Book Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ

နေဦးဝေ
လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ
ခြူးခြူးစာအုပ်တိုက်
ပထမအကြိမ် ၊ နိုဝင်ဘာ ၂၀၁၈။
မျက်နှာဖုံးပန်းချီ - မုတ်သုန်။
၁၃.၇ စင်တီမီတာ x ၂၀.၈ စင်တီမီတာ။
စာမျက်နှာ - ၃၆၇ ၊ တန်ဖိုး - ကျပ် ၅၀၀၀။

၂၀၁၇ ခုနှစ်ထုတ် The Speaker ဂျာနယ်တွင် အခန်း ဆက်ဖော်ပြခဲ့သော ဆောင်းပါးများကို စုစည်းထုတ်ဝေ ထားခြင်းဖြစ်သည်။



၉ ဇန်နဝါရီ ၂၀၁၈ ရက်စွဲဖြင့် ရေးသားထားသော ကိုတင်အေးကြူ၏ ''ဖတ်ဖူးသူရဲ့ ကျေးဇူးရင်ခုန်'' အမှာစာ ပါရှိသည်။

ခရမ်းရောင်တောင်တန်းများ၊ မဲဇလီပွင့်တွေ ထိန်ထိန်ဝါနေတဲ့ ပန်ဆန်း၊ ကျောင်းသားတွေနဲ့ လေပေးဖြောင့်တဲ့ ရုရှားပြန်ခေါင်းဆောင်၊ ဝ တွေပြောတဲ့ ဝ သမိုင်း၊ သေပြီလို့ သတင်းအကြိမ်ကြိမ်ထွက်တဲ့ခေါင်းဆောင်၊ ရှမ်းပြည်အလယ်ပိုင်းရောက် ဝ တပ်များ၊ ဓလေ့ဆိုးကို ဖျက်ခဲ့လို့ သွေးစည်းလာကြပြီ၊ အရှေ့မြောက်လွတ်မြောက်ဒေသ ကနဦးကာလ၊ ဗုံးသံ အမြောက်သံ ညံတဲ့ နှစ်၊ ဗကပ ၁၉၇၉ လမ်းစဉ် အကောင်အထည်ဖော်ဆောင်ချိန်၊ နယ်စပ်ဒေသအခြေခံစခန်းနဲ့ ပြည်တွင်းအခြေခံစခန်း ကွာဟချက်၊ စစ်နဲ့ငြိမ်းချမ်းရေး၊ ဖြတ် ၄ ဖြတ်ထဲက ထွက်ပေါ်လာတဲ့ခေါင်းဆောင်၊ တိမ်ညိုတိမ်မည်းတွေအုံ့ဆိုင်း မှိုင်းညို့ညို့ ရိုးမ၊ သံရေးတမန်ရေး အရှုပ်အထွေးထဲက သူပုန်ဘဝ၊ ဝလူမျိုးတို့ရိုးရာ သစ်စည်သံ ပြန်မြည်လာချိန်၊ ရဲဘော်သုံးကျိပ်ဝင် ဗိုလ်ချုပ်တစ်ဦးရဲ့ စစ်မဟာဗျူဟာအမြင်၊ တော်လှန်တဲ့တပ်ဖွဲ့နဲ့ ယုံကြည်မှု ကပ်၊ ကမ ္ဘာ့အခင်းအကျင်းဝဲဂယက်၊ တောင်သူလယ်သမားသူပုန်ဟောင်းကြီး၊အရေးကြီးတဲ့သမိုင်းတစ်ကွေ့၊ ဖက်ဆစ်တော်လှန်ရေး အတွေ့အကြုံ၊ ကိုယ်ကျင့်တရား နဲ့နိုင်ငံရေး၊ ပန်ဆန်းမှာကျင်းပတဲ့ တတိယကွန်ဂရက်၊ တော်လှန်ရေးဒီရေ၊ ရွေးချယ်ခွင့် များများမရှိတဲ့ သူပုန်ဘဝ၊ ပန်ဆန်းရောက် မဒတကိုယ်စားလှယ်အဖွဲ့၊ တပ်ပေါင်းစုနဲ့တိုင်းရင်းသားအရေး၊ မဲခေါင်မြစ်ဘေးက အခါ သူပုန်၊ ဗဟိုပါတီကျောင်းက ကျောင်းသားများ၊ နယ်စပ်ကုန်သွယ်ရေးလမ်းအတွက် တိုက်ပွဲများ၊ မီးခိုးနဲ့ ယမ်းငွေ့အကြား ခြင်္သေ့လည်ပြန်၊ ၁၉၈၈ ပြည်သူ့အရေးတော်ပုံကြီး၊ မိုင်းယန်းတိုက်ပွဲဒဏ္ဍာရီ၊ အမျိုးသားရေး လှိုင်းထဲက ဧပြီ လ ၁၇ ရက်၊ စတင်လောင်မြိုက်လိုက်တဲ့ ကိုးကန့်မီးတောက်၊ နိုင်ငံရေးပြဿနာ မဖြေရှင်းတဲ့ အပစ်ရပ်ငြိမ်းချမ်းရေး၊ ခရမ်းရောင်တောင်တန်းများကို ခွဲခွာရပြီ စသည့် အခန်းပေါင်း ၃၈ ခန်းပါရှိသည်။

