အိပ်မက်တစ်ဖက်ကမ်း ဝတ္ထုတိုများ
လင်္ကာရည်ကျော်
နန်းဒေဝီစာပေ
၂၅၀၀ ကျပ်
ဝတ္ထုတို စုစုပေါင်း (၁၀) ပုဒ်ပါဝင်တဲ့
စာအုပ်လေးဟာ မထူမပါးလေး။
စာအုပ်မျက်နှာဖုံးမှာ "သဘာဝလွန်အဆန်းတကြယ်ဝတ္ထုတိုများ" ဆိုတဲ့
စာလေးကို ဖတ်မိတာကတစ်ကြောင်း၊
ဆရာ ကိုယ်တိုင်က အိပ်မက်တွေနဲ့
ဆက်နွယ်တဲ့ စိတ်စွမ်းအားတွေကို
အယုံအကြည်ရှိတယ် လို့ ပြောဖူးတာကတစ်ကြောင်း ကြောင့် ထူးထူးဆန်းဆန်းလေးတွေ ခံစား ရတော့မယ်ဆိုတာကိုမဖတ်ခင်က ကြိုတွေးမိခဲ့တယ်။
တကယ်တမ်းဖတ်ကြည့်တော့လည်း
အိပ်မက်တွေ နဲ့ ဆက်နွယ်တဲ့
အဆန်းတကြယ် အဖြစ်အပျက်တွေ
အစုံအလင်နဲ့ မို့ စိတ်ဝင်စားစရာ
အင်မတန်ကောင်းလှပါတယ်။
တစ်ချို့ စာမျက်နှာတွေ မှာ
"ဟယ်....." လို့ နှုတ်က ထွက်မိတဲ့ အထိပါပဲ။
၁။ဘဝအဆက်ဆက်
၂။အိပ်မက်မှာသာ
၃။နတ်ဆိုး
၄။ခြေလှမ်းကလေး ယိုင်တိုင်း
၅။အဆိပ်တွေနှင့်လူတွေ
၆။တံခါးနှစ်ချပ်နှင့်အခန်း
၇။တစ္ဆေထရိန်နင်
၈။ပျောက်ဆုံးသွားသော ၂၅နှစ်
၉။တုသိတာရ်တိုး
၁၀။ခြောက်ကပ်ရပ်ဝန်း
ဝတ္ထုတို( ၁၀)ပုဒ် လုံးဟာ
ရသ ကိုယ်စီနဲ့ စာဖတ်သူတွေ ရဲ့ စိတ်အာရုံကို
မပျံ့မလွင့် တစိုက်မတ်မတ် ဖမ်းစားနိုင်ပါလိမ့်မယ်။ ဒီ (၁၀) ပုဒ်ထဲက
ရင်ထဲမှာ အထိဆုံး ဖြစ်လာရတဲ့ တစ်ပုဒ်
ကို ပြောပါ ဆိုရင်တော့" ခြေလှမ်းကလေး
ယိုင်တိုင်း" ဆိုတဲ့ ခေါင်းစဉ်လေးပါ ။
"သမီးခြေလှမ်းမှားလည်း ဖေဖေ့သမီးပါပဲ။
ချော်လဲလည်း ဖေ့ဖေ့သမီးပါပဲကွယ်။" တဲ့
မိဘနဲ့ သားသမီးကြားက နားလည်မှု၊
ခံယူချက်၊ ခံစားချက်နဲ့ ပတ်သက်ပြီး
သတိစကားတွေအများကြီးပါဝင် နေတယ်လို့ ခံစားမိခဲ့တယ်။ ကိုယ်တိုင်လည်း ဆင်ခြင်စဉ်းစားစရာတွေ သတိပြုမိသွားလို့ပါ။
အကျင့်တစ်ခုလိုဖြစ်နေတာက စာအုပ်ဖတ်ပြီးရင်
အိပ်တဲ့အချိန် ဖတ်ထားတဲ့ အကြောင်းအရာတွေ၊ဇာတ်ကောင်တွေကို
အိပ်မက်လိုလို ပြန်ပြန် မြင်တတ်တဲ့သူမို့
ဒီစာအုပ် ဖတ်ပြီးတဲ့ နောက် ဝတ္ထုတို
တစ်ပုဒ် ချင်းစီက ဇာတ်ကောင်တွေကို
နိူးတစ်ဝက်မှာတစ်ဖျတ်ဖျတ်နဲ့ မြင်နေမိ တယ်။
စာအုပ်ပါ အကြောင်းအရာတိုင်းကို
Spoiler မလုပ်ချင်တော့ပါဘူးနော်။
ဆရာ့ စာဖတ်ပရိသတ်တစ်ယောက်အနေနဲ့ဆက်လက်ပြီးရသစုံလင်တဲ့ဒီလိုစာအုပ်လေးတွေ အများကြီးဖတ်ခွင့်ရချင်ပါကြောင်း......။
#Review_by
#May_Oo
Publisher Name: နန်းဒေဝီစာပေ
Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633
Publisher Phone Number: ဖုန်း 01383025, 01391633