံကို ကြည့်ကြပါအုံး ။
ကျော်ကျော်က သူ့အိမ်ကနေ ယူလာတဲ့ဆေးပုံးအဖြူရောင်ကြီးကို မှောက်ခုံလုပ်၊
ငွေရောင် လေးထောင့်နှစ်ပြားကို အလယ်ကပ်ပီးတီးလိုက်တော့ တကယ့်ဗုံသံနဲ့တူတယ်ဆိုပါလား????။
နောက်ထပ် ယူလာသေးတာက
စတီးအိုးဖုံးတစ်ခုနဲ့ဒန်စလောင်းဖုံးတစ်ခု။အဲ့ဒီနှစ်ခုကို တီးလိုက်ပြန်တော့.တကယ့်အသံတစ်ချမ်းချမ်းထွက်လာပြန်ရော။
ပြောသေးတယ်
....ဒါမျိုးအသံရအောင် မီးဖိုချောင်ထဲက... စလောင်းဖုံး တွေကို အကုန်စမ်းတီးပီးမှ
ရွေးယူလာရတာသိလား....။တော်သေး.....
လူကြီးတွေ မင်္ဂလာ ဆောင်သွားနေချိန်မို့ပေါ့....နို့မို့ဆို ဘယ်ရလိမ့် မလဲ....."တဲ့။
သူရဲကောင်းကြီး လို စွန့်စားရှာ ခဲ့ရကြောင်းပေါ့????။
နဂါး အဖြစ်ပုံဖော်ဖို့ အဝတ်စကိုတော့ ဖိုးညီ သူ့အမတွေ ရဲ့ အင်္ကျီ စထဲက ရှာလာပေးတယ်။ တူးမာကလဲ ကရဲတဲ့သူမဟုတ်ဆိုတော့
အယ်နီ အလှည့်ကျလေရော။
အယ်နီဟာ ကျော်ကျော်ရှာလာပေးတဲ့ အဝကျယ်ပြီး အောက်ဖျားကျဉ်းသွားတဲ့
တောင်းကို ခေါင်းစွပ်လိုက်တယ်။
နောက် အဝတ်စကို အုပ် လိုက်ပြီး
အိုးနင်းခွက်နင်း နဂါးအကကို.ကပါလေရော။
နဂါးအစစ်မြင်ရင်မူးမေ့လဲသွားမယ့်အကမျိုးဆိုပဲ????။
အရမ်းမိုက်တယ် က.သာက ဆိုတဲ့
သူငယ်ချင်းတွေကမြှောက်ပေးတော့
အတီးနဲ့ မလိုက် ခုန်ခုန်ပြီးတီးလိုက်
ကလိုက်ကြတာ သူတို့ကိုလူတွေ ဝိုင်းကြည့်နေတာကိုမသိဘူးဆိုပဲ။
ဒါတွေကိုဖတ်နေရင်းအယ်နီရဲ့ နဂါးအက ကိုပြန်ပြန်မြင်နေမိလို့
အသံထွက်တယ်အထိရီနေမိတော့တာပါပဲ။
ကံသာယာ အိုင်ဒေါ ထဲက
အဆိုပြိုင်ပွဲလုပ်ကြပုံကလဲ
အရမ်းသဘောကျမိပါရဲ့ပါပဲ
သူတို့ရဲ့ ဗုတ်ပေးကြပုံကလဲ စိတ်ဝင်စားစရာကိုးး။
အံမယ်..... မန်ကျဉ်းကိုင်းကို တူနောင်ခိုပြီး
တာဇံ..ကွ...လို့ အော်ပြီးဆော့ကြတဲ့နေရာဖတ်လိုက်ရတော့
ကိုယ့်ပုံကိုပြန်မြင်လိုက်ရတဲ့ အတိုင်းပဲ????။ကိုယ်ငယ်ငယ်တုန်းကလဲ လယ်တောက မန်ကျဉ်းပင်ကြီးမှာ အမုန်းခိုပြီး အော်ခဲ့ကြတာမို့လေ????။
ကဲပါလေ....
သဘောကျတာတွေ အကုန်ပြောပြနေရင်
တစ်အုပ်လုံးဖြစ်နေတော့မှာပါပဲ။
ဒီစာအုပ်ထဲမှာ ကလေးတွေရဲ့ စိတ်ကို နားလည်ပေးဖို့၊ စူးစမ်း တတ်တဲ့ စိတ်ကို နားလည်အောင်
ရှင်းပြပေးဖို့၊
အခြေမမြစ်မရှိတဲ့ စကားတွေနဲ့
ကြောက်အောင် မခြောက်လှန့်ကြဖို့(ဥပမာ. ဒေဝါကြီး ဘာညာ ပေါ့)၊
ကူညီ ချင်စိတ်ရှိတဲ့ သူတို့လေးတွေ ရဲ့ အခြေခံစိတ်ဓာတ်လေးတွေ ကို
ကြီးတဲ့အထိ အလေ့အကျင့်ရအောင်ပြုစုပျိုးထောင်ပေးတတ်ဖို့
အစရှိတဲ့ မှတ်သားစရာ အပြည့်နဲ့
စာအုပ်လေးကို ဖတ်ရှုရင်း
ဘဝအမောတွေ ကို ဖြေပျောက်စေနိုင်ကြပါကြောင်းး.........။
????#MoMo????