Book Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း

ကျော်ဝင်း

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့်
အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ
Civil - Military Relation and Failed Democratization
တကောင်းစာအုပ်တိုက်၊
ပထမအကြိမ် ၊ ဧပြီ ၂၀၁၉။
မျက်နှာဖုံး - ဝင်းတင့်။
၁၃.၄ စင်တီမီတာ x ၂၁ စင်တီမီတာ။
စာမျက်နှာ - ၁၆၄ ၊ တန်ဖိုး - ကျပ် ၂၅၀၀။

စာရေးသူ၏အမှာပါရှိပြီး ၁၆ နိုဝင်ဘာ ၂၀၁၈ က မုံရွာမြို့တွင် ကျင်းပခဲ့သော ဘာသာရပ်ဆိုင်ရာဆွေးနွေး ပွဲတွင် ပြောကြား ခဲ့သည့် ''အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီအပြောင်းအလဲ '' ဟူသော အကြောင်းအရာ နှစ်ပိုင်း ပါရှိသည်။ 



Larry Diamond နှင့် Marc F. Plattner တို့ တည်း ဖြတ်သည့် '' Civil - Military Relations and Democracy '' ၏ နိဒါန်းပိုင်းကို '' အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး နှင့် ဒီမိုကရေစီ'' ဟူ၍ အောက်တို ဘာ ၂၀၁၄ ၌ ဘာသာပြန်ဆိုထားသည်ကို နောက်ဆက်တွဲ ၁ အဖြစ်လည်းကောင်း၊ 

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ် အခြေစိုက် International Crisis Group ( ICG ) အဖွဲ့ကြီး၏ ၂၂ ဧပြီ ၂၀၁၄ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သော Myanmar Military : Back to the Barracks ? အစီရင်ခံစာအား '' မြန်မာ့တပ်မတော် စစ်တန်းလျားများ သို့ ပြန်ပါမည်လော'' ဟု ၂၂ ဧပြီ ၂၀၁၄ က ဘာသာပြန်ဆိုထားသည်ကို နောက်ဆက်တွဲ ၂ အဖြစ်လည်းကောင်း ထည့်သွင်းဖော်ပြထားသည်။

'' ဗိုလ်ချုပ်အောင်ဆန်းရှိစဉ်ကတည်းကပင် နိုင်ငံရေးပါ တီများအနေဖြင့် မိမိတို့ပါတီနှင့်နီးစပ်သူများ၊ ပါတီဝင်များကို တပ်ထဲတွင်နေရာရအောင် ကြိုးစားခဲ့ကြသည်များရှိသည်။ ပထမဆုံး ဤသို့ကြိုးပမ်းခဲ့သည်မှာ ဗမာ ပြည်ကွန်မြူနစ်ပါတီဖြစ်ပြီး နောင်တွင် ဆိုရှယ်လစ်ပါတီ ကပါ အားကျမခံကြိုးစားလာခဲ့ သည်။ ဤတွင်ပြောလို သည်မှာ တပ်မတော်ကို နိုင်ငံရေး ဇာတ်သွင်းခဲ့ကြသည်မှာ နိုင်ငံရေးပါတီများကိုယ်တိုင်ဖြစ်သည်ဆိုသော အ ချက်ပင်ဖြစ်ပါသည်။'' ( အရပ်ဘက် - စစ်ဘက်ဆက်ဆံရေး၊ စာမျက်နှာ ၂၅ နှင့် ၂၆ မှ )

'' နောက်ပိုင်းဖွဲ့စည်းပုံအခြေခံဥပဒေများတွင် တပ်မတော်၏ အခန်းကိုလည်း တရားဝင်ဖော်ပြထားရာ အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးမှာ ဖွဲ့စည်းပုံပြင်ရေးနှင့် ဆက်စပ်နေတတ်ပါသည်။ မြန်မာနိုင်ငံလို တပ်မတော်အင်အားကြီးသော နိုင်ငံမျိုးအတွက် ဤပြဿနာမှာ နောက်ကြောင်းပြန်နိုင်ခြေ အများဆုံးဖြစ်လေရာ သတိ ကြီးကြီးထား ကိုင်တွယ်ဖို့လိုပါလိမ့်မည်။ ကျန်အင်အား စု သုံးခု ( လူထု၊ လက်နက်ကိုင်တော်လှန်ရေးနှင့် နိုင်ငံ ခြားအင်အားကြီးနိုင်ငံ ) တို့မှာ သက်ဆိုင်ရာ တိုင်းပြည်၏ 'နိုင်ငံရေးဓလေ့'နှင့် 'ပထဝီနိုင်ငံရေး'တို့နှင့် ဆက်စပ်နေရာ ဂရုဓမ္မထား ကိုင်တွယ်ရမည့်ပြဿနာများဟု ယူ ဆ ရပါသည်။'' ( အရေးနိမ့်ဒီမိုကရေစီ အပြောင်းအလဲ ၊ စာမျက်နှာ ၄၅ မှ )

