"နိဂုံးထဲက နိဒါန်း"
ဆန်းကြယ်သားနော်။ နာမည်ရဲ့ အနေအထားက
ကိုယ်တွေ သိခဲ့တာက ဘယ်ကိစ္စမဆို
နိဒါန်းအစပျိုးတယ်၊ ပြီးရင် စာကိုယ်လို့ အဆိုပြုရတဲ့ အလယ်ပိုင်းရောက်တယ်၊ နောက်ဆုံးမှ အဆုံးသတ် နိဂုံးကို ရောက်တယ်။
သူကတော့ ဖြစ်စဥ်တစ်ခုရဲ့ အဆုံးသတ်နိဂုံးထဲကမှ ဆင့်ပွါးဖြစ်စဥ်တွေကို ဆက်လက်ဖြစ်ပေါ်လာဖို့ နိဒါန်းတွေ ဘယ်နှခုလောက် မွေးဖွါးခဲ့တာလဲ?
လွန်ခဲ့သော ဆယ်စုနှစ်တွေက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်တွေကို ပြန်လည်အမှတ်ရစေသလို၊ အဲဒီ့အချိန်က ထားရှိခဲ့တဲ့ အမြင်နဲ့ ယခု ဆယ်စုနှစ်တစ်ခုကျော်ကျော်ကြာပြီးချိန်မှာ လက်ရှိဖြစ်ပျက်နေတဲ့ ကိစ္စရပ်တွေအပေါ် ထားရှိခဲ့တဲ့ အမြင်တွေကွာခြားချက်၊
၁၉၉၄နောက်ပိုင်းမှာဆိုတော့ ကိုယ်လည်း လူ့လောကထဲရောက်ပြီပေါ့၊ ကိုယ်တွေ မိဘရင်ခွင်ထဲ အေးချမ်းစွာ ပျော်ပျော်ပါးပါး ဆော့ကစားနေချိန် ကိုယ်တွေလိုပဲ ကောင်းကင်ကြီးရဲ့ တမိုးအောက်အတူနေကြတဲ့ တခြားကလေးတွေကတော့ စစ်ဘေးတွေ၊ သဘာဝဘေးတွေနဲ့ ပြေးလွှားနေခဲ့ရတယ်။
တချို့တွေ ကျောင်းမတက်ချင်လို့ ကန်ကျောက်နေချိန် တခြားတဖက်မှာ ကျောင်းတက်ချင်လွန်း၊ ပညာရေးကို လိုချင်လွန်းတဲ့ ကလေးတွေ အကြောင်းအရင်းမရှိ ချုပ်နှောင်ခြင်းကို ခံစားနေကြရတယ်။
အတွေးဆိုတာ တွေးနေရင်းနဲ့ အရသာရှိနေပေမယ့် လက်တွေ့မှာ ကိုယ်တွေကရော ကိုယ်လက်လှမ်းမီရာ လက်တကမ်းအတွက် ကိုယ်တွေရော ဘာတွေလက်လှမ်းဖေးမပြီးပြီလဲ?
ကူညီပြီးပြီလဲ?
ဒီလိုအခြေအနေပြစာအုပ်တွေဖတ်ရတိုင်း
ဆရာဇော်ဂျီရဲ့ "သင် သေသွားသော်"ဆိုတဲ့ ကဗျာလေးကို အမြဲရေရွတ်နေမိတုန်းပဲ။
#Zin Nwe Nyunt
Publisher Name: ငါတို့စာပေ
Publisher Address: Yangon Book Plaza သံစျေး ၅လွှာ ၁၇လမ်း ရန်ကုန်။ ဖုန်း - 09 73055543
Publisher Phone Number: 09 73055543