Book Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​

အိမ်​​စောင်​့အစိုးရ

မြန်​မာပြန်​ - စည်​သူ​ကျော်​
တန်​ဖိုး - ၁၂၀၀၀ ကျပ်​
ရန်ကုန်လမ်းမများ စာ​ပေ




ဗမာပြည် လွတ်လပ်ရေးရရှိဖို့ ရေှ့တန်းက ဦးဆောင်ပါဝင်ခဲ့ပြီး အမျိုးသား တပ်ဦးအဖွဲ့အစည်းကြီးတစ်ရပ်ဖြစ်တဲ့ ဖဆပလ အဖွဲ့ကြီးဟာ ၁၉၅၈ ခုနှစ်၊ ဧပြီလမှာ ၂ ခြမ်း ကွဲသွားခဲ့ရပါတယ်။ ဒီလို ၂ ခြမ်း ကွဲသွားရခြင်းဟာ ဖဆပလအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ လည်းဖြစ်၊ အစိုးရအဖွဲ့ ဝန်ကြီးချုပ်လည်းဖြစ်တဲ့ သခင်နု(ဦးနု) တစ်ဦးတည်းရဲ့ သဘောထားနဲ့ ဆုံးဖြတ် လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပါတယ်။ ဒီနေရာမှာ ဖဆပလအဖွဲ့ကြီး ၂ ခြမ်းကွဲရတာဟာ သခင်နု(ဦးနု)နဲ့ ဦးကျော်ငြိမ်းတို့ကြားက ပုဂ္ဂိုလ်ရေး အာဃာတတွေ၊ ကာလရှည်ကြာ အမြစ်တွယ်လာခဲ့တဲ့ မုန်းတီးမွု ရန်ငြိုးတွေ၊ ဘာမဟုတ်တဲ့ ကိစ္စ လို့ဆိုနိုင်ပေမယ့် အမွိုက်ကစ ပြဿဒ်မီးလောင်သွားတဲ့ ကိစ္စမျိုးတွေ (ဥပမာ- ဦးနုနဲ့ ဦးကျော်ငြိမ်းတို့ရဲ့ အပြန်အလှန် ပေးစာထဲမှာပါတဲ့ အစည်းအဝေးခန်းမထဲကို ဝန်ကြီးချုပ် ဝင်လာ ချိန်မှာ ဦးကျော်ငြိမ်းတို့က မတ်တပ်ရပ် အရိုအသေ မပေးတဲ့ကိစ္စ)ကြောင့်လို့ လူအများ ပြောဆိုနေကြပေမယ့် သေချာတာ တစ်ခုကတော့ ဣသာ၊ မစ္ဆရိယအပေါ် အခြေခံတဲ့ နိုင်ငံရေးယဉ်ကျေးမွုဟာ အဲဒီအချိန်က တည်းက ဗမာ့နိုင်ငံရေးလောကမှာ အမြစ်တွယ်နေခဲ့ပါပြီ။

 အခုစာအုပ်မှာ ဗိုလ်မှူးချုပ် မောင်မောင် သုံးသပ်ထားတဲ့ ဖဆပလ အကွဲအပြဲကတော့ ဦးနု ဝန်ကြီးချုပ် ရာထူးက ၁ နှစ် အနားယူထားပြီး ဦးဗဆွေက ဝန်ကြီးချုပ်ရာထူး ရယူထားချိန်၊ ဦးနု ဗုဒ္ဓဂါယာက ဘုရားဖူးပြန် လာချိန်မှာ စတင်ခဲ့တယ်လို့ သုံးသပ်ထားပါတယ်။ ဦးနု ဗုဒ္ဓဂါယာကို ဘုရားဖူး သွားနေခိုက် တစ်နေ့သောညဖက် အချိန်မှာ ယာယီဝန်ကြီးချုပ်အဖြစ် တာဝန်ယူထားသူ ဦးဗဆွေရဲ့ ဝန်ကြီးချုပ် အိမ်ဂေဟာမှာ ပုံမှန် အစည်း အဝေးတစ်ခု ကျင်းပပြုလုပ်ခဲ့ကြပါတယ်။ အဲဒီအစည်းအဝေးမှာ ဆိုရှယ်လစ်ပါတီရဲ့ ခေါင်းဆောင်တွေဖြစ်တဲ့ ဦး ဗဆွေ၊ ဦးကျော်ငြိမ်း၊ မြန်အောင် သခင်ချစ်မောင်၊ သခင် စန်းမြင့်၊ ဦးထွန်းဝင်း(ဌာနလက်ကိုင်မရှိ ဝန်ကြီး)စတဲ့ နိုင်ငံရေးလောကက ပုဂ္ဂိုလ်တွေ၊ ဗိုလ်ချုပ်ကြီး နေဝင်း၊ ဗိုလ်မှူးကြီး မောင်မောင်၊ ဗိုလ်မှူးကြီး အောင်ကြီး၊ ဗိုလ်မှူးကြီး ကြည်ဝင်း၊ ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်၊ ဒု-စစ်ထောက်ချုပ် ဗိုလ်မှူးကြီး သိန်းမောင်၊ စစ်ထောက်ချုပ် ဗိုလ်မှူးချုပ် တင်ဖေ အစရှိတဲ့ ဆိုရှယ်လစ်တပ်မှူးတွေ ရှိနေခဲ့ကြပါတယ်။

