"....ရေးသားလာခဲ့ရသော စာအမျိုးအမည်
ပေါင်း များစွာတို့အနက်တွင် ကိုယ့်စာကို ပြန်၍ တင်းပြည့်ကျပ်ပြည့် ကျေနပ်အားရ
သော(ယခုအထိ) တစ်ခုတည်းသော စာမူမှာကား ကမ္မဖလ ၀တ္တုပင် ဖြစ်ပါ၏။.....'
[ တင့်တယ်၏ "ကမ္မဖလနှင့် နှစ်လေးဆယ်ခရီး" ........မှ။ ]
ဤကမ္မဖလ ၀တ္တုကြီးကို ဆရာတင့်တယ်က
၁၉၅၁ခုနှစ်၊ လန်ဒန်မြို့ကိုရောက်နေတဲ့ အ
ချိန်မှာ ရေးဖြစ်ခဲ့ခြင်းသည်။ ဥပုသ်သီတင်းသီလ ဆောက်တည်စရာ ဘုရားကျောင်းကန်
မရှိသော ခရစ်ယာန်တိုင်းပြည် ရောက်နေစဉ်မှ မြန်မာတို့အကြောင်းကို တွေးမိရင်း ကံကံ၏အကျိုးနှင် ့ပက်သက်၍ ၀တ္တုရှည်တစ်
်ပုဒ်ရေးရန် စဉ်းစားမိကာ ရေးသားခဲ့ခြင်းဖြစ်သည်။
ကမ္မဖလ၀တ္တုသည် ကံကံ၏အကျိုးပေးမွု
ဆန်းကြယ်ပုံကို လျိွု့၀ှက် ရာဇ၀တ်မွုနှင့် ဥပဒေ
ရေးရာတို့ဖြင့် ရောယှက် ဇာတ်လမ်းဖွဲ့ထားသည်။
ဤ၀တ္တုသည် ဆန်စက်ပိုင်ရှင် ဦးစိန်မောင်ကို သတ်မွုဖြင့် ကြိုးမိန့်ကျနေသော သူဋ္ဌေးကြီး ဦးကံကောင်း ကိုဇာတ်အိမ်တည်၍ ရေးထား
သည်။
ဤ၀တ္တုကို စာပေဆုရွေးချယ်ရေး အဖွဲ့က ဆန်ခါတင် ရွေးချယ်ထားပြီးမှ ဖြုတ်ချခဲ့ပေ
သည်။ အကြောင်းမှာ လူခုနစ်ယောက်ကို သတ်၍ လက်စားချေထားသည် ဟူသောအ
ချက်ကြောင့်ဖြစ်သည်။
ဤ၀တ္တုသည် အတော်ဖတ်လို့ကောင်းသည်။
ကံကောင်း၏ အလွန်နုံချာလှသော ငယ်ဘ၀ကို စာနာမိသည်။ အချစ်ကိုဦးစားပေးကာ
ဖခင်သဘောမတူသော သဘင်သမားနှင့် ခိုးရာလိုက်သွားခဲ့သော ကံကောင်းရဲ့အမေ၊ ဖခင်၏အမွေဖြတ်၊ သမီးအဖြစ်မှစွန့်လွွတ်ခြင်းကို ခံကာ အချစ်မျက်နှာတစ်ခုထဲကို ကြည့်ခဲ့သော်
လည်း သစ္စာမရှိသော ယောကျ်ားကြောင့် ကံ
ကောင်းနှင့်အတူ ဘ၀ကို ခက်ခက်ခဲခဲ ရုန်း
ကန်ခဲ့ရကာ နောက်ဆုံး လောကဓံ၏ ထိုးနှက်မွုများကြောင့်ပင် သေဆုံးခဲ့ရသည်။
မိခင်မသေဆုံးခင်တွင် အမွေဖြတ်စွန့်လွွတ်ခဲ့သော အဘိုးဦးနကီ၏အိမ်ကို သားအမိနှစ်ယောက်ပြန်သွားကာ အသနားခံခဲ့သေးသည်။
