Book Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )

အေးဝင်း ( လမင်းတရာ )
ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်
တိုးမြစ် စာအုပ်တိုက်၊
ဒုတိယအကြိမ်၊ ၅ နိုဝင်ဘာ ၂၀၁၉။
မျက်နှာဖုံးပန်းချီနှင့် ဒီဇိုင်း - ဇော်မောင်။
၁၃.၆ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - က မှ ယ နှင့် ၁၅၆၊ တန်ဖိုး - ကျပ် ၃၀၀၀။




ဂျူး၏ အမှာစာ၊ ၂၆ ဖေဖော်ဝါရီ ၂၀၁၄ ရက်စွဲဖြင့်ရေးသားထားသော မောင်မှိုင်းလွင် ( အင်းဝ ) ၏ အမှာစာ '' မုန်တိုင်း ထဲက ငှက်ငယ်လေး''၊ ၃ မတ် ၂၀၁၄ ရက်စွဲဖြင့်ရေးသားထား သည့် မေငြိမ်း၏ အမှာစာ၊ ၃ စက်တင်ဘာ ၂၀၁၈ ရက်စွဲဖြင့်ရေးသား ထားသော စာရေးသူ၏ အမှာစာ၊ ဓာတ်ပုံမှတ်တမ်းများ နှင့် အက္ခရာစဉ် အညွှန်းတို့ ပါရှိသည်။

'' ကျောင်းပြေး၊ အိမ်ပြေး၊ ထောင်ပြေး၊ ရဲဘက်ပြေး၊ ပြည်ပြေး စတဲ့ အပြေးတွေထဲမှာ ကျနော်က 
'ဝရမ်းပြေး'။ တစ်နေ့မှာ ထောင်ကျဘက် သူငယ်ချင်း တစ်ယောက်နဲ့ ကန်တော်ကလေး ပုဂံစာအုပ်တိုက်ရှေ့က ဖြတ်လျှောက်လာတော့ ပုဂံ ကိုချောက 
သူငယ်ချင်းကို မြင်လို့ လှမ်းနှုတ်ဆက်တယ်။ မတွေ့တာ ကြာပြီ၊ ဘယ်ပျောက်နေတာလဲပေါ့။ သူငယ်ချင်းဖြေပုံ က အဖြေကောင်း။ ငယ်ငယ်တုန်းက ကျောင်းပြေးတာ ကြီးလာ တဲ့ အထိ အရှိန်မသေတော့ ပြည်ပြေး ဖြစ်သွား လို့ ထောင်ကျ သွားတယ်တဲ့။ ကိုယ့်ကျတော့ ကျောင်းနေတုန်းက ကျောင်းပြေး၊ နိုင်ငံရေးလုပ်တော့ ဝရမ်းပြေး။ '' ဟု အစပျိုးထားသော '' ကျနော်ဝရမ်းပြေး'' တွင် အခန်း ၈ ခန်းနှင့် နိဂုံးပိုင်းတို့ ပါရှိသည်။

'' အပူသည်၊ သဘင်သည်၊ ခရီးသည်၊ ဧည့်သည် စတဲ့ '.....သည်' တွေ အများကြီးထဲမှာ ကျနော်က ဒုက္ခသည်။ ထိုင်း နိုင်ငံ၊ ဘန်ကောက်မြို့၊ ရာ့ဂ်ျချဒါမ်နွန်လမ်း မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးက အသိအမှတ်ပြုတဲ့ ဒုက္ခသည်။ဒီဘဝကို ရောက်လာခြင်း အစက ဒီလို။ '' ( စာမျက်နှာ ၅၇ မှ ) ဟု စတင်ဖော်ပြ ထားသော '' ကျနော် ဒုက္ခသည် '' တွင် အခန်း ၁၂ ခန်း ပါရှိသည်။

'' ကိုယ်တို့ ဘန်ကောက်ဒုက္ခသည် ဖြစ်နေတုန်းက ပြေးရင်းလွှားရင်းမှာ ခလုတ်တိုက်ခဲ့သူတချို့ကို ဒီနေ့ခေတ်မှာ ပြန်ကြည့်မိတယ်။ ဒုက္ခသည်ခံယူဖို့ ထိုင်းနိုင်ငံ ကို လေယာဉ်နဲ့ ထွက်လာပြီး လေယာဉ်စီးပြီး ပြည်တွင်း ပြန်ဝင်သွားတဲ့ လူတွေလည်း တွေ့ရတယ်။ သူတို့ ဆန့် ကျင်တိုက်ခိုက်ခဲ့တဲ့ စစ်အစိုးရဆီမှာပဲ ခြေဆုပ်လက်နယ် ဆေးပေးမီးယူလုပ်ရင်း နိုင်ငံရေးပွဲစားလိုလို ဘာလိုလိုတွေလည်း တွေ့နေရ။ အကောင်ကလေးတွေ ကနေ ယောင်ကြီးတွေ ဖြစ်ကုန်ကြတာ တွေ့နေရတယ်။ လူ့အခွင့်အရေး လူ့အခွင့်အရေး တစာစာ အော်ရင်းက လူ့အခွင့်အရေး ချိုးဖောက်သူတွေနဲ့ ပူးကပ် သွားကြ တယ်။ ယုန်နဲ့အတူ ပြေးနေရာက ခွေးနဲ့အတူ လိုက်ကုန်ကြတယ်။ ခွေးနဲ့အတူလိုက်ရင်း ခွေးဓာတ်ကူးသွားလို့ 
ကိုက်ကုန်ကြတာလည်း မနည်း။ နှစ်ကာလတွေက ဆယ်စုနှစ် သုံးစုပဲ ရှိသေး'' ( စာရေးသူ၏ အမှာစာ မှ )

၁၁ ဇူလိုင် ၁၉၈၉ မှ ၂၃ ဧပြီ ၁၉၉၁ အထိကာလအတွင်း ဝရမ်းပြေးနှင့် ဒုက္ခသည်အတွေ့အကြုံတို့ကို ပွင့်ပွင့်လင်း လင်း ထုတ်ဖော် ရေးသားထားသည်။

'' ဒေါ်ဒေါ် ( လူထု ဒေါ်အမာ ) ပြောသလို ' မင်းတို့ စာမရေးရင် ဟိုလူတွေ ဝမ်းသာနေမှာပေါ့ ' တဲ့။
ကိုအေးဝင်း စာရေးပါတယ်။သမိုင်းခေတ်ကြေးမုံပြင်ထဲက မုန်တိုင်းမိငှက်ငယ်လေးရဲ့ မှန်ကူတစ်ကွက်'' ဟု ဆရာ မောင်မှိုင်းလွင် ( အင်းဝ ) ၏ အမှာစာတွင် ဖော်ပြထားပါကြောင်း။

မိုးမင်းသိမ်း
၁၂ နိုဝင်ဘာ ၂၀၁၉


Publisher Name: တိုးမြစ်စာအုပ်တိုက်

Publisher Address: အမှတ် ၁၇၀ (ဒုတိယထပ်) ဗိုလ်ချုပ်အောင်ဆန်းလမ်း (၄၅လမ်းနဲ့ မျက်နှာချင်းဆိုင်) ပုဇွန်တောင်၊ ရန်ကုန် 09449523317

Publisher Phone Number: 09449523317


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်