Book Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း

ဝင်းတင့်ထွန်း
ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )
ဝတ်မှုန်မိုး စာပေ၊
ပထမအကြိမ်၊ အောက်တိုဘာ ၂၀၁၄။
မျက်နှာဖုံး - ဇော်ထက်။
၁၂ စင်တီမီတာ x ၂၀.၃ စင်တီမီတာ။
စာမျက်နှာ - က မှ ဇ နှင့်  ၁၅၀ ၊ တန်ဖိုး - ကျပ် ၂၀၀၀။

စာအုပ်အဖွင့်စာမျက်နှာတွင် '' ဗမာပြည်ကွန်မြူနစ်ပါတီနဲ့ ပတ်သက်တဲ့ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် ) '' ဟု ဖော်ပြထားသည်။

၁၈ စက်တင်ဘာ ၂၀၁၄ ရက်စွဲဖြင့် ရေးသားထားသော
ဝတ်မှုန်မိုး စာပေ၏ '' ထုတ်ဝေသူရဲ့ စကား ''၊ ၁၅ စက်တင်ဘာ ၂၀၁၄ ရက်စွဲဖြင့် ရေးသားထားသော 
'' ပြုစုသူ၏ အဖွင့်အမှာ''နှင့် ရည်ညွှန်းကိုးကား မှတ်စု များ ပါရှိသည်။




'' ကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ ဗမာပြည်မှာ ဗမာပြည်ကွန်မြူနစ်ပါတီဟာ သမိုင်းဝင် အထင်ကရ ပါတီကြီး ပါ။ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှုသမိုင်းမှာ 
အရေးပါတဲ့အခန်းတွေကနေ၊ ရှေ့ဆုံး ရှေ့ဆုံးတန်း အခန်းတွေကနေ ပါဝင်လှုပ်ရှား ဦးဆောင်ခဲ့တဲ့ ပါတီကြီး တစ်ရပ်ပါ။ ဒီလိုထူးခြားတဲ့ သမိုင်းရေးဝိသေသတွေနဲ့ ရှိနေ တည်နေတဲ့ ဗမာပြည်ကွန်မြူနစ်ပါတီရဲ့ သမိုင်းကြောင်းကို တတ်နိုင်သမျှ ခြေရာကောက်ကြည့်မိပြီး သမိုင်းစဉ်နေ့စွဲတွေကို စုစည်း ပေါင်းချုပ်ပေးလိုက်မိပါ တယ်။ ဗမာပြည်သမိုင်းကို၊ ဗမာပြည်နိုင်ငံရေးလှုပ်ရှားမှု သမိုင်းကို သိရှိနားလည်လိုကြသူတွေ၊ လေ့လာသုံးသပ်လိုကြ သူတွေအတွက် ရည်စူးပါတယ်။ '' ဟု '' ပြုစုသူ၏ အဖွင့်အမှာ'' တွင် ဖော်ပြထားသည်။

နေ့စွဲစဉ်သမိုင်းကို ၁၅ သြဂုတ် ၁၉၃၉ မှ ၁၅ သြဂုတ် ၂၀၁၄ အထိ ဖော်ပြထားပြီး ဗမာပြည်ကွန်မြူနစ်ပါတီ တည်ထောင်စ ကာလ ( စာမျက်နှာ ၃ မှ ၁၂ )၊ ဂျပန်ခေတ်အတွင်းကာလ ( စာမျက်နှာ ၁၃ မှ ၃၃ )၊စစ်ပြီးခေတ်နဲ့လွတ်လပ်ရေးကြေညာပြီးစခေတ် ( စာမျက်နှာ ၃၄ မှ ၅၆ )၊လက်နက်ကိုင်တော်လှန်ရေးကာလမှသည် မျက်မှောက်ကာလအထိ ( စာမျက်နှာ ၅၇ မှ ၁၄၅ ) ဟူ၍ အပိုင်း ၄ ပိုင်း ပါရှိသည်။

