စာအုပ်အမည် #ပင်လယ်ထဲကမြစ်
စာရေးသူ #ငဒိန်း
စာအုပ်တိုက် #လင်းလွန်းခင်
မျက်နှာဖုံးပန်းချီ #လင်း၀ဏ္ဏ
ထုတ်ဝေသည့်မှတ်တမ်း - ၂၀၂၁ခုနှစ်၊နို၀င်ဘာလ၊ပထမအကြိမ်
အုပ်ရေ - ၅၀၀
တန်ဖိုး - ၄၀၀၀ကျပ်
စာမျက်နှာ - ၂၃၀
ယနေ့ခေတ် သေင်္ဘာသားတွေရဲ့ ဘ၀အတွေ့အကြုံတွေကို သိရှိခံစားလိုသူတွေအတွက် ဖတ်ရှုသင့်သော ..
ကျွန်တော် အရင်တုန်းက သေင်္ဘာသားတစ်ယောက် သေင်္ဘာတက်ပီဆိုရင် အိမ်ကမိသားစုက လစာကို ထိုင်စောင့်နေရုံပဲလို့ ပေါ့ပေါ့လေးတွေးမိတယ် .. သေင်္ဘာသားဆိုရင် ၀င်ငွေကောင်းတယ်ဆိုပီး သမီးရှင်တွေက မျက်နှာသာ ပေးကြတယ်လို့လည်း ကြားဖူးတယ် .. သေင်္ဘာသားအလုပ်ဆိုတာ လွယ်လွယ်နဲ့ ပိုက်ဆံရတဲ့ အလုပ်ပဲလို့ မှတ်ချက်ချခဲ့ဖူးတယ် ..
ဒီစာအုပ်ဖတ်ပြီး တချို့အကြောင်းအရာတွေ သိသွားတော့ အကယ်၍ တစ်စုံတစ်ယောက်ကများ မင်းကို သေင်္ဘာပေါ်တင်ပေးမယ် .. မင်းလုပ်မလားဆိုပီး မေးလာခဲ့ရင် ရိုက်ကြေး မယူဘဲ တင်ပေးမယ်ဆိုရင်တောင် ကျွန်တော် မလုပ်ဘူးလို့ အပြတ်ပြောမိမှာပဲ ..
ဒီထဲမှာပါတဲ့ အကြောင်းအရာကို ဒီကနေ လေယာဉ်နဲ့ သေင်္ဘာရှိရာ နိုင်ငံကို အဆင့်ဆင့်သွားရတဲ့ တစ်ပိုင်း ၊ သေင်္ဘာပေါ်ကို စတင်ရောက်ရောက်ခြင်း အတွေ့အကြုံက တစ်ပိုင်း ၊ သေင်္ဘာထွက်ပီးနောက် သေင်္ဘာပေါ်က အဖြစ်အပျက်များက တစ်ပိုင်းဆိုပီး ၃ ပိုင်းခွဲပီး Spoiler အနေနဲ့ ပြောပြချင်ပါတယ် .. ဒီစာအုပ်ထဲမှာပါတဲ့ အကြောင်းအရာဖြစ်လို့ တချို့သူတွေရဲ့ အတွေ့အကြုံတွေနဲ့ ကွဲလွဲမှု အနည်းငယ် ရှိကောင်း ရှိနိုင်ပါတယ် ..
မြန်မာနိုင်ငံကနေ သေင်္ဘာရှိရာ နိုင်ငံကို သွားတဲ့အခါမှာ ကြားထဲက လေဆိပ်တွေ ၂ ဆင့် ၃ ဆင့် သွားရတယ် .. immigration ကို ဖြတ်သန်းတဲ့အခါတွေမှာ တွေ့ကြုံရတဲ့ အဆင်မပြေမှု တချို့နဲ့ ရွှေဆိုရင် သံသယ၀င်တတ်တဲ့ နိုင်ငံခြားသားတွေရဲ့ အထင်အမြင်သေးမှုတွေကိုလည်း မြင်တွေ့ရတယ် ..
သေင်္ဘာပေါ်ကို စရောက်တဲ့ အတွေ့အကြုံတွေ ဖတ်ကြည့်ရသလောက်ကတော့ စာရေးသူဟာ ကံကောင်းတယ် ပြောရမယ် .. ကူညီရိုင်းပင်းမယ့်သူရှိတယ် .. သင်ပေးမယ့်သူရှိတယ် .. အချင်းချင်းဖေးမတဲ့ ရွှေ ရွှေချင်းတွေ့တဲ့ သဘောပေါ့ ..
သေင်္ဘာကို ဒေါက်တင်ထားတာကနေ ရေချတာလေးကို ဖတ်ရတာ မျက်စိထဲ မြင်လာတဲ့အထိ အရေးအသားက ပေါ်လွင်အောင် ရေးနိုင်ပါလားနော်လို့ မှတ်ချက်ပြုမိတယ် ..
သေင်္ဘာကို ရေချတဲ့မြို့ သူတို့ မသိ .. ဘယ်ဆီ ဘယ်၀ယ် ထွက်ခွာမည် သူတို့ ကြိုမသိ .. အချိန်တန် အိမ်ကို လစာပို့နိုင်ရေးသာ သူတို့စိတ်ထဲ ရှိပုံရတယ် ..
ကမ်းကနေ ထွက်ခွာလာတာနဲ့ သူတို့ရဲ့ ဘ၀တွေဟာ ပင်လယ်ထဲက လှိုင်းတံပိုးတွေလို ရုန်းကြွ လှုပ်ရှားနေမယ်ဆိုတာတော့ သူတို့တွေ ရိပ်မိကောင်းပါရဲ့ ..
#PyaeArKar
Publisher Name: လင်းလွန်းခင်စာအုပ်တိုက်
Publisher Phone Number: 01 293401, 09 220 1730