Book Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော

လှကျော်ဇော

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ
ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂
နေရီရီစာအုပ်တိုက် ၊
ပထမအကြိမ်၊ ဒီဇင်ဘာ ၂၀၁၈။
မျက်နှာဖုံးဒီဇိုင်း - NN ။
၁၃.၂ စင်တီမီတာ x ၂၀.၇ စင်တီမီတာ။
စာမျက်နှာ - ၁၇၃ ၊ တန်ဖိုး - ကျပ် ၂၇၀၀။

ဗိုလ်မှူးချုပ်ကျော်ဇော ရာပြည့်အကြို အဖြစ်ထုတ်ဝေ ထားခြင်းဖြစ်သည်။ ၂၅ စက်တင်ဘာ ၂၀၁၈ ရက်စွဲဖြင့်ရေးသားထားသော စာရေးသူ၏အမှာစာ ပါရှိသည်။ ၂၀၁၅ ခုနှစ်မှ ၂၀၁၈ ခုနှစ်အတွင်းအရေးတော်ပုံဂျာနယ် နှင့် မိုးမခကွန်ရက်တို့တွင်ဖော်ပြခဲ့သည့် ဆောင်းပါး ၂၃ ပုဒ် ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။


ဖေဖေနဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ ဖေဖေနဲ့ရွေးကောက်ပွဲ၊ ခင်ဆွေဦးရဲ့ ဒို့တိုင်းဋ္ဌာနီ၊ ဖေဖေရဲ့ငြိမ်းချမ်းရေးခရီးသွားဖော် ဦးခင်မောင်မြင့်၊ ၁၉၄၂ ခု မြောင်းမြ ကရင် - ဗမာ အရေးအခင်း ( နောက်ဆက်တွဲ )၊ ဖေဖေရဲ့ငြိမ်းချမ်းရေး ခရီးစဉ်များ၊ လွမ်းလေသမျှ၊ ၁၉၆၃ ခု စေ့စပ်ဆွေးနွေးပွဲ ကာလက ဖေဖေ၊ ''ဗိုလ်ကျော်ဇော ရုပ်ရှင်ရိုက်မယ်''တဲ့၊ စစ်အာဏာရှင်စနစ်ရဲ့ သားကောင်းများ၊ ဗိုလ်မှူးကြီးချစ်မြိုင်နဲ့ဖေဖေ၊ ကျောင်းသားနဲ့ နိုင်ငံရေး၊ ဖေဖေရဲ့မင်း သားကြီး၊ ဗိုလ်မှူးကြီးကြည်မောင် ( NLD ဦးကြည်မောင် ) နဲ့ဖေဖေ၊ ဆရာကြီးမှိုင်း စျာပနကာလ၊ ကျွန်း ဆွယ်အရေးအခင်းအတွင်းက အမှတ်တရများ၊ ပင်စင်စားဖေဖေ၊ ပါတီဝင်တစ်ယောက်ရဲ့စိတ်ဓာတ် ( ပါတီစိန်ရတု အမှတ်တရ )၊ ဒေါ်ဒေါ် ( ဒေါ်ခင်မျိုးညွန့် ) သို့ ဂါရဝ၊ စစ်မုန်းသူ ပြည်ချစ်သားရယ် ဆိုတဲ့ ဆရာစွမ်းနဲ့ ကျွန်မ တို့သားအဖ၊ လက်ရှိ ဒီချုပ်ခေါင်းဆောင်များအတွက် သမိုင်းအမွေကောင်း၊ သမိုင်းသင်ခန်းစာ တစ်ရပ်၊ ကဗျာလေးတစ်ပုဒ် စသည့် ဆောင်းပါးများဖြစ်သည်။


'' ဗမာပြည်မှာ နောက်ထပ်ဝေါဟာရအသစ်တစ်လုံးတိုး လာရတော့မယ် ထင်ပါရဲ့။ ဒါကတော့
စစ်တပ် + ပြည်တွင်းစစ် = စစ်အာဏာရှင်စနစ် ဆိုတဲ့ 
ဂဏန်းသင်္ချာ ပုံသေနည်းပါပဲ။

ဒါကြောင့်ပဲ ဖေဖေက သူ့နောက်ဆုံးအချိန်များအတွင်း သတင်းဋ္ဌာနများရဲ့ တွေ့ဆုံမေးမြန်းခန်းများမှာ 
'ကျွန်တော်တို့ နိုင်ငံရဲ့ ဒုက္ခအဖုံဖုံဟာ စစ်အာဏာရှင်စနစ်မှာ မြစ်ဖျားခံပါတယ် ' လို့ တဖွဖွပြောပြီး သူချစ်တဲ့ ပြည်သူတွေကို အဓိကရန်သူ ဘယ်သူဆိုတာ မျက်ခြည်မပြတ်ဖို့ သတိပေးခဲ့ ဟန်တူပါတယ်။'' 
( ဖေဖေနဲ့ပြည်တွင်းငြိမ်းချမ်းရေး၊ စာမျက်နှာ ၅ နှင့် ၆ မှ )