အဲဒီအစည်းအဝေးမှာ ချောက်မြို့က တပ်မဟာ(၁၂) တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်း(ဦးဗဆွေနှင့် မယားညီအစ်ကို)က နိုင်ငံရေးလောကကနေ ဘေးထွက်ထိုင်နေချင်တဲ့ ဦးနုရဲ့ဆန္ဒ ပြည့်ဝရလေအောင် နောက် လာမယ့် ရွေးကောက်ပွဲ အပြီး ဦးနုကို သမ္မတရာထူး တင်မြေှာက်၊ ဦးဗဆွေ ဒါမှမဟုတ် ဦးကျော်ငြိမ်းက ဝန်ကြီး ချုပ်အဖြစ် တလှည့်စီ တာဝန်ယူကြဆိုတဲ့ အကြံဉာဏ်မျိုး ပေးခဲ့တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း အစည်း အဝေးမှာ ရှိနေကြတဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်း အပါအဝင် အခြားသူတွေဟာ ဗိုလ်မှူးကြီး ကြည်ဝင်းရဲ့ အကြံဉာဏ် အပေါ် အလေးအနက် စိတ်ထဲ မထားခဲ့ကြဘဲ ဗိုလ်ချုပ်ကြီး နေဝင်းလိုလူမျိုးကတောင် ဘာမှ ဝင်မပြောခဲ့ဘူးလို့ ဖော်ပြပါတယ်။

 အခု ကျင်းပပြုလုပ်ခဲ့တဲ့ အစည်းအဝေးဟာ ဆိုရှယ်လစ်ပါတီရဲ့ inner circle အတွင်းလူများ အစည်း အဝေးဖြစ်တာကြောင့် အထက်ပါ အစည်းအဝေးတက်ရောက်သူတွေအပြင် အခြားသူတွေ ရှိမနေပါဘူး။ ဒါပေမယ့်လည်း ဦးနု ဗုဒ္ဓဂါယာက ပြန်လာပြီး မင်္ဂလာဒုံလေဆိပ်အရောက် လေယာဉ်ပေါ်ကတောင် မဆင်းရသေးတဲ့ အချိန်မှာ သခင်တင် နဲ့ သခင်ကျော်ဒွန်းတို့က လေယာဉ်ပေါ်အထိ တက်ပြီး ဒီအကြောင်းကို ပြောပြခဲ့ကြ ပါတယ်။ (သခင်တင်၊ သခင်ကျော်ဒွန်း တို့ဟာလည်း မူလက ဆိုရှယ်လစ်ပါတီဝင်တွေ ဖြစ်ကြပေမယ့် ပါတီ လက်ရင်းပိုင်းကျတဲ့ အတွင်းလူတွေ မဟုတ်ကြတာကြောင့် ဒီ အစည်းအဝေးကို တက်ရောက်ခွင့် မရခဲ့ကြပါဘူး။ နောက်ပြီးတော့ သခင်တင်ဟာ ကျဆုံးသွားတဲ့ သခင်မြရဲ့ မျက်နှာကြောင့်သာ ဗတလစ ဥက္ကဋ္ဌနဲ့ ဆိုရှယ်လစ် ပါတီဝင် ဖြစ်လာရပေမယ့် နောက်ပိုင်းမှာ သခင်တင်ရော သခင်ကျော်ဒွန်းပါ ဆိုရှယ်လစ်ပါတီကနေ ခွာပြဲသွားခဲ့ ကြရပါတယ်။) အဲဒီအကြောင်းကို ကြားတဲ့ သခင်နုဟာ အင်မတန် စိတ်ဆိုးဒေါသ ထွက်သွားတာကြောင့် လေဆိပ် ဧည့်ခန်းမဆောင်မှာ လာကြိုနေတဲ့ ဦးဗဆွေ၊ ဦးကျော်ငြိမ်းနဲ့ အစိုးရအဖွဲ့ဝင်တွေကိုတောင် နှုတ်မဆက် နိုင်ဘဲ သခင်တင်၊ သခင်ကျော်ဒွန်းတို့ နဲ့အတူ သူ့ရဲ့နေအိမ်ကို ကတိုက်ကရိုက် ပြန်သွားခဲ့ပါတယ်။ (ဆိုရှယ်လစ် ပါတီ အတွင်းလူများ အစည်းအဝေးက ပြောစကားတွေ ဘယ်လို၊ ဘယ်ပုံ ပေါက်ကြား သွားခဲ့တယ်ဆိုတာ ကလည်း စိတ်ဝင်စားစရာပါ။)

