????အမျိုးကောင်းသား၊ သမီးများသာ မြင်ရသော
နတ်သကြားတို့ ချီးမြှင့်သည့် နတ်ဘုရားဝတ်စုံ . .
☀ ဒီအကြောင်းအရာက နိုင်ငံရေးသာဓကပြ
ပုံပြင်တစ်ပုဒ်ဖြစ်တယ်။
မွေးရက်၊ လကျော် အတင်းမွေးထုတ်လိုက်သော
ချူ ချာနှံချာသည့် ကလေးအသွင် စနစ်တစ်ခုနှင့်
လူမှုအသိုင်အဝန်း၊ မိခင်ကျန်းမာရေးနှင့် ကလေး
ငယ်၏ ကျန်းမာရေးပါ အနီးကပ် ပြုစုစောင့်ရှောက်
ရမည့် နိုင်ငံရေးလမ်းကြောင်း၊ အစိုးရအခြေအနေ
နှင့် သဘောသဘာဝ၊ ပြည်သူတို့၏ သဘော
သဘာဝ၊ ရွေ့ရှားမှု၊ ပွတ်တိုက်မှု၊ တုန်ခါမှု နှင့်
အခြေအနေ ဦးတည်ချက်လားရာ တို့ကို
သတိထား ဆင်ခြင်တွက်ဆ စဉ်းစားစရာ။
အချိန်မရွေး ပေါက်ကွဲပြိုလဲသွားနိုင်သော
လူမှုအသိုင်အဝန်းကြား ရပ်တည်ရမှုတွင် . . . . .
???? ဤ စာအုပ်ကိုဖတ်ကြည့်ပါဟု ညွန်းချင်သည်။
နိုင်ငံရေးစိတ်ဝင်စားသူ၊ နိုင်ငံရေးစိတ်မဝင်စားသူ၊
နိုင်ငံရေးသားကောင် ဖြစ်မှန်းမသိ ဖြစ်နေသူ၊
နိုင်ငံရေးထဲ ဘုမသ်ိ၊ ဘမသိ လျောက်လှမ်းနေသူ၊
မည်သို့ပင်ဆိုစေကာမူ ဤ စာအုပ်က နိုင်ငံရေး
အသိကို ခေတ်မီစွာဖြင့် မီးမောင်းထိုးကာ
ဖော်ပြထား၏။ နိုင်ငံရေးအတွေးအခေါ်နှင့်
သက်ဆိုင်ကောင်းမွန်သော နိုင်ငံရေးသုတ
အတွေးအခေါ်စာအုပ်ပင်ဖြစ်သည်။
???? လွတ်လပ်မှု ရှင်သန်လာသောအခါ အနာဂတ်
တွင် သာတူညီမျှမှု ဖြစ်လာနိုင်စရာရှိ၏။ ဒါပေမယ့်
သာတူညီမျှမှု အတွက် လွတ်လပ်မှုကို စတေးလိုက်
ရသောအခါတွင် အနာဂတ်မှာ လွတ်လပ်မှု ရစရာ
အကြောင်းရှိတော့မည် မဟုတ်ပေ။
လွတ်လပ်မှုဆိုတာ . . . ၊ သာတူညီမျှမှုဆိုတာ . . .၊
လူမှာ ကွဲပြားခြားနားမှု၊ မတူညီမှု ဆိုတဲ့ . . .
အခွင့်အရေး၊ ကွဲလွဲဖို့၊ ငြင်းပယ်ဖို့၊ ပုန်ကန်ဖို့
လွတ်လပ်ရမယ် . . . ။ ????
???? နိုင်ငံရေးနှင့် ဆင်းရဲသားလူတန်းစားများ . . .၊
နိုင်ငံရေး အမြတ်ထုတ် ဆင်းရဲသား တို့အပေါ်
နင်းတတ်၍ ကယ်တင်ရှင်လုပ်မှု . . . စသည်များ။
???? ဆိုရှယ်လစ် ဝါဒကို ပြန်လည်သုံးသပ်ခြင်း၊
ကွန်မြူနစ်ဝါဒ၏ ဆင်ခြေများနှင့် ဝါဒကို သုံးသပ်
ခြင်း၊ အရင်းရှင် ဓနရှင်ဝါဒတို့ အဘယ့်ကြောင့်
လူကြိုက်များ ကျယ်ပြန့်ရသလဲဆိုတာ ရေးသား
တင်ပြထားတာ ဖြစ်တယ်။
???????????? ပါဝင်သော ပုံပြင်လေးတစ်ခု . . .
