"လူနှင့် နိုင်ငံတော်" မောင်ကြည်သစ်
(S.E.Frost,Jr. - Man and the State)
ဒု - ကြိမ်၊ ၂၀၁၄၊ တန်ဖိုး ၁၃၀၀ ကျပ်။
ထုတ်ဝေသူ - ဆွယ်တော်စာပေ
ဖြန့်ချိရေး - မျိုးဆက်သစ်စာပေ/
သဟဇာတ စာပေ (အမှတ် ၅၀၊ ပထမထပ်၊
ကျောက်မြောင်းစေျးလမ်း၊ တာမွေ၊ ရန်ကုန်။
ဖုန်း ၀၁- ၅၄၉၁၇၈၊ ၀၉ ရ၃၂ ၅၄၉ ၆၃
နိုင်ငံရေးဆိုတာ ယနေ့ မျက်မေှာက်ခေတ်
လူသားတွေနဲ့ တစ်ထပ်တည်းကျနေတယ်လို့ဆိုရင်
မှားမယ်မထင်ပါဘူး . . .။
နိုင်ငံရေးအယူအဆတွေ
နိုင်ငံရေးအတွေးအခေါ်တွေ ကို မိတ်ဆက်အနေနဲ့
သိချင်လေ့လာချင်ရင်တော့ ယခုဖော်ပြတဲ့
အမေရိကန်ပါမောက္ခ S.E.Frost, Jr.
ပြုစုရေးသားထားတဲ့ . . . . .
"မဟာဒသနပညာရှင်များ၏ အခြေခံဒသန
သင်ကြားချက်များ ဖြစ်တဲ့ (Basic Teachings of the Great Philosopher) စာအုပ်မှာပါရှိတဲ့
"Man and the State" အခန်းကို မောင်ကြည်သစ် ဘာသာပြန်ဆိုရေးသားထားသော
"လူနှင့် နိုင်ငံတော်" စာအုပ်က ဖတ်သင့်ပါတယ်။
ကျမ်းကြီး ကျမ်းကိုးလို စာအုပ်အထူကြီးမဟုတ်ပါဘူး။
မြန်မာလို စာမျက်နှာ ၉၅ မျက်နှာရှိပြီး English ဘာသာနဲ့ စာမျက်နှာ ၄ရ မျက်နှာပါရှိပါတယ်။
အဲဒီနောက်မှာ နိုင်ငံရေးအတွေးအခေါ်ရှင် ၃၃ ဦးရဲ့ အတ္ထုပ္ပတ္တိအကျဉ်းကိုလည်း မြန်မာလိုဖော်ပြထားပါတယ်။
စုစုပေါင်း စာမျက်နှာ ၁၆၆ မျက်နှာပဲရှိပါတယ်။
"လူသားများအတွက် နိင်ငံတော်သည် အသက်နှင့်
ထပ်တူ အရေးကြီးလှသည်။ လူသား၏ ဘဝ၊ လူသား၏ အဓိပ္ပါယ် နှင့် လူသား၏ လူစစ်စစ်ဖြစ်မွု တို့ကို နိုင်ငံတော် နှင့် ယှဉ်၍သာလျင်
သတ်မှတ်နိုင်ပေသည်။"
နိုင်ငံတော်၏ သြဇာအာဏာစက်ကို ကန့်သတ်
လိုက်ပြီး နိုင်ငံသားတစ်ဦးချင်းစီ၏ လွတ်လပ်မွုကို
ကျယ်ပြန့်စေသည်။ ပုဂ္ဂိုလ်တစ်ဦးချင်းစီ၏ အလုပ်
လုပ်ပိုင်ခွင့်နှင့် အကျိုးခံစားပိုင်ခွင့်တို့ကို
ချဲ့ထွင်ပေးသည်။
လူ့အဖွဲ့အစည်းသည် လူသားများ၏ အကျိုးစီးပွား
အတွက် ဖြစ်ထွန်းလာရသည်လော၊ သို့တည်းမဟုတ် လူသားများသည် လူ့အဖွဲ့အစည်း၏ ကောင်းကျိုး
အတွက် မွေးဖွားလာရသည်လော။
နိုင်ငံတော်ဟူသည် နိုင်ငံသားတို့ ပြန်လည်
မေးခွန်းထုတ် ဆင်ခြေတတ်၍မရသော
ဘုရားသခင်၏ ဖန်ဆင်းချက်ဖြစ်သလော၊ (သို့)
နိုင်ငံတော်ဟူသည် နိုင်ငံသားအချင်းချင်း
အပြန်အလှန် လူမွုပဋိညာဉ်ပြုခြင်းအားဖြင့်
ထွက်ပေါ်လာရသည့် အကျိုးရလဒ်ဖြစ်သဖြင့်
နိုင်ငံသားတို့၏ အကျိုးစီးပွားကို ဆက်လက်၍
မဆောင်ကြဉ်းနိုင်သောအခါ၌ ပြုပြင်
ပြောင်းလဲပစ်ရမည့်အရာလော၊
အုပ်ချုပ်သူများသည် လုပ်ပိုင်ခွင့်အာဏာကို
မည်သို့မည်ပုံ ရရှိလာကြသနည်း။
တော်လှန်ရေးတစ်ရပ် မှန် မမှန် ကို ဆုံးဖြတ်၍
ရနိုင်သလော၊
အာဏာရှင်အစိုးရစနစ်သည် မှန်သလော (သို့)
ဒီမိုကရေစီစနစ်သည် မှန် သလော၊
ရေှးဂရိခေတ် အတွေးခေါ်ရှင်ကြီးများမှသည်
မျက်မေှာက်ခေတ် ဒသနပညာရှင် ဂျွန်ဒျူ ဝီ အထိ
ဖြစ်သော အနောက်တိုင်းအတွေးခေါ်ရှင်ကြီးများ
သည် နိုင်ငံတော်နှင့်ပတ်သက်သည့် အမြင်အမျိုးမျိုး တို့ကို လူ့လောက ကောင်းကျိုးရည်မျေှာ်၍ ရွုထောင့် အသီးသီးမှ ဖော်ထုတ်ပေးခဲ့ကြသည်။
ထို???? ပုဂ္ဂိုလ်ကြီးများ၏ နိုင်ငံတော် အယူအဆ
အနှစ်ချုပ်များကို ဤ စာအုပ်၌ အခြေခံကျကျ
တင်ပြထားသည်။ တစ်နည်းအားဖြင့် လူနှင့်နိုင်ငံတော်တို့ ၏ ဆက်နွယ်မွု မြင်ကွင်းစုံတို့ကို ခင်းကျင်းပြသထားတဲ့ စာအုပ်ဖြစ်ပါတယ်။
(Phoe Nyan)
#ဒဿနဖတ်ညွွန်း
#savethelibrary