Book Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်

နိုင်ငံရေး အက်ဆေး

ရဲရင့်ဝေစာပေ

တန်ဖိုး - ၄၀၀၀ ကျပ်


နိုင်ငံရေး အက်ဆေး


နိုင်ငံရေးက ကျယ်ပြန့်သည်။ လူတစ်ယောက်၏ မိုးလင်းမိုးချုပ် နေ့တဓူဝ ကိစ္စအားလုံးသည် နိုင်ငံရေးဖြစ်သည်။ ကော်ဖီသောက်တာ၊ လမ်းလျှောက်တာကအစ ဘတ်စ်ကားစောင့်တာ၊ မုန့်စားတာလည်း နိုင်ငံရေးဖြစ်သည်။ ကားတွေကြပ်တာ၊ လမ်းတွေပိတ်တာ၊ မီးမလာတာကအစ ချစ်သူနှင့်ရန်ဖြစ်တာလည်း နိုင်ငံရေးဖြစ်သည်။ ငြိမ်းချမ်းရေးတွေ၊ စစ်ပွဲတွေ၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေးတွေ ပြောမှ နိုင်ငံရေး မဟုတ်။ သီးချင်းနားထောင်၊ ရုပ်ရှင်ကြည့်၊ ဖုန်းပွတ် တာလည်း နိုင်ငံရေးဖြစ်သည်။ အပစ်အခတ်ရပ်စဲရေးတွေ၊ ဖွဲ့စည်းပုံပြင်ဆင်ရေးတွေ ပြောမှ နိုင်ငံရေးမဟုတ်။ စစ်ရှောင်မိသားစုတစ်စု၏ ထမင်းဝိုင်းကလည်း နိုင်ငံရေးဖြစ်သည်။ လွှတ်တော်နှင့် အစိုးရ ပွတ်တိုက်တာ၊စစ်တပ်နှင့် တိုင်းရင်းသားလက်နက်ကိုင်တွေ ပဋ္ဋိပက္ခဖြစ်ကြတာမှ နိုင်ငံရေးမဟုတ်။ ရပ်ကွက်စျေးလေးထဲက ရန်ပွဲကလည်း နိုင်ငံရေးဖြစ်သည်။ နိုင်ငံရေးက လူတစ်ယောက်၏ ထမင်းစား ရေသောက် နေ့တဓူဝကိစ္စ အလုံးစုံနှင့် အကျုံးဝင်သည်။လူတွေအကြောင်းကို ပြောခြင်းသည် နိုင်ငံရေးကို ပြောခြင်းဖြစ်သည်။ 

ယခုစာအုပ်မှာ ပြီဲး့ခဲ့သည့် လ များအတွင်း နိုင်ငံတွင် နေ့တဓူဝ ကြုံတွေ့ရင်ဆိုင်နေခဲ့ရသည့် အမျိုးအမည်စုံလှသော အဖြစ်အပျက်များကို စာရေးသူ မြင်သလို၊ တွေးမိသလို တို့ထိ၊ ဝေဖန်သုံးသပ်ထားသည့် အကြောင်းအရာများ ဖြစ်သည်။ the voice, 7 day, Daily Eleven စသည့် နေ့စဉ်ထုတ် သတင်းစာများတွင် Perspective, Opinion စသည့် ကဏ္ဍများ၌ စာရေးသူ ရေးသားခဲ့သည့် ဆောင်းပါးများကို ပြန်လည်စုစည်းထားခြင်းဖြစ်သည်။ သည်အထဲမှာ စစ်ဘေးဒုက္ခသည်တွေအကြောင်း ပါသည်။ ရွေးကောက်ပွဲအကြောင်း ပါသည်။ ကျောက်ဖြူ ရေနက်ဆိပ်ကမ်းအကြောင်းပါသည်။ BRI အကြောင်းပါသည်။ ဘင်္ဂါလီတွေအကြောင်း ပါသည်။ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ပါသည်။ ဗိုလ်ချုပ် မင်းအောင်လှိုင်အကြောင်း ပါသည်။ အစိုးရ၏ စီးပွားရေးမူဝါဒ အကြောင်း ပါသည်။ အန်ဂျီအိုတွေအကြောင်း ပါသည်။ မြစ်ဆုံအကြောင်း ပါသည်။ တရုတ်၏ သြဇာလွှမ်းမိုးမှု အကြောင်း ပါသည်။ ငြိမ်းချမ်းရေးအကြောင်း ပါသည်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအကြောင်း ပါသည်။ သဘာဝ ပတ်ဝန်းကျင်အကြောင်း ပါသည်။ မီးပျက်သည့် အကြောင်း ပါသည်။ လွှတ်တော်နှင့် အစိုးရ ပွတ်တိုက်တာ ပါသည်။ ဆိုရှယ်မီဒီယာပြဿနာ အကြောင်း ပါသည်။ ကုန်သွယ်ရေးစစ်ပွဲအကြောင်း ပါသည်။ အကြောင်းအရာ မျိုးစုံ ပါဝင်သည်။ 

သတင်းမီဒီယာသမား၏ အလုပ်မှာ စောင့်ကြည့်ခြင်း ဖြစ်သည်။ အစိုးရကို စောင့်ကြည့်မည်။ လွှတ်တော်ကို စောင့်ကြည့်မည်။ စစ်တပ်ကို စောင့်ကြည့်မည်။ လူ့အဖွဲ့အစည်းကို စောင့်ကြည့်မည်။ တစ်စုံတစ်ရာ ချွတ်ချော်တိမ်းစောင်းနေသည်ဟု ယူဆလျှင် တည့်မတ်အောင် အားထုတ်ရေးသားမည်။ ဝေဖန်ထောက်ပြမည်။ သုံးသပ်မည်။ 
ယခုစာအုပ်ပါ အကြောင်းအရာတွေမှာ စာရေးသူ၏ ယူဆချက်များ ( opinions)၊ တွေးထောင့်များ ( Perspective) သာ ဖြစ်ပါသည်။ သုတေသနစာတမ်းမဟုတ်၊ သတင်းဆောင်းပါး( feature) မဟုတ်သည့်အတွက် အချက်အလက်တွေ၊ ဒေတာတွေ ပြည့်စုံချင်မှ ပြည့်စုံမည်။ စာရေးသူ၏ အဆုံးသတ်ကောက်ချက် ( conclusion) နှင့် စာဖတ်သူ၏ ခံစားချက်တို့ တိုက်ဆိုင်တာ ပါနိုင်သလို သဘောမတူတာတွေလည်း ပါနိုင်သည်။ တချို့ ဆောင်းပါးတွေကို ပေါ့ပေါ့ပါးပါး ရေးထားသည်။ အချို့ဆောင်းပါးတွေက စိတ်ခံစားမှုတွေ ပါသည်။ ဆောင်းပါး ဆိုတာထက် " အက်ဆေး" ဟု ဆိုချင်သည်။ ထို့ကြောင့် ယခုစာအုပ်ကို" နိုင်ငံရေး အက်ဆေးများ" ဟု အမည်ပေးလိုက်ခြင်းဖြစ်သည်။ 

ချစ်ဝင်းမောင်
၁၆-၇-၂၀၁၉ 




Publisher Name: ရဲရင့်ဝေစာပေ


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်