???? အထက်ပါ စဦးဆုံး ပေးထားသော
အမျိုးကောင်းသား၊ သမီးများသာ မြင်ရသော
နတ်သကြားတို့ ချီးမြှင့်သည့် နတ်ဘုရားဝတ်စုံ
ဆိုတာက . . . တစ်နေ့မှာ - ဘုရင်တစ်ပါးဆီသို့
လူလိမ်၊ လူလည် တစ်ဦးရောက်လာတယ် . . .
(အကျဉ်းသာ တင်ပြမည်) ထို လူလည်က
ဘုရင်ကို နတ်ဘုရားတို့ရဲ့ ဝတ်ရုံကို ပြုလုပ်ပေး
မယ်လို့ပြောတယ် ၊ ဘုရင်က တန်ခိုးအာဏာကို
လိုတာထက် ပိုရှိချင်တော့ သဘောကျ ခိုင်းစေတယ်
ဒါနဲ့ လ အတော်ကြာမှာ လက်ဗလာနဲ့ လူလည်က
ဘုရင့်ထံပြန်ရောက်တယ်။ ဘုရင်ကို နတ်ဘုရား
တို့ရဲ့ ဝတ်ရုံရလာပါပြီလိုပြောတယ်။ ဘုရင်က
အဝတ်အစားတွေကို အကုန်ချွတ်ဝတ်ရတယ်။
ဘုရင်လည်း မြင်ရတာမဟုတ်ဘူး။ လူလည်က
ရုပ်တည်နဲ့ ဝတ်ပေးလိုက်တာ။ ဒါနဲ့ ဘုရင်ကြီးက
နန်းတော်ထဲကလူတွေကို ကြည့်စေတယ်။
လူလည်က ဘာမှမရှိတဲ့ဝတ်ရုံကို ဝတ်ပေးတုန်းက
ပြောထာတဲ့စကားတစ်ခွန်းရှိတယ် . . . ဒီ ဝတ်ရုံ
နတ်ဘုရားတို့ရဲ့ ဝတ်ရုံဟာ အမျိုးကောင်းသား၊
အမျိုးကောင်းသမီးတွေပဲ မြင်ရနိုင်တယ်ဆိုတယ်။
လူလည်ပြောတဲ့အတိုင်း ဘုရင်ကပြောပြီး
နန်းတွင်းသူ/သား တွေကိုပြတယ်။ နန်းပြင်ထွက်
စီးတော်ယဉ်ပေါ်တတ် တိုင်းခမ်းလှည့်ပြတယ်။
ဘုရင့်ကိုယ်ပေါ်က မရှိတဲ့ နတ်ဘုရားတိုရဲ့
ဝတ်ရုံကို အားလုံးမြင်ကြတယ် လို့ ပြောကြတယ်။
လူအုပ်ကြားထဲက အဖေတစ်ဦးပေါ် ဂွတ်ခွစီးထား
တဲ့ ကလေးငယ်က ဘုရင်ကြီးက ဘာမှဝတ်မထား
ဘဲ ကိုယ်လုံတီးနဲ့ဆိုတာ သူ့အဖေကို မေးရင်း
ပြောတယ် သူ့အဖေက မင်းအရွယ်ရောက်လို့
အသက်ကြီးလာရင် မြင်ရမယ်တဲ့ . . . အခုအချိန်
အိမ်ပြန်မှဖြစ်မယ်တဲ့၊ သူများတွေကြားသွားရင်
မချောင်ဘူး အန္တရာယ်များတယ် ဆိုပြီး အိမ်ပြန်
ခဲ့လေသတဲ့ . . .။ စာအုပ်ထဲမှာ ဆက်လေ့လာ။
#ဖိုးဉာဏ်