ရွှေနဒီစာပေက ထုတ်ဝေပြီး
ရခိုင်အရေး၊ ရခိုင်သမိုင်း၊ ရခိုင်လူမျိုးတို့ရဲ့တော်လှန်ရေးဖြတ်သန်းမှု၊ လူမှုစီးပွားဘဝတွေကို သုံးသပ်ထားတဲ့ စာအုပ်ဖြစ်ပါတယ်။ ဒီစာအုပ်မှာ အပိုင်း (၁) ရခိုင် ၊ အပိုင်း (၂) ရခိုင်ပြည်နယ်၏ ရေမြေသဘာဝ၊ အပိုင်း (၃) ယနေ့ရခိုင်ပြည်နယ်၊ အပိုင်း (၄) ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်အလိုက် လူမှုစီးပွားအခြေအနေ၊ အပိုင်း (၅)၊ ရခိုင်ပြည်နယ်တခုလုံး၏ လူမှုစီးပွားအခြေအနေ၊ အပိုင်း (၆) ရခိုင်ပြည်နယ်နိုင်ငံရေးလှုပ်ရှားမှုများ၊ အပိုင်း (၇) ရခိုင်ပြည်နယ်နှင့် နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများ၊ အပိုင်း (၈) ရခိုင်ပြည်နယ် ဘင်္ဂါလီအရေး၊ အပိုင်း (၉) ရခိုင်ပြည်နယ်အခြေအနေသုံးသပ်ချက် ၊ အပိုင်း (၁၀) ရခိုင်မှတ်စု (ရခိုင်အရေးနှင့် ဆက်စပ်စဉ်းစားရမည့် အကြောင်းအရာများ) စတာတွေကို မြေပုံဇယားတွေနဲ့အတူ ဖတ်ရှုလေ့လာနိုင်မှာဖြစ်ပါတယ်။ အမှာစာရေးပေးတဲ့ မြောက်ဦးပြည်သူ့လွှတ်တော်အမတ် ဦးဦးလှစောက `ကိုမောင်မောင်စိုး၏ မြောက်ဦးစစ်တမ်းသည် ယနေ့ပြည်တွင်း ပြည်ပစင်မြင့်များတွင် ဆူပွက်နေသော ဒေသတစ်ခုနှင့် ထိုဒေသ၏ သမိုင်းကို ဖန်တီးခဲ့သည့် လူမျိုးတစ်မျိုးအား နားလည်ရန် ကြိုးပမ်းချက်တစ်ရပ်ဖြစ်သည်’ လို့ ဆိုပါတယ်။
Publisher Name: ရွှေနဒီစာပေ
Publisher Phone Number: ph 09254099229 / 09795665051