Book Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး

ခင်ခင်ကျော်ကြီး
တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင်
တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် 
ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း
Conceptualizing China's Central - Local Nexus:
Beijing's Repositioning on Border Issues with Myanmar.
မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျု၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၉။
၁၄.၈ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
မျက်နှာဖုံး - Imaged by Yung-pin Pao 
from Pixabay။
စာမျက်နှာ ၈၂၊ တန်ဖိုး ကျပ် ၂၀၀၀။



မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု
( ISP - Myanmar ) မှ ထုတ်ဝေသော တရုတ် - မြန်မာ ဆက်ဆံရေး သုတေသနစာတမ်းတွဲများအနက် ဒုတိယမြောက် စာတမ်း ဖြစ်သည်။ စာတမ်းကို အင်္ဂလိပ်၊ မြန်မာ နှစ်ဘာသာဖြင့် ဖော်ပြထားသည်။

မြန်မာ့ မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးအင်စတီကျုမှ အမှုဆောင်ဒါရိုက်တာ ( ဦး ) မင်းဇင်၏ စကားဦး ပါရှိ သည်။

'' ၂၀၀၉ ခုနှစ် နောက်ပိုင်းမှစ၍ တရုတ် - မြန်မာ ဆက်ဆံရေး အခန်းကဏ္ဍတွင် တရုတ်နိုင်ငံ၏ ဗဟိုအစိုးရက ပို၍ ထဲထဲဝင်ဝင်နှင့် ကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာမှုကို ဤစာတမ်း၌ လေ့လာထားသည်။ ထို့အတူ ဘေဂျင်း၏ မူဝါဒဆုံးဖြတ်ချက်များအပေါ်တွင် ယူနန်ပြည်နယ်အစိုးရ၏ အကျိုးစီးပွား စဉ်းစားချက်တို့က မည်သို့သက်ရောက်လွှမ်းမိုးမှုများရှိနေသနည်း ဆိုသည်ကိုလည်း သုံးသပ်ဆွေးနွေးထားသည်။ '' ( စာမျက်နှာ ၄၇ မှ ) ဟု စကားဦးတွင် ဖော်ပြထားသည်။

'' ဤစာတမ်းတွင် ဘေဂျင်းအာဏာပိုင်များနှင့်
ကောင်တီအဆင့်နှင့်အထက်ရှိ ယူနန်အခြေစိုက် ဒေသန ္တရအာဏာပိုင်များ၏ အခန်းကဏ္ဍကို အဓိကလေ့လာသွားမည် ဖြစ်ပါသည်။ တရုတ်နိုင်ငံ၏ ဗဟိုနှင့် ဒေသန ္တရအစိုးရများ၏ မြန်မာနယ်စပ်ရေးရာ
မူဝါဒယန ္တရားတွင် ပါဝင်နေသည့် အခန်းကဏ္ဍများကို ခွဲခြမ်းလေ့လာခြင်းအားဖြင့် ဤစာတမ်းသည် ၂၀၀၉ ခုနှစ် ကိုးကန့်အရေးအခင်းနောက်ပိုင်း တရုတ်နိုင်ငံ၏ မြန်မာ့ငြိမ်း ချမ်းရေးအပေါ် ထားရှိသည့် မူဝါဒချမှတ်မှုများနှင့် အကောင်အထည်ဖော်မှုများကို ပိုမိုနားလည် သဘောပေါက်စေမည့် အထောက်အပံ့ဖြစ်ရန် ရည်ရွယ်ပါသည်။ '' ( စာမျက်နှာ ၅၄ နှင့် ၅၅ မှ ) ဟု စာတမ်းရှင်
( ဒေါ် ) ခင်ခင်ကျော်ကြီးက ရေးသားထားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိသည်ဆိုသော်လည်း တရုတ်နိုင်ငံ ယူနန်ပြည်နယ်အတွင်းရှိ ဒေသခြောက်ခုနှင့်သာ ကီလိုမီတာပေါင်း ၂၂၀၀ အထိ နယ်နိမိတ်ချင်း ထိစပ်လျက်ရှိခြင်းဖြစ်သည်။

