Book Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး

မောင်မောင်စိုး
ကျိုင်းတုံစစ်တမ်း
ရွှေနဒီ စာပေ၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
မျက်နှာဖုံးဒီဇိုင်း - ဗဂျီလင်းဝဏ္ဏ။
၁၅ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၄၃၇၊ တန်ဖိုး - ကျပ် ၅၀၀၀။




အခန်းပေါင်း ၁၁ ခန်းပါရှိသည်။ ကိုးကားသောစာအုပ်စာတမ်းများ၊ တွေ့ဆုံမေးမြန်းခဲ့သူများ၊ အတိုကောက်စာလုံးများ၊ မြို့နယ်အလိုက်မြေပုံများ၊ ရှမ်းအရှေ့ဒေသ အတွင်း တပ်မတော်တပ်ရင်းတပ်ဖွဲ့များနှင့်တိုင်းရင်း သားလက်နက်ကိုင်တပ်ဖွဲ့များအခြေပြမြေပုံတို့ကိုလည်း ထည့်သွင်းဖော်ပြထားသည်။

စစ်တမ်းတွင် ဖော်ပြထားသော အခန်း ၁၁ ခန်းမှာ ရှမ်း ပြည်နယ် အရှေ့ပိုင်း သို့မဟုတ် ရှမ်းအရှေ့၊ ကျိုင်းတုံ၊ ရှမ်းပြည်နိုင်ငံရေးလှုပ်ရှားမှုများ၊ ရှမ်းအရှေ့နှင့် ရှမ်းတိုင်း ရင်းသားလက်နက်ကိုင်များ၊ ရှမ်းအရှေ့မှ တောင်ပေါ် သားများ၊ ရှမ်းအရှေ့၏ ပြောင်းလဲလာသော နိုင်ငံရေးအခြေအနေများ၊ ၁၉၆၂ မှ ၁၉၈၈ ထိ ရှမ်းအရှေ့နှင့် တပ်မတော်၊ ၁၉၈၉နောက်ပိုင်း ရှမ်း အရှေ့ရှိ လက်နက်ကိုင်များ၊ ရှမ်းအရှေ့အခြေအနေ သုံးသပ်ချက်၊ ရှမ်းအရှေ့ရှိ လက်နက်ကိုင်အဖွဲ့အစည်းများ၊ရှမ်းအရှေ့ နှင့် နောက်ဆက်တွဲပြဿနာများ တို့ဖြစ်သည်။

'' ကျိုင်းတုံအား ဗဟိုပြုသည့် ရှမ်းအရှေ့ဒေသရှိ တိုင်း ရင်းသားလူမျိုးများ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ အခြေအနေကိုလည်းကောင်း၊ အစိုးရ၊ တပ်မတော်၊ ပြည်သူ့စစ်များ၏ အခြေအနေကိလည်းကောင်း၊ ၎င်းတို့ကြားဆက်စပ်မှု များကိုလည်းကောင်း လေ့လာ ဆန်းစစ် သုံးသပ်မှုတစ်ခုအား '' ကျိုင်းတုံစစ်တမ်း '' ဟု အမည်ပေးခဲ့ရပေတော့သည်။ '' ( စာမျက်နှာ ၉ မှ ) 

ရှမ်းပြည်နယ် အရှေ့ခြမ်းတွင် လက်ရှိအုပ်ချုပ်ရေး ဖွဲ့စည်းပုံ အရ ခရိုင် ၃ ခုဖွဲ့စည်းထားရာ ကျိုင်းတုံခရိုင် 
( ကျိုင်းတုံမြို့ နယ်၊ မိုင်းခတ်မြို့နယ်၊ မိုင်းယန်းမြို့နယ်၊ မိုင်းပျဉ်းမြို့နယ်၊ မိုင်းလားမြို့နယ် )၊ တာချီလိတ်ခရိုင် 
( တာချီလိတ်မြို့နယ်၊ မိုင်း ဖြတ်မြို့နယ်၊ မိုင်းယောင်း မြို့နယ် )၊ မိုင်းဆတ်ခရိုင် ( မိုင်း ဆတ်မြို့နယ်၊ မိုင်းတုံ မြို့နယ် ) တို့ဖြစ်သည်။

