စာအုပ်အမည်။ ။ ဝေးလွင့်ကင်းကွာနှစ်တရာ
ထုတ်ဝေသူ။ ။ ကံ့ကော်ဝတ်ရည်စာပေ(ဒုတိယအကြိမ်)
တန်ဖိုး။ ။ ၆၅၀၀ ကျပ်
ဝေးလွင့် ကင်းကွာ နှစ်တစ်ရာတဲ့
ဆရာသင့်လူကို စာပေလောကထဲရောက်လာစေခဲ့တဲ့စာအုပ်ပေါ့
စာအုပ်အကြောင်း
Magical realsimဆိုတဲ့ ပဉ္စလက်သရုပ်မှန်စာပေရဲ့ ခေါင်းကိုင်ဖခင် gabriel garcia marquezရဲ့ ပထမဆုံးစာအုပ်ဖြစ်သလို ကမ်ဘာကို magical realsim စမိတ်ဆက်ပေးခဲ့တဲ့စာအုပ်
Marquezရဲ့ masterpiece ဖြစ်သလို သူ့ကို သန်းကြွယ်သူဌေး ဖြစ်စေခဲ့တဲ့ စာအုပ်ပါ။
ဒီစာအုပ်ရဲ့ စပ်ဆက်နေတဲ့ စာအုပ်တွေက်ိုလည်း marquezကဆက်ပြီးရေးခဲ့ပါတယ်။ In evil hourကိုဆရာသင့်လူက မိစၦာ မြူးချိန်,Loves in the time of cholera ကိုဆရာသင့်လူကပဲ ကပ်တွင်းကချစ်ခြင်း, No one writes to colonelကို ဗိုလ်မှုးကြီးထံစာရေးမယ့်လူမရှိပါ ဆိုပြီး စာအုပ်တွေဆက်လက်ထွက်ရှိခဲ့ပါတယ်။(
ဝေးလွင့်ကင်းကွာ နှစ်တရာကို အရင်ဖတ်ပြီးမှ ကျန်တဲ့စာအုပ်တွေဖတ်ပါလို့ဆရာသင့်လူက ပြောဖူးပါတယ်။)
ဇာတ်လမ်း အကျဉ်း
မာကွန်ဒိုကို စတည်ထောင်ခဲ့တဲ့ ဟိုဆေး အာကာဒီယို ဘူဝမ်းဒီးယားနဲ့ အာဆူလာ ကနေနောက်ဆုံး သူ့တွတ် ဖြစ်တဲ့ အော်ရဲလီယာနို အထိ နှစ်ပေါင်းတရာအတွင်းက မိသားစုအတွင်း အဖြစ်အပျက်တွေကို ကိုလံဘီယာရဲ့ သမိုင်းကြောင်းနောက်ခံထားပြီး ရေးသားထားပါတယ်။
အင်မတန်လွမ်းဆွတ်ဖွယ်၊ ရယ်ရွှင်ဖွယ်၊ ကြောက်မက်ဖွယ်၊ အ့ံသြဖွယ်ကောင်းတဲ့ စာအုပ်တအုပ်ပါ။
စာအုပ်အညွှန်း
စာအုပ်နာမည်ကြားကြားချင်း ကျွန်တော်က အချစ်ဇာတ်လမ်းလို့ထင်ခဲ့တာ၊ မဟုတ်ဘူး ပဲ ????
ဒီစာအုပ်က နိုင်ငံရေးဆန်သလို သရော်စာအမျိူးအစားထဲလည်းထည့်လို့ရပါတယ်။
ကိုလံဘယာနိုင်ငံရဲ့ နိုင်ငံရေး အရှုပ်အရှင်းတွေ ၊ပါတီ ကွဲ ပြားမှူတွေ၊ အာဏာမက်မှုတွေကို စောင်းမြောင်း ရေးဖွဲထားတယ်။
ဘယ်လိုနိုင်ငံရေးအခင်းအကျင်း ဖြစ်စေ ဘယ်သူပဲ အုပ်ချုပ်သည်ဖြစ်စေ ပြည်သူကို ကိ်ုယ်စားမပြုတဲ့ အစိုးရ ဖြစ်နေရင် ပြည်သူတွေ ဘယ်လောက်ထိဒုက္ခရောက်စေလဲဆိုတာကို တဖက်တလမ်းမှကြည့်ရင် မြင်နိုင်အောင် ရေးဖွဲ့ထားပါတယ်။
ကိုလံဘီယာနိုင်ငံရေးကိုနောက်ခံ ပြီးရေးတာဖြစ်လို့ တော်တော်လေးနိုင်ငံရေးဗဟုသုတ ရစေတဲ့စာအုပ်လည်း ဖြစ်ပါတယ်။
ဒီစာအုပ်ကို မဖတ်ခင် ကိုလံဘီယာန်ိုင်ငံရေး အခင်းအကျင်း ကို သိထားဖို့လိုပါတယ်။
အမာခံ ပါတီကြီး နစ်ခု ဖြစ်တဲ့ ကွန်ဆာဗေးတစ်နဲ့ လေဘရယ်ပါတီ။
နိုင်ငံရေးအယူအဆလည်းမတူ ခံယူချက်ချင်း မတူပေမယ့် အာဏာမက်ပုံချင်းကတော့တူကြတယ်။
နိုင်ငံရေးသက်သက်တင်လားဆိုတော့မဟုတ်သေးပါဘူး။
အချစ် ဇာတ်လမ်းတွေအများကြိီးပါတယ်။
မှော်ဆန်ဆန် ထွက်ရပ်ပေါက်ဆန်ဆန် ဇာတ်လမ်းတွေလည်းပါတယ်။
တော်တော်လေးရသစုံပေးနိုင်တဲ့စာအုပ်ဖြစ်မှာပါ။
ရီရမယ်။ ငိုရမယ်။ ကြောက်ရွံ့ရမယ်။ အ့ံသြရမယ်။ နားမလည်မှုတွေကျန်ခဲ့မယ်။
ကဲ...စာအုပ်ဖတ်ရင်း ခံစားလိုက်ကြပါဦး။
#Ye Pyae Phyo
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137