စာအုပ်အမည် _#လာရီကင်း ၏ လာရီကင်း
ဘာသာပြန်_ #တင်မောင်မြင့်
မူရင်းစာအုပ် _My Remarkable Journey
မူရင်းစာရေးသူ _Larry King
ထုတ်ဝေသူ _ပြည်မြန်မာ စာအုပ်တိုက်
ထုတ်သည့်နှစ် _ဒီဇင်ဘာလ ၊ ၂၀၁၇ (ဒုတိယအြက်ိမ်)
မျက်နှာဖုံးဒီဇိုင်း_ဗဂျီလင်းဝဏ္ဏ
စာမျက်နှာ_၃၈၄
တန်ဖိုး _၅၀၀၀
ထူခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တွေကို သူတို့အကြောင်း မေးရတာ (အင်တာဗျူး တာ) ဟာ သိပ် စိတ်ဝင်စားစရာ ကောင်းတဲ့ အလုပ်တစ်ခု လို့ ယုံကြည်ပါတယ် ။ နာမည်ကျော် ပုဂ္ဂိုလ်တွေ ရဲ့ အတွေးအမြင်တွေ ၊ အတွေ့အကြုံတွေ ကို ရုပ်မြင်သံကြား ကြည့် ပရိတ်သတ် သန်းပေါင်းများစွာ သိစေဖို့ မေးတတ်ဖို့ ဆိုတာ မလွယ်ပါဘူး ။ အဲဒီ ကဏ္႑မှာ အတော်ဆုံးလို့ သတ်မှတ်ကြတဲ့ အင်တာဗျူး တဲ့ လူကတော့ လာရီကင်း ပါပဲ ။ လာရီကင်း ဟာ ဘယ်လို လူမျိုးလဲ ဆိုတာ သူ ကိုယ်တိုင်ရေးထားတဲ့ My Remarkable Journey ဆိုတဲ့ စာအုပ်မှာ တွေ့ရပါတယ် ။ ဆရာတင်မောင်မြင့် ဘာသာပြန် ထားတဲ့ ဒီစာအုပ် "လာရီကင်း ၏ လာရီကင်း " ဟာ ဝတၳု မဟုတ်ပေမဲ့ ဖတ်ကောင်းတဲ့ အတၳုပ္ပတ္တိ စာအုပ်ပါပဲ ။
အလုပ်အားတဲ့ အချိန် တီဗွီ ကြည့်ဖြစ်တဲ့အခါ
CNN သတင်းလိုင်း က အင်တာဗျူး တွေလာရင် သိပ်မကြည့်ဖြစ်ဘူး ။ အင်္ဂလိပ်လို ပြောနေတာကို အပြည့်အစုံ နားမလည် တာကြောင့်လဲ ပါတယ် ။ ဒါပေမဲ့ ကမ်ဘာကျော် ပုဂိ္ဂုလ်တွေကို အင်တာဗျူး နေတဲ့ လာရီကင်း ရဲ့ ပုံစံကိုတော့ သတိပြုမိနေတယ် ။ သူ့ပုံစံ က ရင်းရင်းနှီးနှီး စကားပြောနေတဲ့ ပုံစံ ပေါက်နေတယ် ။ သူ မေးခွန်း အမေးခံရတဲ့ သူတွေကလဲ သက်သောင့်သက်သာ အနေအထား နဲ့ ဆိုတော့ ကြည့်လို့ကောင်းနေတာ ။ ကျွန်တော်က လူကြားထဲ စကားပြောရတာ အဆင်မပြေ တဲ့သူ ဆိုပေမဲ့ ဒီလူကြီး မေးတဲ့ ပုံစံမျိုး ဆိုရင်တော့ ပြောလို့ ဆိုလို့ အဆင်ပြေလောက်မယ် ဆိုပြီး စိတ်ကူးလဲ ယဉ်မိပါတယ် ။
၂၀၀၁ ခုနှစ် လောက်က ခင်မောင်ညို(ဘောဂေဗဒ) ဘာသာပြန် "ဘယ်အချိန် ဘယ်နေရာမှာ ဘယ်သူနဲ့ ဖြစ်ဖြစ် ကျွန်တော်တို့ စကားပြောရမည် " စာအုပ် ( How To Talk To Anyone Anytime Anywhere)
ဖတ်လိုက်ရတော့ လာရီကင်း ဆိုတဲ့ ပုဂိ္ဂုလ် ကို သဘောကျသွားတာ သေချာသွားပြီ ။ သူ့ ဘဝနဲ့ သူ့အလုပ် ကို ဂုဏ်ဖေါ်တာတွေ မပါဘဲ ရိုးရိုးရှင်းရှင်း ရေးသွားတာ ကို ဖတ်ရတာ ကိုယ်တောင် သူ့လို ရေဒီယို အသံလွှင့်သူ လုပ်ချင်စိတ် ပေါက်သွားတယ် ။
အခု ဒီစာအုပ် "လာရီကင်း ၏ လာရီကင်း " ကလဲ သူ့ငယ်ဘဝ အကြောင်း ၊ သူငယ်ချင်းတွေ အကြောင်း ၊ သူ ကြုံတွေ့ခဲ့ရပုံတွေ အကြောင်း ကို ရိုးရိုးရှင်းရှင်း နဲ့ ဟာသလေး စွက်ပြီး တင်ပြသွားတာ ဖတ်လို့ သိပ်ကောင်းပါတယ် ။ လာရီကင်း ရဲ့ မိန်းမ ၊ သား နဲ့ သမီး ၊ သူငယ်ချင်းတွေရဲ့ လာရီကင်း အပေါ် ဘယ်လိုမြင်သလဲ ဆိုတာတွေပါ သူ့အပိုင်းနဲ့သူ ထည့်ရေးထားတဲ့ အတွက် လာရီကင်းဟာ ဘယ်လိုပုံစံ ဆိုတာ ပိုပြီး သိသာစေပါတယ် ။