'' လောကကြီးမှာ စံနှုန်းတန်ဖိုးတွေ အများအပြားရှိနေတတ်ပြီး တန်ဖိုးစံနှုန်းတစ်ခုခုကို အတူကိုင်စွဲသူများ အကြားပင် ကွဲပြားမှုများ ရှိနေတတ်ပါတယ်။ နောက်ပြီး အဲဒီစံနှုန်းတွေကလည်း အချိန်နေရာကိုလိုက်ပြီးပြောင်း လဲသွားတတ်ပြန်တယ်။ အရင်က တန်ဖိုးထားမှုတွေ ဟာလည်း ကာလဒေသ အပြောင်းအလဲတွေကိုလိုက်ပြီး နောက်ထပ်တန်ဖိုးစံနှုန်းတွေ ကို ပြောင်းလဲသွား တတ်တာဆိုတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း လေးငါးဆယ်က အကြောင်းအရာတွေအပေါ် ရှုမြင်ပုံ ခံယူပုံတွေ ကွဲပြားနေတတ်တယ်။ ဒါကြောင့် ဒီဆောင်းပါးတွေကို ရှုထောင့်တစ်ခု အမြင်တစ်ခုအဖြစ် ကိုးကားနိုင်ရင်ပဲ လုံလောက်ပါပြီ။ '' ( စာမျက်နှာ ၁၀ မှ )

လွတ်မြောက်ဒေသ ပန်ဆန်း၌ ၁၉၇၉  ခုနှစ်မှ ၁၉၈၉ ခု နှစ်အထိ ဖြတ်သန်းမှုအဖုံဖုံတို့ကို ရေးဖွဲ့ထားသည့် အရေးအသားများဖြစ်သည်။  ဗမာပြည်ကွန်မြူနစ်ပါတီ၏ အရှေ့မြောက်ဒေသ လှုပ်ရှားမှုတို့အား မှတ်တမ်းတင်ရေးသားထားခြင်းလည်း ဖြစ်သည်။

'' အခုတင်ပြခဲ့တဲ့ ဗကပ အရှေ့မြောက်ဆယ်နှစ် အတေ ွ့အကြုံကနေ သမိုင်းဖြစ်ရပ်မှန် တကယ့်လက်တွေ့အခြေအနေတွေကို နားလည်သိရှိပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးပေါ်ထွန်းပါစေလို့ မျှော်လင့်ရင်း ကျွန်တော့်ရဲ့ ခရမ်းရောင်တောင်တန်းမှတ်စုများကို နိဂုံးချုပ်လိုက်ပါတယ်'' ( စာမျက်နှာ ၃၆၇ မှ ) ဟု ဆရာနေဦးဝေ က အဆုံးသတ်ထားသည်။

ခေတ်အဆက်ဆက် ပုံဖျက်ရေးသားခံခဲ့ရသည့် ဗကပ သမိုင်း ဟာကွက်ကို ဖြည့်စွက်ဖတ်ရှုစဉ်းစားလိုသူတို့ အတွက် '' လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ '' က အထောက်အကူပြုမည်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၂၅ ဧပြီ ၂၀၁၉


Publisher Name: ခြူးခြူးစာအုပ်တိုက်


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်