ဒီဝတ္ထုကတော့ အခုခေတ် စားဝတ်နေရေးနဲ့ နှိုင်းယှဉ်ကြည့်ပြီး အိမ်ထောင်ပြုဖို့ စဉ်းစားမယ့်သူများ
အပျိုကြီး လူပျိုကြီးဖြစ်စေမယ့် ဝတ္ထုမျိုးပါ
အိမ်ထောင်သည်ဘဝရဲ့ ဒုက္ခတွေကို
ရင် တမောမောနဲ့ ဖတ်ရပါမယ်
ဇာတ်လမ်းကတော့ ဖြေးဖြေးလေးနဲ့ ဇာတ်သိမ်းကို
ဆဲွခေါ်သွားပါလိမ့်မယ်
လူတွေဟာ တစ်ယောက်နဲ့ယောက် မတူသလို
ဘဝချင်းလဲ တူမှာမဟုတ်ပါဘူး
ဒါကြောင့် အိမ်ထောင်သည်ချင်းလဲ တူမှာမဟုတ်ပါဘူး
ကျောင်းတက်ရင်း အချစ်ကို ဦးစားပေးပြီး
သမီးရည်းစားဘဝကလိုဘဲ အချစ်ရဲ့ ကြည်နူးမူတွေ
ယုယမူတွေ နွေးထွေးမူတွေကို ရရှိမယ်လို့ ထင်ခဲ့တဲ့
"လှိုင်"ဆိုတဲ့ အမျိုးသမီးတစ်ယောက်ကို အိမ်သည်ဘဝကို စမ်းတဝါးဝါးနဲ့ ဖြတ်သန်းရပုံကို အရင်းတည်ပြီး ရေးဖဲွ့ထားပါတယ်
ချစ်လို့ မခဲွနိုင်ဖြစ်ကာ တစ်သက်လုံး တူတူနေဖို့
အိမ်ထောင်ပြုကာမှ စိတ်ကူးနဲ့ လက်တွေ့မှာတော့
တစ်ခြားစီ ဆိုတာကို နားလည်သွားပါတယ်
လောလောဆယ်တော့ ဒီဝတ္ထုကို ဖတ်ပြီး
အိမ်ထောင်ပြုဖို့ အလန်းဝေးနေပါပြီ ????
ဒါကြောင့်မို့ ရည်ရွယ်ချက် ကြီးကြီးထားသော သူများ ဒီဝတ္ထုလေးကို ဖတ်ပြီး
ကိုယ့်ဘက်က ပြင်ဆင်စရာတွေ စုဆောင်းစရာတွေ
လေ့လာစရာတွေ စတာတွေကို သင်ခန်းစာယူဖို့ တိုက်တွန်းချင်ပါတယ်
ရသအနေနဲ့လဲ ရင်ထဲကို "အော်.. ဒီနေရာမှာ ငါသာဆိုရင်" ဆိုတဲ့ စိတ်ကို ဖြစ်စေ တာကြောင့် ကောင်းမွန်တဲ့ရသတွေကို ပေးစွမ်းနေပါလိမ့်မယ်လို့ ပြောချင်ပါတယ်
Shine Htet
Publisher Name: အင်းလျားစာပေ
Publisher Address: အမှတ် ၂၂၅-၂၂၇၊ ပန်းဆိုးတန်းလမ်း အထက် ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်း ၀၁၃၈၇၄၇၅
Publisher Phone Number: 01387475