အဲဒီနောက်မှာတော့ ဖဆပလအဖွဲ့ကြီးရဲ့ အကွဲအအက်ကြောင်းကြီး ပိုမို ကြီးမားလာပြီး နောက်ဆုံး နု-တင်၊ ဆွေ-ငြိမ်း ဆိုပြီး ကွဲသွားရတဲ့အထိ ဖြစ်သွားရတယ်လို့ ဗိုလ်မှူးချုပ် မောင်မောင်က သုံးသပ်ထားပါတယ်။ ဒါ့အပြင် ဦးနု ဝန်ကြီးချုပ် ရာထူးကနေ ခေတ္တ အနားယူထားချိန်မှာ သူ့ရဲ့အိမ်မှာ အတိုက်အခံပါတီက ခေါင်း ဆောင်တွေ၊ တောခို လက်နက်ကိုင်အဖွဲ့အစည်းက လှျို့ဝှက် ကိုယ်စားလှယ်တွေနဲ့ တိုင်ပင်ဆွေးနွေးနေခဲ့ပြီး ဦးနု ဝန်ကြီးချုပ် တာဝန်ပြန်ယူချိန်မှာ တောခို လက်နက်ကိုင်အဖွဲ့အစည်းတွေအတွက် အထွေထွေ လွတ်ငြိမ်း ချမ်းသာခွင့်နဲ့ ပါလီမန်ရွေးကောက်ပွဲတွေမှာ တရားဝင် ဝင်ရောက်ယှဉ်ပြိုင်ကြပြီး လွွတ်တော် ကိုယ်စားလှယ်တွေ အဖြစ်နဲ့ ပါလီမန် ဒီမိုကရေစီလမ်းကြောင်းပေါ် လေှျာက်လှမ်းကြဖို့ ကမ်းလှမ်းခဲ့ပါတယ်။

 ဒါပေမယ့်လည်း တပ်ဖက်က တပ်မတော်အရာရှိကြီး တွေရဲ့ စိတ်ထဲမှာ လွတ်လပ်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့စဉ်က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ (ကွန်မြူနစ်တွေ၊ ရဲဘော်ဖြူတွေ)ကို ကိုယ်တိုင်လည်း ပစ်ခတ်သတ်ဖြတ်၊ ပစ်ခတ်သတ်ဖြတ်ဖို့လည်း အမိန့်ပေးနေရတဲ့ အော့နှလုံးနာဖွယ် ကိစ္စ တွေကို အထက်အမိန့်အရလုပ်နေရတဲ့ကြားထဲ လက်နက်ကိုင် အဖွဲ့အစည်းတွေ ကျူးလွန်ထားတဲ့ လူသတ်၊ မီးရွို့၊ မုဒိန်းမွုတွေပါ မကျန် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်ဆိုတဲ့ ဦးနုရဲ့ လွတ်ငြိမ်း ချမ်းသာခွင့် ကမ်းလှမ်းချက်ကို လုံးဝ လက်မခံလိုကြပါဘူး။

