#န_န_လ၊ #လင်းဇင်ယော်၊ #နှစ်ကာလများ၊ ၂၀၁၉၊ စက်တင်ဘာ၊ ပထမအကြိမ်၊ စာ ၁၀၅၊ ၂၀၀၀ ကျပ်၊ #မျက်နှာဖုံးဒီဇိုင်း #မောင်ဒေး။
နောက်တစ်အုပ်က ဆရာဝန်စာရေးဆရာ လင်းဇင်ယော်ရဲ့ ဘဝတကွေ့ ဖြတ်သန်းမှု အရေးအသားစာအုပ်။ ဒီစာအုပ်ဟာ မြိတ်ဆေးရုံကြီးရဲ့ နားနှာခေါင်းလည်ချောင်းဌာနမှာ သူ တာဝန်ကျခဲ့စဥ်က အတွေ့အကြုံတွေကို ပြန်လည်ရေးသားထားတာပါ။ ဒီအတွေ့အကြုံတွေကြောင့်ပဲ သူကိုယ်တိုင် နားနှာခေါင်းလည်ချောင်း (နနလ) ဆရာဝန် ဖြစ်လာခဲ့သလားဆိုတာကတော့ သူမှ သိမှာပဲ။ ဒီစာအုပ်မှာက ရောဂါဆိုတဲ့ထောင်မှာ ကာလတစ်ခု အကျဥ်းကျနေခဲ့ရတဲ့ လူတွေအကြောင်း ဖတ်ရပါမယ်။ ဆေးပညာဆိုင်ရာ အခော်အဝေါ်တွေကို သာမန်လူနားလည်အောင် အားထုတ်ရေးသားထားတာမို့ လူတိုင်းအရသာခံ ဖတ်နိုင်မယ့် စာအုပ်တစ်အုပ်ဆိုလဲ မမှားပါဘူး။ အဲ... ဘာအရသာလဲ ဆိုတာကတော့ ဖတ်ကြည့်မှ သိမှာပဲ။
Publisher Name: နှစ်ကာလများ
Publisher Address: အမှတ် ၁၀၄၊ အလုံမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း - ၀၉ ၂၅၄၈၄၈၀၄၈
Publisher Phone Number: 09 254848048