"စတူဒီယို ထဲထိုင်ပြီး မိုက်ခရိုဖုန်းနဲ့ စကားပြောနေချိန် (အသံလွှင့်ချိန်) မဟုတ်ရင် ကျွန်တော့်ဘဝဟာ တစ်ချိန်လုံး ပြဿ နာ ချည်းပါပဲ " လို့ ပြောခဲ့သူ ။
သူ့ ဘဝ မှာ နိုင်ငံရေး ၊ စီးပွားရေး အားကစား နဲ့ အနုပညာလောက က တကယ့် နာမည်ကြီး ပုဂိ္ဂုလ်တွေကို အင်တာဗျူး ခွင့် ရတဲ့သူ ။ Hollywood ရဲ့ Hall Of Fame မှာ နာမည်စာရင်း သွင်းခံရသူ ။
အိမ်ထောင်ကျလိုက် ပြန်ကွဲလိုက်နဲ့ အိမ်ထောင်ရေး မှာ မတည်ငြိမ် ခဲ့ပေမဲ့ သူ တကယ် ချစ်မြတ်နိုးတယ် ဆိုရင် အတည်တကျ လက်ထပ်ယူပါတယ် လို့ ပြောပါတယ် ။ နောက်မှ ကွာရှင်းတာ တစ်ကဏ္႑ ပေါ့ ။ သူ့ဘဝ ဖြတ်သန်းမှု တွေဟာ စုံလင် လှတယ်။
နောင်တစ်ချိန် မှာ သမ္မတ ဖြစ်လာမယ့် ဂျွန်အက်ဖ် ကနေဒီ လွှတ်တော်အမတ် ဘဝ မှာ သူ့ကားကို လာရီကင်း ကားနဲ့ နောက်ကနေ ဝင်တိုက်ဖူးတယ် ။
မိန်းမ ၇ယောက် ကို ၈ကြိမ် လက်ထပ်သူ ။ မိန်းမ တစ်ယောက်ကိုတော့ ကွဲပြီးမှ နောက်တစ်ကြိမ် ပြန်လက်ထပ်လိုက်လို့ပါ ။
၃၆ နှစ် ဆက်တိုက် တစ်ရက်ကို စီးကရက် ၃ဗူး သောက်တဲ့ လာရီကင်း ဟာ နှလုံးရောဂါ အပြင်းအထန် ခံစားရလို့ ခွဲစိတ်ကုသမှု ခံယူ အပြီိးမှာ စီးကရက် ပြတ်သွားတယ် ။
လာရီကင်း က အမေရိကန် မှာ ထိပ်ထိပ်ကြဲ ဆိုတဲ့ ပုဂ္ဂိုလ်တွေ အမေရိကန် သမ္မတတွေ နဲ့ အင်တာဗျူး ခဲ့တာ ဆိုတော့ သူ့ စာအုပ်မှာ တကယ့် နာမည်ကြီး ပုဂ္ဂိုလ်တွေကို ထည့်ရေးထားတယ် ။ နောက်ပြီး အင်တာဗျူးခံ ပုဂ္ဂိုလ်အများစု က အမေရိက က များပါတယ် ။ မူရင်းစာအုပ် မှာ ပါမပါ မသိပေမဲ့ ဆရာတင်မောင်မြင့် ဘာသာပြန် ဒီစာအုပ် မှာတော့ အဲဒီ ပုဂ္ဂိုလ်တွေ က ဘယ်သူတွေပါ ဆိုပြီး အောက်ခြေမှတ်စု လေးတွေ ရေးထားပေးတော့ ဖတ်ရတာ အဆင်ပြေတယ် လို့ ပြောချင်ပါတယ် ။
လာရီကင်း အကြောင်းပြောရင် မပါမဖြစ်.က CNN ရဲ့ သူေဋ္ဌး တဒ် တာနာ ပါ ။ တဒ်တာနာ ရဲ့ ခေတ်ရှေ့ရောက်နေတဲ့ အတွေးအခေါ်တွေက CNN ကို ကမ်ဘာ့ထိပ်တန်း သတင်းဋ္ဌာန ဖြစ်စေတယ်လို့ လာရီကင်း က ဆိုပါတယ် ။ CNN မှာ သတင်းတွေ ၊ အင်တာဗျူး တွေ ထုတ်လွှင့်ခဲ့တဲ့ အကြောင်းတွေက သမိုင်းမှတ်တိုင်တွေ ပါပဲ ။ ချဲလ်လင်ဂျာ အာကာသယာဉ် လွှတ်တင်ခဲ့တာကို ထုတ်လွှင့်နိုင်ခဲ့တယ် ၊ ပင်လယ်ကွေ့စစ်ပွဲ ကို အမေရိကန်စစ်တပ် သွားရောက် တိုက်ခိုက်တာတွေ ထုတ်လွှင့်နိုင်ခဲ့တယ် ၊ 9/11 ကိစ္စ မှာလဲ တိုက်ရိုက် ရုပ်သံ လွှင့်ပေးနိုင်ခဲ့တယ် စသည်ဖြင့် လာရီကင်း ရဲ့ အတွေ့အကြုံတွေ ဖတ်ရတာ ကျွန်တော့အတွက် ကမ်ဘာကြီးရဲ့ ပုံရိပ် တစ်ချို့ကို တွေ့မြင်လိုက်သလို ပါပဲ ။
Kyaw Kyaw Lwin(11:00am,20.1.2018)