 ဒီကြားထဲ လွွတ်တော်မှာ ဆွေ-ငြိမ်းတို့က နု-တင် အစိုးရအပေါ် အယုံ အကြည်မရှိ အဆိုတင်သွင်း ရွုံးနိမ့်၊ အဲဒီနောက် ဝန်ကြီးချုပ် သခင်နုက လွွတ်တော်မှာ တင်သွင်းဆုံးဖြတ် အတည်ပြုချက်ရယူရမယ့် ဘတ်ဂျက်ငွေစာရင်းကို သမ္မတအမိန့်ပြန်တမ်းနဲ့ အတည်ပြုခဲ့တာကလည်း ပါလီမန် ဒီမိုကရေစီစနစ်ရဲ့ ထုံးတမ်းစဉ်လာတွေကို သွယ်ဝိုက်သောအားဖြင့် ချိုးဖောက်တာဖြစ်တယ်လို့ တပ်မတော် တပ်မှူးကြီးတွေက ယူဆလာခဲ့ကြပါတယ်။
 အဲဒီလို အဲဒီလို အကြောင်းပေါင်းစုံလာတဲ့အချိန်မှာ ဆိုရှယ်လစ်တွေနဲ့ နီးစပ်တဲ့ တပ်မဟာမှူးကြီးတွေ ဟာ မန္တလေးမှာရှိတဲ့ ဗိုလ်မှူးချုပ်အောင်ရွွေရဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှာ တွေ့ဆုံစည်းဝေးကြပြီး အာဏာ သိမ်းဖို့ ကြံစည်ခဲ့ကြပါတော့တယ်။ အဲဒီ အစည်းအဝေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် အောင်ရွွေ၊ ဗိုလ်မှူးချုပ် အောင်ရွွေရဲ့ စစ်ဦးစီးအရာရှိ (ဒုတိယတန်း) ဒုတိယဗိုလ်မှူးကြီး ချစ်ခိုင်၊ ချောက်မြို့က တပ်မဟာ(၁၂) တပ်မဟာမှူး ဗိုလ်မှူးကြီး ကြည်ဝင်း၊ တောင်ပိုင်းတိုင်း စစ်ဋ္ဌာနချုပ်လက်အောက်ခံ ဘားအံက တပ်မဟာ(၆)တပ်မဟာမှူး ဗိုလ်မှူးကြီး လှမော်တို့ တက်ရောက်ခဲ့ကြပါတယ်။ (အဲဒီ အစည်းအဝေး မတိုင်မီ မှာလည်း တပ်မှူးကြီးအချို့က အစည်းအဝေးတွေ မကြာခဏ ကျင်းပပြုလုပ်ခဲ့ ကြပြီးပါပြီ) သူတို့တွေရဲ့ ပထမ ရည်ရွယ်ချက်က လွွတ်တော်အမတ်တွေ ဆွေ-ငြိမ်း တို့အပေါ် ထောက်ခံလာစေဖို့ ဖိအားပေးရုံသက်သက် ဖြစ်ပေမယ့် ဦးနုက ဘတ်ဂျက်ငွေစာရင်းကို သမ္မတအမိန့်နဲ့ အတည်ပြုလိုက်ပြီးနောက်မှာတော့ စစ်အာဏာ သိမ်းဖို့ ဆုံးဖြတ်လိုက်ကြ ပါတော့တယ်။

အဲဒီအကြောင်းတွေကို သတင်းတွေရထားတဲ့ ဗိုလ်ချုပ်ကြီး နေဝင်းက သူ့ရဲ့ စစ်ဦးစီးအရာရှိ ဗိုလ်မှူးကြီး မောင်မောင်ကို ပြန်ပြောပြခဲ့ပါတယ်။ အဲဒီအခါ ပါလီမန်ဒီမိုကရေစီစနစ်ကို အထိအခိုက် မဖြစ်စေလိုတဲ့ ဗိုလ်မှူးကြီး မောင်မောင်က တပ်မှူးကြီးတွေရဲ့ စစ်အာဏာသိမ်းမွုကို သွားရောက်တားဆီးဖို့ လုပ် တဲ့အခါမှာ ဗိုလ်ချုပ်ကြီး နေဝင်းက "မသွားနဲ့ဦးကွ။ ဒီကောင်တွေ ဘယ်လောက်အထိ လုပ်နိုင်မယ်ဆိုတာ စောင့် ကြည့်ကြသေးတာပေါ့" လို့ ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။ (အမှန်စင်စစ် ဒီအကြောင်းအရာတွေ အားလုံးကို ဗိုလ်ချုပ်ကြီး နေဝင်းက ကောင်းကောင်းသိထားတဲ့အပြင် ၁၉၄၉ ခုနှစ်၊ လက်ဝဲညီညွတ်ရေးလမ်းစဉ်ဆိုပြီး သခင် သိန်းဖေ(တက်ဘုန်းကြီး သိန်းဖေမြင့်)တို့နဲ့အတူ လုပ်နေကြစဉ်ကတည်းက ဗိုလ်ရဲထွဋ်ကတဆင့် တောတွင်း ရောက် သခင်သန်းထွန်း ကမ်းလှမ်းလာတဲ့ ကွန်မြူနစ်တွေအတွက် အာဏာသိမ်းပေးရင် သခင်သန်းထွန်းက ဝန်ကြီးချုပ်တာဝန်ယူမယ်။ ဗိုလ်နေဝင်းကို ကာကွယ်ရေးဝန်ကြီးခန့်မယ် ဆိုတဲ့ ကမ်းလှမ်းချက်ကိုတောင် လက်ခံ ခဲ့ဖူးပါတယ်။)

