Book Image
မသီတာ(စမ်းချောင်း)

မသီတာ(စမ်းချောင်း) ကို ၁၉၆၆ခုနှစ်၊ ရန်ကုန်မြို့ စမ်းချောင်းတွင် ဦးမြင့်သောင်းနှင့် ဒေါ်လီလီတို့က မွေးဖွားသည်။ ၁၉၈၄ တွင် ဝတ္ထုတိုများကို မဂ္ဂဇင်းအသီးသီးတွင် စတင်ရေးသားခဲ့သည်။ ၁၉၉၀ တွင် ဆရာဝန်ဘွဲ့ရရှိခဲ့ပြီး အယ်ဒီတာ တာဝန်အချို့ကို နာမည်မခံဘဲ တာဝန်ယူခဲ့သည်။ ၁၉၉၃ တွင် နိုင်ငံရေးလှုပ်ရှားမှုများကြောင့် ထောင်ဒဏ် အနှစ်နှစ်ဆယ် ချမှတ်ခံခဲ့ရသည်။
၁၉၉၉ ခုနှစ်တွင် အင်းစိန်ထောင်မှ လွတ်မြောက်ခဲ့သည်။ ယခုအချိန်တွင် ရွှေအမြုတေ မဂ္ဂဇင်းနှင့် ပဲ့တင်သံ ဂျာနယ်တို့တွင် အယ်ဒီတာတာဝန်များ ထမ်းဆောင်လျက်ရှိသည်။
ချိုရှရှပျားရည်နွံအပါအဝင် မဂ္ဂဇင်းဝတ္ထုများ၊ ရောင်စဉ်များရဲ့အဇ္ဈတ္တနှင့် ရသနယ်ခြားအတွင်းရေးအမည်ရှိ စာရေးဆရာများနှင့် အင်တာဗျူးစာအုပ် (လေးနက်အမည်ဖြင့်)၊ တစ် သုည တစ်ဆယ်နှင့် ဆယ်ကျော်သက်တို့ဖတ်ဖို့ ဆောင်းပါးပေါင်းချုပ်၊ မှာတမ်းလက်ဆင့်ကမ်း၊ နေဝန်းနီကာရန်များ (ကဗျာဘာသာပြန်)၊ဆယ်ကျော်သက်တို့ ဆုံးဖြတ်ရမယ့် အချက် ၆ ချက် (သာသာပြန်)၊ The Roadmap (Suragamika ကလောင်ဖြင့်) နှင့် စမ်းချောင်း အင်းစိန် ဟားဗတ် အစရှိသော စာအုပ်များသည် မသီတာ(စမ်းချောင်း) ၏ထွက်ရှိပြီးစာအုပ်များဖြစ်သည်။
PEN Babra Goldsmith Freedom-to-Write Award, Reebok Human Rights Award, Honour Award from AAAS, Freedom of expression Award by Norwegian Writers Union, ရွှေအမြုတေစာပေဆု (ဆောင်းပါး)၊ အလင်္ကာစာပေဆု၊ အမျိုးသားသတင်းဆု (အယ်ဒီတာ့အာဘော်) အစရှိသဖြင့် ပြည်တွင်းပြည်ပ ဆုများချီးမြင့်ခြင်းခံခဲ့ရသည်။[၁]

ကိုးကား[ပြင်ဆင်ရန်]

  1. Jump up စမ်းချောင်း အင်းစိန် ဟားဗတ် - မသီတာ (စမ်းချောင်း) ငါတို့စာပေ ဒုတိယအကြိမ်

Reference from: wikipedia

Written Books

Book Review Image

စမ်းချောင်း အင်းစိန် ဟားဗတ်

မသီတာ(စမ်းချောင်း)
Book Review Image

လန်ဒန်-ရောမ၊ ဥရောပ

မသီတာ(စမ်းချောင်း)
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

နိဂုံးထဲက နိဒါန်း

မသီတာ(စမ်းချောင်း)