ဒီchallengeလေးကို တစ်ပါတ်တိတိ၊ တစ်ရက်လျှင် စာဖတ်ဝါသနာပါတဲ့ သူငယ်ချင်း တစ်ယောက်ကို challengeခေါ်ပြီး ကြိုက်နှစ်သက်ရာ စာအုပ်စာရင်းလေးတွေကို shareပေးဖို့ တောင်းဆိုပေးပါ။ စာပေချစ်သူတို့က စာပေနဲ့ စာအုပ်စာရင်းတို့ကို ကြော်ငြာပေးပြီး မိမိတို့တတ်နိုင်သမျှ နည်းလမ်းလေးနဲ့ စာပေကို မြှင့်တင်ပေးကြစို့လား ခင်ဗျာ...။
ကျွန်တော်ကတော့ ဒီနေ့အတွက် ဘယ်သူ့ကိုမှ challengeမလုပ်တော့ပါဘူးခင်ဗျာ...။
နောက်ဆုံးနေ့အနေနဲ့ ကျွန်တော်အကြိုက်ဆုံး ဖြစ်တဲ့ ဆရာ လင်္ကာရည်ကျော်ရဲ့ "ချစ်စရာ့အိမ်ကလေး" နဲ့ပဲ ကျွန်တော့်ရဲ့ ဒီ book challengeလေးကို အဆုံးသတ်လိုက်ရပါတော့တယ်...။
ဒီစာအုပ် ကလေးကို ဖတ်ဖူးသူ အများအပြားလည်းရှိမှာပါ။ မဖတ်ရသေးတဲ့သူတွေလည်း မြည်းစမ်းကြည့်ကြပါ။ရိုးရိုးရှင်းရှင်း ဇာတ်အိမ်ကလေးကို အခြေတည်ထားပေမယ့် အဆုံးပိုင်းမှာ မထင်ထားတဲ့ ဇာတ်လမ်း အပြောင်းအလဲကို တွေ့ရမှာပါ။ ဆယ်ကျော်သက်ကောင်လေး တစ်ယောက်ရဲ့ ငယ်ဘဝ ရင်ထဲမှာ ရှိတဲ့ စိတ္တဇသဏ္ဌာန်တွေကနေ ပုံဖော်လိုက်မိရာက ဖြစ်ပေါ်လာတဲ့ မိသားစုအိမ် ကလေး...။ ရင်ထဲမှာ အစိုင်အခဲတွေများလာပြီး ဖြစ်ချင်တဲ့အရာနဲ့ ဖြစ်တည်မှု တစ်ထပ်တည်းမကျတဲ့ အခါ အပြင်လောကနဲ့ စိတ်ရဲ့စေရာကတဆင့် စိတ်ကူးယဥ် ဖန်တီးမှုများ ရောထွေးသွားပါတော့တယ်။ ဇာတ်သိမ်းကတော့ စာဖတ်သူကို 'ဟင်.....' ကနဲ ရင်ထဲ ဟာတာတာ ကျန်ခဲ့စေမှာပါ။
ဇာတ်လမ်းမဖတ်ဖူးသူတွေကို spoil မလုပ်ချင်တာ ကြောင့် ဒီလောက်ပဲ ပြောပါတော့မယ်။
"လူတိုင်း မိမိတို့စိတ်ကူးနဲ့ ထပ်တူကျတဲ့
ချစ်စရာ့ အိမ်ကလေးများ တည်ဆောက် ပိုင်ဆိုင်နိုင်ကြပါစေ...။"
ဟုတ်ကဲ့။ အခုလို အမှားများပါလျှင်တောင် အဆုံးထိ သည်းခံပြီး ဖတ်ပေးကြတဲ့ စာပေချစ်သူ တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို အထူး ကျေးဇူးတင်ပါတယ်လို့ ဆိုလိုက်ရင်းနဲ့ ကျွန်တော်တို့ လေးစားအားထားပြီး ကြည်ညိုရပါတဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ စကားလေးနဲ့ပဲ ကျွန်တော့်ရဲ့ challenge နောက်ဆုံး၊ ခုနှစ်ရက်မြောက်နေ့ကို အဆုံးသတ်လိုက်ရပါတယ်ခင်ဗျား...........။
"Reading introduces me to new worlds.'' ကျွန်မအတွက်ကတော့ စာဖတ်တဲ့အခါ ကမ္ဘာသစ်တွေကို ရောက်သွားသလိုပါပဲ။(Aung San Suu Kyi)
Min Thway