Book Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)


စာအုပ်အမည်- ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉
စာရေးသူ- မသီတာ(စမ်းချောင်း)
တန်ဖိုး - ၄၀၀၀ ကျပ်
အကြိမ်- ပထမအကြိမ်၊ ဒီဇင်ဘာလ၊ ၂၀၁၈
စာမျက်နှာ - ၂၅၄
အရွယ်အစား - ၁၀.၂၅ x ၇.၂၅ လက်မ



ဆရာမျိုးမြင့်ညိမ်း အမှာစာမှ 

 ခရီးစဉ်အဖြစ် မွန်ပြည်နယ်သို့ ၁၉၈၈ ဒီဇင်ဘာ ၁၄ ရက်တွင် စတင်ခဲ့ပါသည်။ ပဲခူးတိုင်းကိုဖြတ်ပြီး မွန်ပြည်နယ်အဝင်မှာပင် တိုင်းရင်းသူ တိုင်းရင်းသားများ၏ လှိုက်လှဲစွာ ကြိုဆိုမှုကို ကြုံရပြီး မွန်တိုင်းရင်းသားဝတ်စုံ၊ ကရင်တိုင်းရင်းသားဝတ်စုံ၊ ပအို့တိုင်းရင်းသားဝတ်စုံများ ဝတ်ဆင်၍ ကြိုဆိုနေကြသော ပြည်သူလူထုမှာ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာစေကြောင်း ဆုတောင်းကြွေးကြော်ကြသည်။ မွန်ပြည်နယ်တစ်ခွင် တွေ့ကြရသည့် တိုင်းရင်းသားတို့က သူတို့ကြုံတွေ့ရသည့် အခက်အခဲများ၊ သူတို့ လိုလားမှုများကို ထုတ်ဖော်ပြောကြားသမျှ ဒေါ်အောင်ဆန်းစုကြည်က နားထောင်ပေးရင်း အကြံပြုဆွေနွေးခဲ့ကြပါသည်။ မွန်ပြည်နယ်ခရီးစဉ်သည်လည်း အနှောင့်အယှက် ကင်းခဲ့ပါသည်။

၁၉၈၈ ဒီဇင်ဘာ ၂၇ ရက်နေ့တွင် မိခင်ကြီး ဒေါ်ခင်ကြည် ကွယ်လွန်ခဲ့ပါသည်။ ဒေါ်ခင်ကြည်ဈာပနအခမ်းအနားအပြီး ၁၉၈၉ ဇန်နဝါရီလ ၁၄ ရက်တွင် ဧရာဝတီတိုင်းခရီးစဉ် စတင်ပါသည်။ ဤခရီးသည် တကယ်ပင် စိတ်ပင်ပန်းစရာ၊ စိတ်မောစရာ၊ စိတ်အနှောင့်ယှက် ဖြစ်စရာများနှင့် ကြုံတွေရသော ခရီးဖြစ်ပါသည်။ 

ခရီးမထွက်မီညကပင် မြတ်မေတ္တာရေယာဉ်ပေါ်သို့ လျှို့လျှို့ဝှက်ဝှက် တက်ကြရသည်။ နံနက်မိုးမသောက်မီ မြတ်မေတ္တာရေယာဉ်ဖြင့် ရန်ကုန်မြို့မှ ထွက်ခွာခဲ့ကြပြီး ပထမဆုံးဆိုက်ရောက်ရာ ထနီးမြု့ငယ်လေးမှာပင် အာဏာပိုင်တို့၏ကြမ်းတမ်းသော ဆီးကြိုမှုကို တွေ့ရသည်။ ဒေသခံအဖွဲ့ချုပ် အဖွဲ့ဝင်တို့၏ လှုပ်ရှားမှုများကို ဟန့်တားခြင်း၊ ပိတ်ပင်ခြင်း၊ ရိုက်နှက်ခြင်း၊ ကန်ကြောက်ခြင်း၊ နေပူလှန်းခြင်း၊ မိကျောင်းတက်သွားခိုင်းခြင်း အစရှိသဖြင့် တစ်ရွာတစ်ပုဒ်ဆန်း ညှင်းပန်းနည်း စုံလင်စွာကို ကြုံရကြားရတော့သည်။ အမိန့်ကြေညာချက် ၂/၈၈ သည် အသံချဲ့စက်များမှ အခါမလပ် ထုတ်လွှင့်နေသော ကြေညာချက်ဖြစ်သည်။ စုဝေးဟောပြောပွဲများကို ငါးယောက်ထက်ပို၍ စုဝေးခွင့်မပြုသောကြေညာချက်များကို ထပ်တလဲလဲ ဖွင့်လှစ်ကြေညာနေသည့်အတွက် စုဝေးဆွေနွေးပွဲများ အနှောင့်အယှက်ဖြစ်ရပြီး အချို့နေရာများတွင် ဒေါ်အောင်ဆန်းစုကြည်ဟောပြောချက်ကို စကားစုတစ်စုချင်း၊ တစ်ဖြတ်ချင်း လက်ဆင့်ကမ်းဟောပြောရသည်။ ဧရာဝတီတစ်ဖက်ကမ်းမှ လှေ၊ သငေ်္ဘာများ ဧရာဝတီဖြတ်သန်းခွင့်မရသဖြင့် အနောက်ဖက်ကမ်းမှ အဖွဲ့ဝင်များ ရေအိုးထဲဝတ်စုံထည့်၊ အိုးဖက်ရေကူးပြီး အရှေ့ဘက်ကမ်းသို့ လာရသည်။ သည်မျှမက ဒေါ်အောင်ဆန်းစုကြည်ဟောပြောပွဲအပြီးမှာ မီးသတ်ကားဖြင့် ရေဖျန်းပြီး သန့်စင်ရေးလုပ်ကြသေးသည်။ ဤခရီးကား ပြောစရာများလှပါသည်။ 


Publisher Name: စာနဒီ စာအုပ်တိုက်

Publisher Address: အမှတ်-၉၇၃၊ ပျဉ်းမမြိုင်လမ်း၊ ၃၄ ရပ်ကွက်၊ မြောက်ဒဂုံမြို့နယ်၊ ရန်ကုန်မြို့။

Publisher Phone Number: 095071196, 095071197


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်