 ဒါကြောင့် အာဏာသိမ်းချင်းသိမ်းရင် တိုင်းပြည်မနာရအောင်နဲ့ ပါလီမန်ဒီမိုကရေစီစနစ် မပျက်ယွင်း ရလေအောင် သူကပဲ ဦးအောင် အာဏာသိမ်းပြီး ယိုယွင်းနေတဲ့ ပါတီနိုင်ငံရေးစနစ်၊ လက်နက်ကိုင်ပုန်ကန်မွု အခြေအနေ၊ တိုင်းပြည်စီးပွားရေးအခြေအနေတွေကို ပြန်လည်ပြုပြင်တည့်မတ်နိုင်တဲ့နောက် ရွေးကောက်ပွဲ လုပ်ပြီး အရပ်သား အစိုးရလက်ထဲ အာဏာပြန်အပ်ဖို့ ဗိုလ်မှူးကြီး မောင်မောင်က ဆုံးဖြတ်လိုက်ပါတယ်။ အဲဒီ နောက်မှာတော့ အများသိကြပြီးဖြစ်တဲ့ ၁၉၅၈ အိမ်စောင့်အစိုးရ ဖြစ်ပေါ်လာဖို့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်တင်ဖေတို့က ဦးနုဆီသွားရောက် အာဏာတောင်းခဲ့ပါတော့တယ်။(ဒီနေရာမှာ ဦးနုထံက အာဏာလွွဲပြောင်းပေးဖို့ ဗိုလ်မောင်မောင်တို့က ၃၊ ၄ ကြိမ်ခန့် တိုင်ပင်ဆွေးနွေးခဲ့ကြပြီး အဲဒီလို ဆွေးနွေးကြချိန် မှာလည်း ဦးနုရဲ့ အကြံပေး ဦးအုန်း (ဗိုလ်မောင်မောင်ရဲ့ အစ်ကိုဝမ်းကွဲ) ကတဆင့် ကမ်းလှမ်းမွုတွေ ပြုလုပ်ခဲ့တဲ့ အပြင် တိုင်ပင်ဆွေးနွေးနေချိန်မှာ ဦးနုနဲ့အတူ ဦးအုန်းလည်း ရှိနေခဲ့တယ်လို့ ဗိုလ်မောင်မောင်က ရေးထား ပါတယ်) အဲဒီအချိန်မှာ ဦးနု ကိုယ်တိုင်အပြင် ဦးနုရဲ့ အစိုးရအဖွဲ့ဝင်တွေဖြစ်တဲ့ ဗိုလ်မှူးအောင်၊ ဗိုလ်မင်းခေါင် (ရဲဘော်သုံးကျိပ်ဝင်များ)တို့က သူတို့အပေါ် ဘယ်လိုလေယူလေသိမ်း၊ ဘယ်လို မျက်နှာပေးမျိုးနဲ့ ဆက်ဆံ ခဲ့တယ်ဆိုတာကိုပါ ဗိုလ်မောင်မောင်က မှတ်မှတ်ထင်ထင် ထည့်သွင်းရေးသား ဖော်ပြထားပါတယ်။