သို့သော် အတ္တကြီးသော ဦးနကီက သူတို့သားအမိကို သူဖုန်းစားပမာ မောင်းထုတ်ခဲ့သည်။ အဘိုးဦးနကီကို မုန်းတီသောစိတ်၊ သစ္စာမရှိသော ဖခင်ကို နာကြည်းသောစိတ်များသာ ကံကောင်း၏စိတ်ကို ဖုံးလွွမ်းလျက်ရှိကာ
တစ်နေ့တွင် လက်စားချေရမည့်အရေးကို
တွေးတော၍သာ နေလေတော့သည်။
ဤသို့ဖြင် ့ကံကောင်းသည် ဘုန်းကြီးကျောင်းသားဘ၀မှ ဗိုလ်ကျော်ခေါင်အဖြစ်ကို ရောက်အောင် အဆင့်ဆင့်ကြိုးစားခဲ့ရင်း အဘိ်ုးဦးနကီနှင့်ပက်သက်သော သူ၏ဦးလေး၊ ၀မ်းကွဲအကို စသည့် သူများကို တစ်ယောက်ပြီးတစ်ယောက် လက်စားချေရန်အခွင့်ရလာခဲ့သည်........။
ဤ၀တ္တုကို အချို့က မှီငြမ်းပြု၀တ္တုဟု ဆိုကြသည်။ ကျွန်တော်ကိုယ်တိုင်တောင် ထိုသို့ ထင်ခဲ့မိသည်။ အကြောင်းမှာ မိခင်အတွက်လက်စားချေရန်နှင့် မိခင်ခံစားခွင့်မရခဲ့သော အဘိုး၏ စည်းစိမ်ဥစ္စာများကို သိမ်းပိုက်နိုင်စေရန် ကြိုးစားကာ တစ်ဦးချင်း ချဉ်းကပ်၍ ကလဲ့စားချေ သတ်ဖြတ်ခဲ့သော ဦးကံကောင်း၏ သရုပ်ကို စာရေးသူ ဖန်တီးထားသည်မှာအလွန်လက်ရာမြောက်လှသောကြောင့်ပင်။
မည်သူတစ်ဦးတစ်ယောက်မှ မရိပ်မိဘဲ လူခုနစ်ဦးကို ကလဲ့စားချေ သတ်ခဲ့သော ဦးကံကောင်းသည် သူမသတ်ခဲ့သော ဆန်စက်ပိုင်ရှင်
ဦးစိန်မောင်၏ အမွုကြောင့်ပင် ကြိုးစင်တတ်ခဲ့ရသည်။ ထိုအခါ သူ၏ အဖြစ်မှန်ကို နေှာင်းလူတို့သိစေရန် အလို့ငှါ ကြိုးစင်မတင်ခင် အချိန်အတွင်း သူ၏ဖြစ်စဉ်မှတ်တမ်းက်ို ရေးသားဟန်ဖြင့် ၀တ္တုတစ်ပုဒ်လုံးကို နောက်
ကြောင်းပြန်ကာ ရေးထားသည်မှာ ရသမျိုးစုံ
ကို ခံစားရမည်ဖြစ်သည်။
ထမင်းပင်နပ်မှန်အောင် မစားခဲ့ရသော၊ မိမိ၏ ရေှ့ရေး အတွက် ပင်ပန်းဆင်းရဲစွာ
ကြိုးစားရင်း သေဆုံးခဲ့ရသော မိခင်အတွက် လူများစွာကို ကလဲ့စားချေ သတ်ဖြတ်ခဲ့သည့် ဦးကံကောင်းသည် နောက်ဆုံးတွင် ကြိုးစင်တတ်၍ အပြစ်တို့ကို ပြန်၍ခံခဲ့ရသည်ကို ဖတ်ရခြင်းဖြင့် စာရေးသူပြချင်သော ကံနှင့့်ကံ၏အကျိုးကို ထင်ထင်ရှားရှားတွေ့မြင်ရပေမည်။
#မောင်
#၀တ္တုရှည်ဖတ်ညွွန်း
#savethelibrary