စာရေးသူ၏ အမှာ
==============
နိုင်ငံတစ်နိုင်ငံရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ နိုင်ငံ
သားတိုင်း ရှောင်လို့တိမ်းလို့မရတဲ့ ကံကြမ္မာတစ်ခု
လို့ ဆိုနိုင်ပါတယ်။ ရင့်ကျက် ဖွံ့ဖြိုးပြီး ဖြစ်တဲ့ ဒီမို
ကရေစီနိုင်ငံကြီးတွေမှာတော့ လူတွေရဲ့ နေ့စဉ်လူ
နေမှုဘဝတွေဟာဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစိမ်း
ပြင်ပြင်နေထိုင်လို့လဲ သိပ်အပြောင်းအလဲ မရှိလှ
ပါဘူး။ တရားမျှတမှုနဲ့ တည်ငြိမ် ဖွံ့ ဖြိုးမှုရှိတဲ့
နိုင်ငံရေး စနစ်တစ်ခု အောက်က ပြည်သူတွေ
အတွက်တော့ အခြေခံဥပဒေတင်မကပါဘူး။အစိုး
ရဆိုတာ ဘာလုပ်နေမှန်းမသိလဲ နိုင်ငံသားတွေရဲ့
နေ့စဉ် လူနေမှုဘ၀ တွေဟာ ထူးထူးခြားခြား
မပြောင်းလဲသွားပါဘူး။
ကျွန်တော်တို့လို စစ်အာဏာရှင် စနစ်ကနေ ဒီမိုက
ရေစီစနစ်ဆီ ခြေလှမ်းခါစ နိုင်ငံတွေမှာတော့ ဖွဲ့
စည်းပုံ အခြေခံဥပဒေတစ်ခုဟာ နိုင်ငံသား တွေရဲ့
နေ့စဉ် လူနေမှုဘဝနဲ့ အနာဂတ် ဖြစ်တည်မှုတွေ
အပေါ် များစွာ ရိုက်ခတ်မှုရှိပါတယ်။ နိုင်ငံရဲ့အနာ
ဂတ် ကံကြမ္မာကိုလည်း ပြောင်းလဲနိုင်စွမ်း ရှိပါ
တယ်။ဖတ်ဖူးသည်ဖြစ်စေ၊ မဖတ်ဖူးသည်ဖြစ်စေ
အခြေခံဥပဒေတစ်ခုဟာ နိုင်ငံသား တွေရဲ့ နေ့စဉ်
လူနေမှုဘဝတွေကို လာရောက် ပတ်သက် ဆက်
နွှယ်နေတယ်လို့ ဆိုလိုရင်းဖြစ်ပါတယ်။
“၂၀၀၈ အခြေခံဥပဒေ၏လစ်ကွက်ဟာကွက်များ” စာအုပ်ဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်
ကြီးကို ဖွင့်ဆို ရှင်းပြထားတဲ့ စာအုပ်မျိုး မဟုတ်
ကြောင်း ကြိုတင် ပြောလိုပါတယ်။ စာအုပ်ပါ အကြောင်းအရာ အများစုဟာ ပြည်သူများ ကြား
ဝေဝါးသံသယဖြစ်နေတဲ့ အချက်အလက် တစ်ချို့
ကို ကျွန်တော်လေ့လာ မိသလောက် ပြန်လည်ရှင်း
လင်း တင်ပြထားခြင်းဖြစ်ပါတယ်။
ဥပမာ(တပ်မတော် သားဝန်ကြီးသုံးဦးကို ကာကွယ်
ရေး ဦးစီးချုပ်က ခန့်အပ်တယ် ဆိုတာမျိုးဟာ
အခြေခံ ဥပဒေ ရှုထောင့် အရတော့ လွဲမှားနေတဲ့
အမြင်တွေပဲ ဖြစ်ပါတယ်။ နောက် တပ်မတော်က အခြေခံဥပဒေအရ အာဏာသိမ်းမယ်ဆို ဘယ်လို
အဆင့်တွေ ကျော်ဖြတ်ရတယ် ဆိုတာမျိုးတွေမှာ အကောက်အယူ လွဲမှားနေမှု တချို့ကိုလည်း ပြန်
လည်ရှင်းလင်း တင်ပြထားပါတယ်။
၂၀၀၈ အခြေခံဥပဒေဟာ အားနည်းချက်တွေ များ
စွာရှိတယ်ဆိုတာ ဘယ်သူမှ ငြင်းကွယ်လို့ မရတဲ့
အချက်ပါ။ ဒါပေမဲ့ ဒီစာအုပ်မှာ အဓိကဇောင်းပေး
တင်ပြထားချက်တွေကတော့ အခြေခံဥပဒေရဲ့ထူး
ခြားချက် ဟာကွက်တွေ အကြောင်းပဲဖြစ်ပါတယ်။
ဟာကွက်၊ ပျော့ကွက်ရဲ့ သဘော သဘာဝအရ အားနည်းချက် အကြောင်းအရာများအပြင် ဘော
လုံးစကားနဲ့ ပြောရရင်တော့ ခံစစ်မလုံတဲ့ အခင်းအ
ကျင်း တချို့ကိုပါ ကျွန်တော် တတ်မှတ်သလောက် လေ့လာတင်ပြထားခြင်းမျှသာ ဖြစ်ပါတယ်။
+++++++++++
လင်းထိုက်