ထိုမြို့နယ်တစ်ခုချင်းစီ၏ သဘာဝပတ်ဝန်းကျင်အနေအ ထား၊ ရာသီဥတု၊အခြေချနေထိုင်ကြသည့် တိုင်းရင်း သား လူမျိုးများ၊ လူဦးရေ၊ လူနေအိမ်ခြေ၊ အိမ်ထောင်စု၊ ဘာသာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ခရီးသွားလုပ်ငန်း၊ စက်ရုံများ၊ သယ်ယူပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်ဓာတ်အားရရှိမှု၊ အခြေစိုက်ထားသည့် နိုင်ငံရေး ပါတီများ၊ ၂၀၁၅ ရွေးကောက်ပွဲနှင့် ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အခြေအနေများကို အသေးစိတ်ဖော်ပြထားသည်။

တိုင်းရင်းသားလက်နက်ကိုင် တစ်ဖွဲ့ချင်းစီ၏ ပေါ်ပေါက်လာပုံ သမိုင်းကြောင်း၊ နိုင်ငံရေးရပ်တည်ချက်၊ စစ်ရေး လှုပ်ရှားမှု၊ အားနည်းချက်၊ အားသာချက်၊ CPB ၈၁၅ စစ်ဒေသနှင့် ပတ်သက်ဆက်စပ်ပုံ တို့ကို အသေးစိတ်ဖော်ပြထားပြီး တပ်မတော်၏ တပ်နေရာချထားပုံများနှင့် စစ်ဆင်ရေးများကိုလည်း သုံးသပ်ချက်များနှင့်တကွ 
အသေးစိတ်ဖော်ပြထားသည်။ 

ရှမ်းအရှေ့ရှိ တိုင်းရင်းသားပါတီ တစ်ခုချင်းစီ၏ လက်ရှိအနေအထားများကိုလည်း သုံးသပ်တင်ပြထားပြီး 
'' ထို့အပြင် ရှမ်းအရှေ့တွင် တိုင်းရင်းသားပါတီများ ဥပဒေအတွင်း မည်မျှလှုပ်ရှားနေသည်ဖြစ်စေ၊ ရှမ်းအရှေ့ ၏ နိုင်ငံရေးကို အဓိကလွှမ်းခြုံနေသည်မှာ လက်နက်ကိုင်တပ်ဖွဲ့များသာဖြစ်သည်။ သို့ဖြစ်ရာ ရှမ်းအရှေ့၏နိုင်ငံရေးနှင့် ပတ်သက်၍ အဓိကဖြေရှင်းရမည့် ပြဿနာမှာ လက်နက်ကိုင်တပ်ဖွဲ့များပြဿနာ ဖြစ်သည်ဟု ဆိုရပါ မည်။ လက်နက်ကိုင်တပ်ဖွဲ့များပြဿနာသည် ရှမ်းအရှေ့၏ အဓိကကျသည့် လက်တွေ့နိုင်ငံရေးပြဿနာ ဖြစ်ပေသည်။ '' (စာမျက်နှာ ၃၀၇ မှ ) ဟု ဖော်ပြထား သည်။

'' ကျိုင်းတုံစစ်တမ်းသည် ရှမ်းအရှေ့၏ နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေး၊ လူမှုရေးအခြေအနေများနှင့် ပတ်သက်ပြီး လက်လှမ်းမီသမျှ အချက်အလက်များကို စုဆောင်း ပြီး သုံးသပ်ထားခြင်းဖြစ်ပါသည်။ ဆက်နွှယ်ပတ်သက်နေသော အကြောင်းအရာများစွာရှိသည့်အနက် လက်နက်ကိုင်တပ်ဖွဲ့ များပြဿနာသည်သာ ရှမ်းအရှေ့၏ ပြဿနာများကို ကောင်းမွန်စွာဖြေရှင်းနိုင်ရေးအတွက် အဓိကကျသည့် သော့ချက်ပြဿနာ ဖြစ်သည်ဟု သုံးသပ်ရပေသည်။ '' ( စာမျက်နှာ ၃၉၂ မှ ) ဟု စစ်တမ်း နိဂုံးတွင်လည်း ဖော်ပြထားသည်။

လက်ရှိ မြန်မာ့နိုင်ငံရေးအခင်းအကျင်းနှင့် ငြိမ်းချမ်းရေး ဖြစ်စဉ်တို့ကို စိတ်ဝင်တစားရှိကြသူတိုင်း အလေးအ နက် ဖတ်ရှုလေ့လာသင့်သည့် စစ်တမ်းတစ်စောင်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၁၃ ဒီဇင်ဘာ ၂၀၁၉


Publisher Name: ရွှေနဒီစာပေ

Publisher Phone Number: ph 09254099229 / 09795665051


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်