တစ်နည်းအားဖြင့် မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းရှိ ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ်အတွင်းမှ တိုင်းရင်း သားလက်နက်ကိုင်တို့ ထိန်းချုပ်ထားသည့် နယ်မြေများ နှင့်သာ နယ်နိမိတ်ချင်း ထိစပ်နေခြင်းဖြစ်သည်။

ယူနန်ပြည်နယ်ရှုထောင့်မှကြည့်လျှင် မြန်မာနိုင်ငံသည် စီးပွားရေးတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်နေသည်။၂၀၁၇ ခုနှစ်တွင် ယူနန် - မြန်မာကုန်သွယ်မှုသည် ၁၁ ဘီလီယံဒေါ်လာနီးပါးရှိပြီး ယူနန်နှင့် အရှေ့တောင်အာရှ ကုန်သွယ်မှု၏ လေးပုံတစ်ပုံခန့်ရှိနေသည်။

အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသများမှ ရေနံများအား မလက္ကာရေလက်ကြားကို ရှောင်ကွင်းကာ မြန်မာနိုင်ငံမှတစ်ဆင့် ယူနန်ပြည်နယ်သို့ ပို့လွှတ်ရန်တည်ဆောက်ထားသောတရုတ် - မြန်မာ ရေနံပိုက်လိုင်း စီမံကိန်း၊ ၂၀၁၃ ခုနှစ်တွင် တရုတ်နိုင်ငံမှ အဆိုပြုခဲ့သော ရပ်ဝန်းလမ်းကြောင်းစီမံကိန်း တွင် ပါရှိသည့် ဘင်္ဂလားဒေ့ရှ် - အိန္ဒိယ - တရုတ် - မြန်မာ စီးပွားရေး စင်္ကြံနှင့် ၂၀၁၇ ခုနှစ်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး မစ္စတာဝမ်ရီ အဆိုပြုခဲ့သော တရုတ် - မြန်မာ စီးပွားရေး စင်္ကြံလမ်း တို့အတွက် အခရာကျသောဒေသလည်းဖြစ်သည်။

မြန်မာ့တပ်မတော်နှင့် ကိုးကန့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ( MNDAA ) တို့ကြား တိုက်ပွဲများဖြစ်ပွားပြီး ယူနန်ဒေသ သို့ ဒုက္ခသည်များ အစုလိုက်အပြုံလိုက် ဝင်ရောက်စေခဲ့သည့် ၂၀၀၉ ခုနှစ် ကိုးကန့်ဖြစ်စဉ်နှောင်း ပိုင်းမှ စတင်ကာ ဘေဂျင်း သည် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များကို ပိုမိုအလေးထားလာသည်။ ၂၀၁၃ ခုနှစ်မှ စတင်ကာ ဘေဂျင်း( ဗဟိုအစိုးရ ) မှ အထူးသံတမန်ခန့်အပ်ပြီး မြန်မာနယ်စပ်ရှိ တိုင်းရင်း သား လက်နက်ကိုင်များနှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံမှုများရှိလာသည်။

ရွှေပြည်ကြီး၏ ငြိမ်းချမ်းရေးဖြစ်စဉ်၊ နယ်စပ်ရေးရာ ကိစ္စ ရပ်များနှင့် တရုတ်နိုင်ငံ၏ ဆက်စပ်ပတ်သက်နေမှုတို့ကို စဉ်းစားရာတွင် တစ်နည်းတစ်ဖုံအထောက်အကူပြုစေ မည့် စာတမ်းတစ်စောင်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၂၁ ဒီဇင်ဘာ ၂၀၁၉


Publisher Name: ISP - MYANMAR


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်