''သြော် ..... နအဖ အစိုးရအနေနဲ့ကလည်း ကရင် - ဗမာ 
ချစ်ကြည်ရေးရသွားမှာ စိုးထင်ပါရဲ့။ လူမျိုးစုပဋိပက္ခပဲဖြစ်ဖြစ်၊ ဘာသာရေးပဋိပက္ခပဲဖြစ်ဖြစ် အစိုးရက တာဝန်ရှိရှိ၊ လက်ဦးမှု ရှိရှိ ဖြေရှင်းပေးနိုင်ရင် အများအားဖြင့် ပြေလည်အေးချမ်း သွားတတ်ပါတယ်။ ဒါပေမဲ့ ဒီလိုမျိုး ပဋိပက္ခတွေကို မိမိတို့ရဲ့ ထွက်ပေါက်အဖြစ် အသုံးချတတ်တဲ့ အစိုးရမျိုးလက်အောက်မှာ ဆိုရင်တော့ ဘယ်တော့မှ ပြေလည်အောင်ဖြေရှင်းမှာ မဟုတ်သလို ဒီလိုမီးမျိုးတွေကိုလည်း တငွေ့ငွေ့လောင်နေအောင် မွေးထားတာတွေ့နိုင်ပါတယ်။ တစ်ခါတစ်ရံ စတင်မီးမွေးသူတွေဟာ အစိုးရကိုယ်တိုင်တောင် ဖြစ်နေတတ်ပါ တယ်။

ဒါကြောင့် တိုင်းပြည်တွင်းပေါ်ပေါက်တဲ့ ပြည်သူတွင်း ပြဿနာတွေ၊ ပဋိပက္ခတွေ ဖြေရှင်းပုံဖြေရှင်းနည်းတွေ ကို ကြည့်ရုံနဲ့ အစိုးရတစ်ရပ်ရဲ့ ရပ်တည်မှုကို တွေ့နိုင်ပါတယ်။

စစ်အာဏာရှင်စနစ်အတွက်ကတော့ ဒီလိုပဋိပက္ခတွေ ဟာ သည်းခြေကြိုက်အစာတွေပါပဲ။

ဒါကြောင့် ပြည်သူလူထုကြီးတစ်ရပ်လုံး နိုးနိုးကြားကြား ရှိကြဖို့ လိုပါတယ်။ ''

( ၁၉၄၂ ခု မြောင်းမြ ကရင် - ဗမာ အရေးအခင်း 
( နောက်ဆက်တွဲ ) ၊ စာမျက်နှာ ၃၂ မှ )

ဗိုလ်မှူးချုပ်ကျော်ဇော ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိ 
'' ဆိုင်းစု မှသည် မန်ဟိုင်းဆီသို့ '' တွင် ဆက်စပ်ရေး သားရန်ကျန်ရှိနေသည့် အချက်အလက်အချို့အား 
အခြေခံ၍ရေးသားထားသည့် ဆောင်းပါးများဖြစ်သည်။

သမိုင်းအဖြစ်အပျက်တို့အားဖော်ပြရာတွင် မှတ်တမ်း ဓာတ်ပုံများနှင့် သတင်းစာဖြတ်ပိုင်းများအားလည်း ထည့်သွင်းဖော်ပြထားသည်။

ဘဝတစ်လျှောက်လုံး နိုင်ငံလွတ်လပ်ရေး၊ ပြည်ပရန်ကာကွယ်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး နှင့် အရှေ့မြောက်စစ်ဒေသမှ တော်လှန်ရေးရဲဘော်ကြီးအဖြစ် ဖြတ်သန်းခဲ့သည့် ပုဂ္ဂိုလ်ကြီး၏ သမိုင်းဖြတ်သန်းမှုများ အား ယနေ့ခေတ် နိုင်ငံရေး အခင်းအကျင်းတို့နှင့် ယှဉ်ထိုးဖော်ပြထားရာ ဆက်စပ် စဉ်းစားကြည့်လိုသူတို့ 
နှစ်ခြိုက်ကြမည်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၂၄ မတ် ၂၀၁၉


Publisher Name: နေရီရီ


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်