'' ၁၉၃၉ သြဂုတ် ၁၅
ရန်ကုန်မြို့အရှေ့ပိုင်း၊ ရေကျော်ရပ်၊ ၄၈ လမ်း၊ 
အိမ်အမှတ် ၁၈၈ မှာ ဗမာပြည်ကွန်မြူနစ်ပါတီကို လျှို့ဝှက်စွာ စတင်တည်ထောင်လိုက်ပါတယ်။ 
ဗမာပြည်ကွန်မြူနစ်ပါတီ ( ဗကပ ) ရဲ့ ပထမဆုံး 
အထွေထွေအတွင်းရေးမှူးက သခင်အောင်ဆန်း ဖြစ်ပြီး အောက်ပါအတိုင်း တာဝန်ခွဲဝေမှုနဲ့ စတင်ဖွဲ့စည်းခဲ့ပါ တယ်။ 
၁။ သခင်အောင်ဆန်း အထွေထွေအတွင်းရေးမှူး
၂။ သခင်စိုး လူထုခေါင်းဆောင်
၃။ ရဲဘော်ဂိုရှယ် စည်းရုံးရေးမှူး
၄။ သခင်ဗဟိန်း ကျောင်းသားလူငယ်စည်းရုံးရေးမှူး
၅။ သခင်လှဖေ ( ဗိုလ်လက်ျာ ) ဘဏ္ဍာရေးမှူး
၆။ ရဲဘော်နာ့တ် ( ဒေါက်တာနာ့တ် ) စာကြည့်တိုက်မှူး
( မှတ်ချက်။ ဗမာပြည်ကွန်မြူနစ်ပါတီကို စတင်ဖွဲ့စည်း ခဲ့တဲ့ နေရာနဲ့ပတ်သက်ပြီး သခင်ဗဟိန်းရဲ့ နေထိုင်ရာနေအိမ်ဖြစ်တဲ့ အမှတ် ၁၄၊ မြေနုလမ်း၊ စမ်းချောင်း လို့ အမှတ်အသားပြု ပြောဆိုကြတာရှိသလို ရေကျော် ၄၉လမ်းက အိမ်တစ်အိမ်မှာ လို့လည်း ပြောဆိုကြတာ ရှိပါတယ်။ ) ''( စာမျက်နှာ ၃ မှ )

၁၃၀၀ ပြည့်အရေးတော်ပုံကြီးက မွေးဖွားပေးခဲ့ပြီး
၁၅ သြဂုတ် ၁၉၃၉ တွင် စတင်အခြေတည်ခဲ့သည့် 
ဗမာပြည်ကွန်မြူနစ်ပါတီသည် စိန်ရတုကာလကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သက်တမ်းရှည် နိုင်ငံရေးပါတီကြီး တစ်ခု၏ တော်လှန်ရေး ရေချိန်အတက် အကျ ကောက်ကြောင်းတို့ကို နေ့စွဲစဉ်သမိုင်းတွင် တွေ့မြင်ရသည်။ ဆက်လက်လေ့လာရန်အတွက်လည်း အထောက်အကူဖြစ်စေသည်ဟု ယူဆပါသည်။

'' ဗမာပြည်မှာ ဒီလိုစာအုပ်အမျိုးအစားတွေကလိုအပ်နေလွန်းလို့ ထုတ်လိုက်တာပါ။ သမိုင်းသဘောအရ၊ နိုင်ငံရေးသဘောအရ၊ သုတေသနသဘောအရ လိုအပ်နေတဲ့ ကွက်လပ်တွေထဲက ကွက်လပ်ကြီးတစ်ခုကို တစ်စုံတစ်ရာအတိုင်းအတာ အထိ ဖြည့်ပေးနိုင်မယ်ဆိုတာ ယုံကြည်လို့ ထုတ်လိုက်တာလည်း ဖြစ်ပါတယ်။ ကျွန်တော်က ထုတ်ဝေသူစစ်စစ်တစ်ယောက်တော့ မဟုတ်ခဲ့ပါဘူး။

ဒီစာအုပ်ဟာ နိုင်ငံရေးသမားတွေ၊ နိုင်ငံရေးပညာရှင်တွေ၊ နိုင်ငံရေး စိတ်ဝင်စားသူတွေ၊ သမိုင်းပညာရှင်တွေ၊ သမိုင်းစိတ်ဝင်စားသူတွေ၊ သုတေသီတွေအတွက်သာမက ဗမာပြည်ကွန်မြူနစ်ပါတီသမိုင်းကို စိတ်ဝင်စား သူတွေ၊ သိချင်သူတွေအတွက်ပါ အာသာပြေစေနိုင်မယ့်စာအုပ်လို့ ယူဆပါတယ်။'' ဟု '' ထုတ်ဝေသူရဲ့ စကား'' တွင် ဖော်ပြထားပါသည်။

မိုးမင်းသိမ်း
၃၁ ဇန်နဝါရီ ၂၀၂၀


Publisher Name: ဝတ်မှုန်မိုး စာပေ


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်