ဆိုင်အိမ် #
"အိမ်ဆိုင်" လို့ဆိုလိုက်ရင် မျက်စိထဲ တန်းမြင်ကြမှာပဲ။
" ဆိုင်အိမ် " ဆိုတော့ …
ရန်ကုန်မြို့တော်ကြီးရဲ့ မြို့လယ်ခေါင်က
အစိုးရုံးကြီးတခုရဲ့ နံဘေးနံရံကို ကျောပေး၊
ရေမြောင်းကိုခွပြီး (မြောင်းကိုတော့ အသေအခြာ
ဖုံးထားရတာပေါ့) ရောင်းရတဲ့ လမ်းဘေးပလက်ဖောင်း
လက်ဖက်ရည်ဆိုင်လေး။ တာလပတ်မိုး တာလပတ်ကာ
တဲတခုဟာ နေ့ဖက်မှာ လက်ဖက်ဆိုင်၊ ညဘက်မှာ မိသား
စုတခုရဲ့အိမ်…
အဲဒီမိသားစုဝင် အလယ်တန်းကျောင်းသား ဆယ်ကျော်
သက် ကောင်လေးက ပထမနာမ်စား(ကျွန်တော်)နဲ့ ပြော
ပြတဲ့ ဇာတ်လမ်းပါ။ မိသားစုမှာ အဖေ၊ အမေနဲ့ နို့စို့နှမ
လေးပါတယ်။ အမေရဲ့မိခင်ကြီး(အဖွား)၊ အမေရဲ့အစ်မ
အပျိုကြီး၊ အမေ့ညီမ(ရုံးဝန်ထမ်း၊ အပျို)တို့လဲ ရှိသေး
တယ်။ အားလုံး လက်ဖက်ရည်ဆိုင်မှာ ဝိုင်းလုပ်ဝိုင်းစား
အစိုးရရုံးကြီးရဲ့ ဘေးနံရံကို မှီတွယ်ပြီးဖွင့်ထားတဲ့ ဆိုင်
လေးတွေက လေးဆိုင်။ ဘေးနံရံဆိုတော့ လမ်းသွယ်လေး
ထဲကဆိုင်တန်းလေးပေါ့။ လမ်းထိပ်မှာ ဆိုက်ကားဂိတ်တခု
ရှိတယ်။ လမ်းသွယ်လေးထဲကို ဝင်လိုက်ရင် ပထမဆုံးက
ကွမ်းယာဆိုင်၊ ကပ်ရက်က အသုပ်ဆိုင်၊ ပြီးတော့ သူတို့
လက်ဖက်ရည်ဆိုင်။ နောက်ဆုံးဆိုင်ကလဲ လက်ဖက်ရည်
ဆိုင်ပါပဲ။ ပထမနှစ်ဆိုင်က ညနေဆိုင်သိမ်းပြီး အိမ်ပြန်
ကြပေမယ့် လက်ဖက်ရည်ဆိုင် နှစ်ဆိုင်ကတော့ ညနေ
ဆိုင်သိမ်းပြီးရင် အိမ်တခုဖြစ်သွား။ စားပွဲတွေဆက်လိုက်
တော့ အိပ်ရာကုတင်ဖြစ်သွား။ အဲဒီမှာ သားအဖအိပ်၊
အတွင်းခန်းလေးထဲမှာ အမျိုးသမီးတွေ စုပြုံတိုးဝှေ့အိပ်။
မွန်းကြပ်နေတယ်ဆိုတာ စိတ်ပိုင်းရော ရုပ်ပိုင်းရောပေါ့
အဖွားပြောနေကျ အတိတ်ပုံပြင်တွေအရဆိုရင် နယ်မှာ
အိမ်ကြီးရခိုင်နဲ့ ဝန်းနဲ့ခြံနဲ့ နေခဲ့ရတယ်။ စီးပွားပျက်တော့
မြို့တော်ကြီးဆီ အားကိုးတကြီးခိုဝင်ပြေးကပ်။ ပထမ
လှိုင်သာယာမှာ အိမ်ငှားနေ၊ နောက်တော့ လက်ဖက်ရည်
ဆိုင်လေး ဖွင့်ဖြစ်ရာက အဲဒီဆိုင်ကိုပဲ အိမ်လုပ်နေလိုက်
ကြတာပါ…
မြို့နေ အိမ်ခြေရာမဲ့ အောက်ဆုံးလွှာ မိသားစုဘဝတွေ
ထဲက တခုအကြောင်းမျှသာ။ ဒီဆိုင်အိမ်လေး ဖွင့်ခွင့်
လူနေခွင့်အတွက် လမ်းလူမိုက်ကို ဆက်ကြေး လစဉ်
ပေးရတယ်
(ကျွန်တော်တို့)ဆိုင်တန်းလေးက ဘဝတူတွေ၊ လမ်းထိပ်
ဆိုက်ကားဂိတ်က ဆိုက်ကားသမားတွေကြားက အချစ်
အမုန်း၊ စာနာကူညီဖေးမမှု၊ ယုတ်မာမှုတွေကြောင့် ဒီ
လက်ဖက်ရည်ဆိုင်အိမ်လေးဟာ အသက်ဝင်နေတယ်
ဝန်ထုပ်ဝန်ပိုးတွေကို တာဝန်မဲ့ပစ်ချခြင်း၊ တကိုယ်
ကောင်း ထွက်ပေါက်ရှာခြင်းတွေကြောင့် နောက်ဆုံးမှာ
ဆိုင်အိမ်လေးခမျာ ခေါင်မိုးမလုံ၊ အောက်ခြေယိုင်လာပြီး
ယိမ်းထိုး လှုပ်ရမ်းလာတော့တယ်
#mkzin #lapetyizaing
ဦးသန်းဇော်ညွန့်