 နောက်ပိုင်း ဗိုလ်ချုပ်ကြီး နေဝင်းက အိမ်စောင့်အစိုးရ ဖွဲ့စည်းတဲ့အခါမှာ ဗိုလ်မောင်မောင်နဲ့ ဗိုလ်အောင်ကြီးတို့ကို အစိုးရအဖွဲ့ထဲကို ခေါ်ယူခဲ့ပေမယ့် ဗိုလ်မောင်မောင်တို့က ငြင်းပယ်ခဲ့ကြပြီး sub cabinet ပုံစံမျိုးနဲ့ ဗိုလ်မောင်မောင်က ပြည်တွင်း လုံခြုံရေးနှင့် လက်နက်ကိုင်ပုန်ကန်မွု ချုပ်ငြိမ်းပပျောက်ရေး၊ ဗိုလ်အောင်ကြီးက စီးပွားရေး စတာတွေကို အသီးသီး တာဝန်ခွဲဝေယူခဲ့ကြပါတယ်။ ဒါ့အပြင် ကြံရည်ဖန်ရည်ရှိပြီး အရည်အချင်းရှိတဲ့ တပ်မတော် အရာရှိတွေကိုလည်း အစိုးရဝန်ကြီးဌာန၊ ဘုတ်အဖွဲ့နဲ့ ကော်ပိုရေးရှင်း တွေဆီကို စေလွွတ်ပြီး ဖဆပလအစိုးရ လက်ထက် ၁၀ နှစ် ၁၀ မိုး တိုင်တိုင် အလွဲလွဲ အချော်ချော် ဖြစ်နေခဲ့တဲ့ အုပ်ချုပ်စီမံ ခန့်ခွဲရေး မဏ္ဍိုင်ကို တည့်မတ်ပေးဖို့ ကြိုးစားခဲ့ကြပါတယ်။ (အဂတိလိုက်စားမွုတွေ ပွထနေတဲ့ ပကရဖ ခေါ် ပြည် ထောင်စု ကောက်ပဲသီးနှံ ရောင်းဝယ်ရေး ဘုတ်အဖွဲ့၊ မြန်မာ့မီးရထား၊ ပြည်တွင်းရေကြောင်း၊ လေကြောင်း သယ်ယူ ပို့ဆောင်ရေး၊ စီမံခန့်ခွဲမွု လွဲမှားနေတဲ့ ဘီပီအိုင်ဆေးဝါးစက်ရုံ၊ အစိုးရပိုင် ပရိဘောဂစက်ရုံ စတဲ့ အစိုးရပိုင်လုပ်ငန်းကြီးတွေကိုလည်း ငွေရေးကြေးရေးပိုင်းအပြင် လုပ်ငန်းပိုင်းအရပါ အောင်မြင်လာအောင် အတတ်နိုင်ဆုံး ပြင်ဆင် တည့်မတ်ပေးနိုင်ခဲ့ကြပါတယ်။)

ဒါပေမယ့်လည်း အိမ်စောင့်အစိုးရရဲ့သက်တမ်း ၁နှစ်ခွဲ ဟာ အင်မတန်တိုတောင်းလွန်းလှတဲ့အတွက် တိုင်းပြည်အတွက် အကျိုးဖြစ်ထွန်းစေမယ့် စီမံကိန်းတွေကို စိတ်ရှိလက်ရှိ လုပ်ဆောင် မပေးနိုင်ခဲ့ဘူးလို့လည်း ဗိုလ်မှူးချုပ် မောင်မောင်က ဝန်ခံထားပါတယ်။ 

