အလုပ်သင်ဆရာဝန်လေး "#ဒေါက်တာကျော်စွာ" စစ်ဘေးရှောင်ကလေးတွေနှင့်ကင်ဆာဝေဒနါသည်ကလေးတွေကို ပန်းချီ ဆွဲသင်ပေးနေတဲ့၊ကလေးတွေကိုချစ်တဲ့၊ မေတ္တာ ပြည့်ဝနေတေဲ့မျက်လုံးပိုင်ရှင် ပန်းချီဆရာမလေး"#ကံ့ကော်" မထင်မှတ်ဘဲ သူတို့နှစ်ယောက် ဆုံတွေ့မှု့ကနေ ကံ့ကော်ကို တဖက်သတ် ချစ်မိသွားပြီး... နေပြည်တော်မှာလုပ်တဲ့ ကံ့ကော်ရဲ့ပန်းချီပြပွဲကိုလိုက်သွားရင်း အဝေးပြေးကားမှောက်ပြီး သတိလစ်သွားတဲ့"ဒေါက်တာ ကျော်စွာ "..
သတိလစ်နေတုန်း သူရောက်သွားတဲ့..ရှေးရိုးဆန်ပြီးထူးခြားတဲ့ ကံကော်ရွာက ကလေးတွေကို စာသင်ပေးနေတဲ့ ကံကော်ရွာသူလေး"#မပန်းဆု"
ကံကော်မက်နေတဲ့အိမ်မက်တွေကရော...ကျော်စွာ နဲ့ကံကော် အိမ်မက်ထဲမှာ တွေ့နေကြတာလား....စိတ်ဝင်စားစရာ အပြည့်နဲ့ပါ...
စာအုပ်ဖတ်ပြီးရလိုက်တဲ့မှတ်သားစရာလေးတွေ..
ယဥ်ကျေးမှုတစ်ခုခုကိုချစ်တတ်ဖို့ အဲ့ဒီလူမျိုး၊အဲဒီဘာသာဝင်ဖြစ်မှဆိုတာမျိုးမရှိဘူး။
သားသမီးပြုစုပျိုးထောင်ရတာ စီးပွားရေး အောင်မြင်တာ၊မအောင်မြင်တာ၊ရာထူးကြီးတာ၊မကြီးတာထက်၊ကိုယ်တန်ဖိုးထားတဲ့အရာတွေကိုသူတို့တွေကိုတန်ဖိုးထားတတ်စေချင်တာ။
နိုင်ငံကိုချမ်းသာအောင် သိပ္ပံပညာက လုပ်ပေးလို့ရတယ် ၊နိုင်ငံသားတွေကိုယဥ်ကျေးသိမ်မွေ့ဖို့နဲ့စိတ်ကောင်း နှလုံးကောင်းထားတတ်ဖို့ကိုတော့ အနုပညာကပဲ တတ်နိုင်တယ်။
မြန်မာ့ထုံးတမ်းစဥ်လာတွေကို တန်ဖိုး ထားတယ်။မြန်မာလိုချည်းတော့ဝတ်ပြနေမှာမဟုတ်ဘူး။ကြင်နာတတ်တယ်။သို့သော် ကြင်နာတတ်တဲ့ အကြောင်းတော့ လူသိအောင် ပြောပြနေမှာမဟုတ်ဘူး။
ကိုယ့်ရိုးရာ အမွေနှစ်ကိုတန်ဖိုးထားတာနဲ့၊ဖက်တွယ်တာမတူဘူး။တန်ဖိုးကထားရမှာပဲ။ဆက်လုပ်မယ်၊မလုပ်ဘူးဆိုတာကတော့ ကိုယ့်လူတွေအတွက်အကျိုးတကယ်ရှိ၊မရှိနဲ့ချိန်ရမှာပဲ။
အဲ့တာ နဲ့ပတ်သတ်ပြီး ကံကော်ရွာသူလေး"မပန်းဆု"ပေးတဲ့ဥပမာ .....ကောင်းတဲ့အလေ့အထလို့ထင်မှာစိုးလို့ကလေးတွေကိုဘယ်တော့မှ သင်မပေးတဲ့ကဗျာ.... "တံတားဦးကကွမ်းနုဝါ ငမြာကဆေး။ ကွမ်းသီးတောင်ငူနဲ့ ကိုင်းထုံးဖြူပြည်သျှား သာဝါးလို့ထွေး။"...
ဤကံကာ် စာအုပ်လေးထဲက..ကဗျာလေးတစ်ပုဒ်... "ပန်းကံ့ကော်ရွှေစကား ငွေသားနုစံပယ်မှန် မြတ်လေး ခတ္တာနှင့် ရွှေယင်းမာကြာခဝဲ ဖွဲစနှင်းလျှံ သဇင်ကျန် ခွာတံပေါက်လဲ ပွင့်ဝတ်ကယ်ရွှေဖီမင်း သင်းထုံနံကဲ။"......
ဤစာအုပ်လေးထဲမှာ မှတ်သားစရာလေးတွေ အများကြီးကိုတွေ့ရပါတယ်.....ခေတ်တစ်ခေတ်ကိုထင်ဟတ်နေတဲ့ အကြောင်းတွေ အများကြီးနဲ့ပါ.. .. စာအုပ်လေး ဖတ်ပြီး သွားသည့်တိုင် မေတ္တာရည်ပြည့်ဝနေတဲ့ပန်းချီဆရာမလေး "ကံ့ကော်"ကအတွေးထဲ တဝဲလည်လည်.... #myatmoe. 3.12.2020
Publisher Name: နန်းဒေဝီစာပေ
Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633
Publisher Phone Number: ဖုန်း 01383025, 01391633