'' တည်ငြိမ်သော ဒီမိုကရေစီသို့သွားရာလမ်းတွင် ကျော်လွှားဖို့ အခက်ခဲဆုံး အတားအဆီးများထဲမှ တစ်ခုမှာ 
' နိုင်ငံရေးတွင် စစ်ဘက်မှ ပါဝင်စွက်ဖက်မှု ' ပင်ဖြစ်ပါ သည်။ သို့တစေ ဤ အတားအဆီးမှာ ဘယ်လိုမှ ကျော်ဖြတ်လို့မရနိုင်သော အခက်အခဲကား မဟုတ်ပါချေ။ '' 
( အရပ်ဘက် - စစ်ဘက်ဆက်ဆံရေးနှင့် ဒီမိုကရေစီ၊ စာမျက်နှာ - ၉၇ မှ )

'' ပြည်တွင်းတွင်မူ တပ်မတော်အနေဖြင့် ယခုထက်တိုင် ရှိသလောက် ရှိနေဆဲဖြစ်သော လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆုံးခန်းတိုင်စေရတော့မည်ဖြစ်ပါသည်။ အထူးသဖြင့် လူမျိုး စုများနေထိုင်ရာ နယ်စပ်ဒေသများ တွင် အရပ်သားများနှင့် ဆက်ဆံရေးကိုလည်း အသေ အချာပြောင်းလဲဖို့ လိုအပ်ပါလိမ့်မည်။ သို့မှသာလျှင် ထိခိုက်ပွန်းပဲ့ခဲ့ရသော တပ်မတော်၏ ဥပဓိရုပ်ကို ပြန်လည်အဖတ်ဆယ်နိုင်ပြီး ခေတ်မီ ပရော်ဖက်ရှင်နယ် အင်စတီကျူးရှင်း တစ်ရပ်အဖြစ် ပြောင်းလဲပုံဖော်နိုင်ပါ လိမ့်မည်။ ဆိုရလျှင် လက်ရှိတပ်မတော်ကို မြန်မာနိုင်ငံ ၏ လူမျိုးရေးနှင့် ဘာသာရေးဆိုင်ရာ ပဒေသာစုံဖြစ်မှုကို ထင်ဟပ်နိုင်သော၊ ကာကွယ်စောင့်ရှောက်နိုင်သော၊ အမျိုးသား တပ်မတော်တစ်ရပ် အောင်မြင်စွာ ပုံသွင်းနိုင်မည်ဖြစ်ပါ သတည်း။''( မြန်မာ့တပ်မတော် စစ်တန်းလျား များသို့ပြန်ပါမည်လော၊ စာမျက်နှာ ၁၆၄ မှ )

မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် အဓိကအခန်းကဏ္ဍ ၌ ရှိနေသော အရပ်ဘက် - စစ်ဘက် ဆက်ဆံရေးကို သုံးသပ်တင်ပြထားသည့် အရေးအသားများဖြစ်ရာ ဆက်စပ်စဉ်းစားမှုကို ခုံမင်သူတို့ အလေးထားဖတ်ရှု သင့်သည့်စာအုပ်တစ်အုပ်ဟု ယူဆမိပါသည်။

မိုးမင်းသိမ်း
၃ ဧပြီ ၂၀၁၉


Publisher Name: တကောင်းစာအုပ်တိုက်

Publisher Address: အမှတ် ၅/ခ ၊ဇေယျာသီရိလမ်း၊ကမာရွတ်။ ဖုန်း - 0950001983

Publisher Phone Number: 0950001983


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်