 ထူးခြားချက်တစ်ခုအနေနဲ့ ရန်ကုန် တက္ကသိုလ် ရူပဗေဒဌာန ပါမောက္ခ ဒေါက်တာလှညွန့်ရဲ့ ကြိုးပမ်းမွုကြောင့် နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီ(IAEA)ရဲ့ ပံ့ပိုးကူညီထောက်ပံ့မွုနဲ့ ရန်ကုန်တက္ကသိုလ်မှာ အသေးစား အဏုမြူဓါတ်ပေါင်းဖို တစ်လုံး ဆောက်လုပ်ဖို့ စီမံကိန်းရှိခဲ့ပေမယ့် အိမ်စောင့်အစိုးရရဲ့ ဘတ်ဂျက်အကန့်အသတ်၊ ပေးရမယ့် မြေနေရာ အခက်အခဲတွေကြောင့် ဗမာပြည်ရဲ့ အဏုမြူ စွမ်းအင်ကဏ္ဍ တစ်ခေတ်ဆန်းမယ့်အစီအစဉ် ပျက်ပြားသွားခဲ့ရ တာကိုလည်း တွေ့ရပါတယ်။
 အိမ်စောင့်အစိုးရလက်ထက် နောက်ထပ် ထူးခြားမွုတစ်ခုအနေနဲ့ ဒီမိုကရေစီအစိုးရတွေတောင် ပြုနိုင် ခဲတဲ့ Public Relations ကို ပိုင်ပိုင်နိုင်နိုင် လုပ်ဆောင်ခဲ့တာကိုလည်း တွေ့ရပါတယ်။ အဲဒါကတော့ အိမ်စောင့် အစိုးရရဲ့ ၃ လပတ် ဆောင်ရွက်ချက်တွေကို သတင်းမီဒီယာတွေနဲ့ ခေါ်ယူတွေ့ဆုံ သတင်းစာရှင်းလင်းပွဲ ပုံမှန် (အိမ်စောင့်အစိုးရရဲ့ သက်တမ်း ၁ နှစ်ခွဲအတွင်း) ကျင်းပပြုလုပ်ခဲ့ပြီး အဲဒီ ရှင်းလင်းပြောကြားမွု၊ သတင်းစာ တွေရဲ့ ပြန်လှန်မေးခွန်း မေးမြန်းမွုတွေကို ရေဒီယိုကတဆင့် ထုတ်လွွင့်ကြေညာပေးခဲ့တာပါပဲ။ အဲဒီ သတင်းစာ ရှင်းလင်းပွဲတွေမှာ လက်နက်ကိုင်ပုန်ကန်မွု နှိမ်နင်းရေးအခြေအနေတွေ၊ တိုင်းပြည် စီးပွားရေး အခြေအနေ တွေနဲ့ ရွေးကောက်ပွဲကျင်းပပြုလုပ်ပေးမယ့် အခြေအနေတွေကို သတင်းစာသမားတွေက စစ်စစ်ပေါက်ပေါက် မေးမြန်းခဲ့သလို ဗိုလ်မှူးကြီး မောင်မောင်တို့အဖွဲ့က ရေရေရာရာ ပြန်လည်ရှင်းလင်း ပြောကြားခဲ့တာ တွေကြောင့် ယာယီ အာဏာလွွဲပြောင်းရယူထားတဲ့ အိမ်စောင့်အစိုးရ ဖြစ်ပေမယ့်လည်း "ပြည်သူ့အသံ"ကို နား စွင့်ခဲ့တယ်ဆိုတာ လှစ်ခနဲ မြင်တွေ့လိုက်ရပါတယ်။ အဲဒီနောက် ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့က သစ္စာ မဲ့တဲ့ စစ်ခေါင်းဆောင်တွေကြောင့် စစ်အာဏာသိမ်းမွုတွေ ပေါ်ပေါက်မလာရလေအောင် အမြဲတမ်းတပ်မတော် ရဲ့ အင်အားချိန်ခွင်လှျာကို ထိန်းညှိပေးထားနိုင်မယ့်၊ စစ်မွုထမ်းသက်တမ်း သတ်သတ်မှတ်မှတ် သတ်မှတ် ထားရှိနိုင်မယ့် "စစ်မွု မထမ်းမနေရ ဥပဒေ" ပြဋ္ဌာန်းဖို့ ကြိုးစားခဲ့ပေမယ့် ပါလီမန်လွွတ်တော်ရဲ့ သဘောတူညီမွု မရရှိခဲ့တာကြောင့် မပြဋ္ဌာန်းနိုင်ခဲ့တာကိုလည်း တွေ့မြင်ရပါတယ်။

ဒါ့အပြင် လူအများ စိတ်ဝင်တစား သိရှိလိုကြတဲ့ ဗိုလ်မှူးချုပ်မောင်မောင်နဲ့ ဗိုလ်ချုပ်ကြီးနေဝင်းတို့ရဲ့ ကတ္တီပါ လမ်းခွဲ၊ စီအိုင်အေကို ဗမာပြည်ထဲ ခေါ်သွင်းခဲ့တာ ဘယ်သူဘယ်ဝါတွေဆိုတာ ကွက်ကွက်ကွင်းကွင်း အထင်အရှား ရေးသားဖော်ပြထားသလို ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ နိုင်ငံခြားသားမုန်းတီးစိတ်၊ အထူးသဖြင့် နိုင်ငံခြားသားပညာရှင်တွေနဲ့ အစိုးရဝန်ထမ်း ဗျူရိုကရက်တွေအပေါ် မုန်းတီးပုံတွေ (ဦးနေဝင်းမုန်းတီးသူတွေ ထဲမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်တောင် ပါ,ပါသေးတယ်)၊ ဗိုလ်ချုပ်ကြီး နေဝင်းရဲ့ တဖက်သတ် ဆုံးဖြတ်ချက်အရ ယူအမ်ပီတပ်တွေ သမိုင်းနဲ့ အင်းစိန်က KNDO ခံစစ်စခန်းတွေကို မထိခလုတ် ထိခလုတ် သွားရောက်တိုက်ခိုက်ခဲ့တာကြောင့် ကရင်တွေရဲ့ အတိအလင်း လက်နက်ကိုင်ပုန်ကန်မွုကြီးနဲ့ ရင်ဆိုင်ခဲ့ရတာတွေကိုလည်း ဖတ်ရွုကြရမှာပါ။

