ဆရာလင်္ကာရည်ကျော်ရဲ့စာတွေ မဖတ်ဖူးပေမဲ့ ဒီစာအုပ်က အရောင်းရဆုံး စာအုပ်များစာရင်းတွေထဲမှာလည်းပါ၊ ရီဗြူးတော်တော်များများလည်းရေးကျတော့ အတော်လေးကောင်းမယ်လို့ထင်ပြီး ၀ယ်ဖတ်လိုက်မိတယ်။အရမ်းကြီးမိုက်တယ်လို့မခံစားမိပေမဲ့ မဆိုးလှပါဘူးလေလို့တော့ ခံစားမိပါတယ်။
“၂၁ရာစုမှာကျင်လည်လှုပ်ရှားနေကျသော အသက်၂၀ကျော်၊၃၀ကျော် လုပ်ငန်းခွင်၀င်စလူလတ်တန်းစား ပညာတက်လူငယ်ကလေးတွေ၏ရင်ခုန်သံကို စည်းချက်လိုက် ခံစားကြည်ရုံသက်သက်ပါပဲ။”လို့ စာရေးသူအမှာစာ မှာ ပါသလိုပါပဲသာမာန်လူငယ်သဘာ၀ အချစ်အကြောင်းနဲ့ဘ၀အနိမ့်အမြင့်လေး အချိုးအကွေ့လေးတွေကို ရေးဖွဲ့ထားတဲ့ ပေါ့ပေါ့ပါးပါးရိုးရိုးရှင်းရှင်းစာအုပ်လေးတစ်အုပ်မျှသာဖြစ်ပါတယ်။
စာအုပ်ထဲမှာတော့ ညီမောင်ဆိုတဲ့ ယောက်ျားလေးတစ်ယောက်နဲ့ ညိုမီ လို့ခေါ်တဲ့ မိန်းခလေးတစ်ယောက်တို့ရဲ့ ကလေးဘ၀သူငယ်ချင်းအရွယ် စိတ်ခံစားမှု၊နောက်ခံအခြေအနေ အရွယ်ရောက်လာတဲ့အခါ ပြောင်းလဲသွားတဲ့စိတ်ခံစားမှု၊နောက်ခံအခြေအနေတို့ကိုတင်ပြရင်း ပေါ့ပေါ့ပါးပါးနွေးနွေးထွေးထွေးနဲ့ချစ်စဖွယ်လေးအဆုံးသတ်ထားပါတယ်။
ဘာသာမဲ့ညိုမီ ကနေ ပြင်သစ်တိုးရစ်ဂိုက် ခိုင်ဦးကိုပြောတဲ့ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ dialogue လေးတွေ၊ကုမ္ပဏီပိုင်ရှင်ရဲ့တူမ မမမေနဲ့ညိုမီပြောကျတဲ့ လူ့အခွင့်အရေး ၊social drinking နဲ့ပတ်သတ်တဲ့ dialogueလေးတွေ၊ gender ခွဲခြားမှု အပေါ်ညို့မီရဲ့သဘောထား စတာလေးတွေကိုတော့ သဘောကျမိတယ်။
ခုမှ ရသစာအုပ်လေးတွေ စဖတ်ချင်တဲ့မိန်းခလေးတွေအတွက်ကိုတော့ ဒီစာအုပ်လေးကိုညွှန်းချင်ပါတယ်။
စာအုပ်ထဲမှာ ဇာတ်ကောင်ကလည်းသိပ်မများလေတော့ ဖတ်ရတာ ရှင်းရှင်းလင်းလင်းရှိပါပေတယ်။ အထူးသဖြင့် ညိုမီ့လို မိန်းကလေးလိုမျိုးကိုအားကျပြီး ညီမောင့်လို ယောကျာ်းလေးမျိုးကိုတော့ သူတို့လိုချင်သွားလေးစားသွားကျမှာ မလွဲဧကန်ပါပဲ။
ဘဲအုပ်ကြားထဲရောက်နေတဲ့ ငန်းမလေးဟာ သူ့ကိုယ်သူ ငန်းလေးမှန်းမသိပဲ အရုပ်ဆိုးတယ်ဆိုပြီးစိတ်ဓါတ်ကျပေမဲ့ အရွယ်ရောက်လို့ သူ့ကိုယ်သူအရမ်းလှတဲ့ ငန်းကလေးတစ်ကောင် မှန်းသိသွားတဲ့အခါ.....
ကျွန်တော်တို့အားလုံးဟာလည်း ငန်းကလေးတစ်ကောင်များဖြစ်နေမလား.....
Myo Thant Kyaw
Publisher Name: နန်းဒေဝီစာပေ
Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633
Publisher Phone Number: ဖုန်း 01383025, 01391633