အဖြူ
-----------------------------------------
စာရေးသူ - ဂျာနယ်ကျော်မမလေး
စာမျက်နှာ - ၉၅ ရွက်ရေ
စာအုပ်တိုက် - အဖြူရောင်စာအုပ်တိုက် (တတိယအကြိမ်)
▫အဂ်လိပ်ခေတ်စစ်ဘက်ဝန်ကြီးဖခင်ဖြစ်သူ နဲ့ ထိုဖခင်ကို
ချစ်ခင်လေးစားတန်ဖိုးထားရတဲ့ သမီးတစ်ယောက်ရဲ့စိတ်
ထိုစိတ်ရဲ့ ဆန့်ကျင်ဘက်အနေနဲ့... လွတ်လပ်ရေးကို ရယူဖို့ကြိုးစားနေတဲ့ လူတစ်ယောက်ကိုမှ ချစ်မိနေတဲ့စိတ်...
▫ဒီလို ဒွိဟဖြစ်စရာ အခြေအနေတွေနဲ့ အဖြူ.....
▫ရုပ်ရည်လှသလောက် စိတ်ဓာတ်ပြတ်သားတဲ့ အဖြူ.....
▫ယောကျ်ား မိန်းမ ခွဲခြားမှုကိုမလိုလားပဲ မိန်းမတန်မယ့် မှန်ကန်ရဲရင့်တဲ့ ဆုံးဖြတ်ချက် လုပ်ဆောင်ချက်တွေနဲ့ အဖြူ....
▫မိမိအသက်ထက်ပင် မိမိချစ်ရသူတွေရဲ့ သိက္ခာ တွေကို အဆုံးစွန်အထိ လှို့ဝှက်သွားခဲ့တဲ့ အဖြူ.......
▫အဂ်လိပ်ဘက်ဝန်ကြီးတစ်ယောက်ရဲ့ သမီးကိုမှ ချစ်မိတဲ့ လူ
တစ်ယောက်ရဲ့ အဆုံးသတ်......
◽နဂုံးချုပ်အနေဖြင့်ဆိုရသော် ဆရာမ ဂျာနယ်ကျော်မမလေး သည် ဤဝတ္တု၏ အဓိကဇာတ်ကောင်ဖြစ်တဲ့ အဖြူဆိုတဲ့ မိန်းမလှလေး ရဲ့ အဆင်းရော အချင်းပါ ပြည့်စုံမှုရှိပုံ အပြင် သူမရဲ့ သစ္စာတရား ချစ်ခြင်းတရားတို့ကိုပါ မျက်မြင်တွေ့နေရသည့်အလား ထိထိမိမိ ဖော်ပြထားပြီး စာဖတ်သူတို့၏ နှလုံးသည်းပွတ်ကိုပင် လှုပ်လှုပ်ခက်ခက်ဖြစ်အောင်ရေးဖွဲ့နိုင်သော ဝတ္တုကောင်းတစ်ပုဒ်ပင်ဖြစ်ပါတော့သည် ◽Mya Thazin Kyaw