အဲဒီနောက် ဗိုလ်မှူးချုပ် မောင်မောင်က ဗိုလ်ချုပ်ကြီး နေဝင်းအကြောင်းကိုလည်း "ဗိုလ်ချုပ်ကြီး နေဝင်းသည် အလွန်အမင်း ရည်မှန်းချက်ကြီးမားပြီး မိမိအတွက်သာ မိမိ စဉ်းစားသည့် တစ်ဘို့တည်းသမား ဖြစ်ပါသည်။ ထို့ပြင် သူ၏ အနီးပတ်ဝန်းကျင်ရှိ မည်သူ တစ်ဦးတစ်ယောက်ကိုမှ အယုံအကြည်မရှိဘဲ သူ၏ အထက်လူကြီးများအပေါ်တွင်လည်း သစ္စာစောင့်သိသူ မဟုတ်ပါ။ သူနှင့် ရာထူး အဆင့်အတန်းတူညီသူ သို့မဟုတ် လက်အောက် ငယ်သားများက အလားတူမကောင်းသည့် အကြံဉာဏ်မျိုးဖြင့် တိုက်တွန်းလွုံ့ဆော် သွေးထိုးရန်လည်း လွယ်ကူသူ ဖြစ်ပါသည်။ ထိုနည်းတူ အတင်းအဖျင်း စကားများ၊ သူ့အနီးအနားရှိသူများ၏ အားနည်းချက်များကိုလည်း နားယောင်လွယ်ပြီး သူ၏အကျိုးစီးပွားနှင့် လားလားမှျ မပတ်သက်သူများ အပေါ် တွင်လည်း အထူးတလည် စိတ်ပါဝင်စားသူ ဖြစ်ပါသည်။ သူသည် အလွန် အတ္တဆန်သော တစ်ကိုယ်ကောင်း သမားဖြစ်၍ မိမိ အကျိုးစီးပွားကိုသာ ရေှးရွုဆောင်ရွက်သူလည်း ဖြစ်ပါသည်။ ထို့ပြင် သူ၏ အမည်ခံ 'ရဲဘော် ရဲဘက်များ'အပေါ်တွင်လည်း သံသယထားလေ့ရှိပြီး တစ်ချိန်က သူ၏ နိုင်ငံရေး ခေါင်းကိုင်ဖခင်နှင့် တစ်ရွာ တည်းသား မိတ်ဆွေ၊ ကျေးဇူးရှင်များ ဖြစ်သည့် သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ကိုလည်း မိမိ ဘီဒီအေတပ် အတွင်း ဗိုလ်ချုပ်ရာထူး ရရှိစေရေးအတွက် နင်းခြေချောင်ထိုး ထားခဲ့ပါသည်။ အမှန်စင်စစ် ၁၉၄၂ ခုနှစ်၌ မီနာမီ ကီကန်အဖွဲ့နှင့်အတူ ဟိုင်နန်ကျွန်းတွင် စစ်ပညာသင်ကြား၍ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်နေဝင်းဟူ၍ ဖြစ်လာခဲ့ရ ခြင်းမှာလည်း သခင်ထွန်းအုပ်ကြောင့်ပင် ဖြစ်ပါသည်။"လို့ ရေးသားထားပါတယ်။

 ဒါ့အပြင် အဲဒီခေတ်၊ အဲဒီအချိန်ကနေ အခုအချိန်အထိ အများပြည်သူ မသိရှိရ သေးတဲ့ နိုင်ငံရေးလောကက နာမည်ကြီးပုဂ္ဂိုလ်ကြီးတွေ၊ နာမည်ကျော် ထင်ရှားသူတွေရဲ့ အတွင်းရေး လှျို့ဝှက် ဇာတ်လမ်းတွေ၊ နိုင်ငံရေးမြှုပ်ကွက်တွေကိုလည်း အခန်းဆုံးမှတ်စုတွေထဲမှာ အသေးစိတ် ရေးသားဖော်ပြထား တာမို့ စိတ်ဝင်စားဖွယ် ဖတ်ရွုကြရမှာပါ။
#ရန်​ကုန်​လမ်​းမများ


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်သူကျော်
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း