Book Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော

လှကျော်ဇော
တပ်ပြုပြင်ပြောင်းလဲရေး
ယဉ်မျိုးစာအုပ်တိုက်၊
ပထမအကြိမ်၊ မတ် ၂၀၁၉။
မျက်နှာဖုံး - တင်ထွန်းနိုင်။
၁၃.၂ စင်တီမီတာ x ၂၀.၄ စင်တီမီတာ။
စာမျက်နှာ - ၈၆ ၊ တန်ဖိုး - ကျပ် ၁၅၀၀။

ဗိုလ်မှူးချုပ်ကျော်ဇော ရာပြည့်အထိမ်းအမှတ်အဖြစ် ထုတ်ဝေထားခြင်းဖြစ်သည်




၂၀ ဇန်နဝါရီ ၂၀၁၉ ရက်စွဲဖြင့်ရေးသားထားသော စာရေးသူ၏ အမှာစာ ပါရှိသည်။ ၂၂ ဧပြီ ၂၀၁၈ မှ ၃၀ ဒီဇင်ဘာ ၂၀၁၈ အထိ မိုးမခမီဒီယာတွင် ဖော်ပြခဲ့သည့် ဆောင်းပါး ၁၆ ပုဒ်ကို စုစည်းထုတ်ဝေထားခြင်းဖြစ်သည်။ 

ဗိုလ်မှူးချုပ်ကျော်ဇော ( ၁၉၁၉ - ၂၀၁၂ ) ၏ ဘဝမှတ်တမ်းတချို့ ( ဓာတ်ပုံမှတ်တမ်း ) ကိုလည်း နောက်ဆက်တွဲအဖြစ် ထည့်သွင်းဖော်ပြထားသည်။

ပါရှိသောဆောင်းပါးတို့မှာ ပြည်သူတွေရဲ့နှလုံးသား ဘယ်မှာရှိတယ်၊ ဖိလစ်ပိုင်ကပေးတဲ့ သင်ခန်းစာ၊ ညီညွတ်ရေး သို့မ ဟုတ် ယုံကြည်မှုတည်ဆောက်ခြင်း၊ ဂျီနီဗာသဘောတူညီချက်၊စိတ်လှုပ်ရှားဖွယ်သတင်းများ၊ ဗလောင်းဗလဲ ကာချုပ်၊ နှစ်ထပ်ကွမ်း ဆိုးဝါးတဲ့ဘဝ၊ ဗမာ့တပ်မတော်ရဲ့ စိတ်ကြီးဝင်ရောဂါ၊ အတွေးအခေါ်ဟောင်း လုပ်ဟန်ဟောင်းများ၊ အတိတ်သမိုင်းရဲ့အ ကျဉ်းသား၊ ဦးပိုင်ရဲ့မိခင် ( ဘီအီးဒီစီ - ဗမာနိုင်ငံစီးပွား တိုးတက်ရေးကော်ပိုရေးရှင်း )၊ ပြင်သင့်ပြီဖြစ်တဲ့ တပ်မတော်သာအမိ တပ်မတော်သာအဖဆိုတဲ့စိတ်ဓာတ်၊ တပ်မတော်သမိုင်းအမှန်ပေါ်ရေး၊ ဗမာ့လွတ်လပ်ရေး တပ်မတော်(ဘီအိုင်အေ)၊ တပ်မတော်သာအမိ တပ်မတော်သာအဖ ဆိုတာ ဘယ်လိုပေါ်လာသလဲ၊ စစ်အာ ဏာရှင်စနစ်ဖျက်သိမ်းရေးတိုက်ပွဲများ စသည်တို့ဖြစ်သည်။

'' အခုလို ဗမာပြည်ကြီးရဲ့ အချက်အချာကျတဲ့ အကူးအပြောင်းကာလကြီးမှာ စစ်တပ်ရဲ့အခန်းကဏ္ဍဟာ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အခရာကျပါတယ်။

စစ်အာဏာရှင်စနစ်ရဲ့ လက်သပ်မွေးထားခြင်းခံရတဲ့ စစ်တပ်ဟာ မိမိမတရားရယူထားတဲ့ အခွင့်ထူးခံအမျိုးမျိုး ကို စွန့်လွှတ်ပြီး ကျန်တိုင်းရင်းသားပြည်သူများနဲ့အတူ အေးအတူပူအမျှ တစ်သားတည်း ရပ်တည်လာနိုင်မှ သာလျှင် ဗမာပြည်ကြီးရဲ့ ရှေ့ရေးဟာ အလားအလာကောင်းမွန်နိုင်မှာပါ။

ဒီအတွက် တပ်မတော်ကြီးကို စစ်အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်ဟောင်းတွေ၊ လုပ်ဟန်ဟောင်းတွေနဲ့ ကျိန်စာမိနေတဲ့ ဘဝတွေကနေ လွတ်မြောက်လာအောင် ပြည်သူတစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားဖို့လိုပါတယ်။

ဒီစာအုပ်ဟာ ဒီတာဝန်ကို မနိုင်မနင်း ထမ်းကြည့်တဲ့ အဖြစ်ပါပဲ။ လိုအပ်ချက်များ ရှိရင်လည်း ဝိုင်းဝန်းထောက်ပြကြပါ။ '' ဟု ''အမှာစာ'' တွင် စာရေးသူကရေး သားထားသည်။

မြန်မာ့နိုင်ငံရေး အကူးအပြောင်းကာလတွင် အဓိက အခန်းကဏ္ဍ၌တည်ရှိနေသည့် တပ်မတော်အား အပြု သဘောဝေဖန်သုံးသပ်ပြထားသည့် အရေးအသားများ ဖြစ်ပြီး ဆောင်းပါးတစ်ပုဒ်ချင်းစီ၌ စဉ်းစားဆင်ခြင်ဖွယ်အချက်များ ပါရှိနေပါသည်။

မိုးမင်းသိမ်း
၂၈ ဧပြီ ၂၀၁၉


Publisher Name: ယဉ်မျိုးစာအုပ်တိုက်


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်