Book Image

ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ

သက်ထားဗသိန်းတင်

စာအုပ်အမည် - ဗမာပြည်ကွန်မြူနစ်ပါတီနှင့် ဥက္ကဋ္ဌ သခင်ဗသိန်းတင်

စာရေးသူ - သက်ထားဗသိန်းတင်
ထုတ်ဝေသူ - ရန်ကုန်လမ်းမများစာပေ
တန်ဖိုး - ၁၀၀၀၀ ကျပ်

(အပိုင်ဝယ်သိမ်းထားရမယ့် သမိုင်းမှတ်တမ်းစာအုပ်ကောင်း တစ်အုပ်)


ဗမာ့နိုင်ငံရေး သမိုင်းကြောင်းကို လေ့လာ သုံးသပ် အကဲဖြတ်မွုတိုင်းတွင် မပါမဖြစ် အရေးကြီးသော အဖွဲ့အစည်းတစ်ခုမှာ ''ဗမာပြည်ကွန်မြူနစ်ပါတီ'' ဖြစ်ကြောင်း မည်သူမှျ ငြင်းပယ်နိုင်မည် မထင်ပါ။


မျက်မေှာက်ခေတ်နိုင်ငံရေးသမိုင်းနဲ့ ကွန်မြူနစ်ပါတီရဲ့ သမိုင်းတို့ကို ယခုအခါ ပြည်တွင်းမှာ ထုတ်ဖေါ်ရေးသားမွု
တွေ အတော်အသင့်ရှိလာနေပါပြီ။ ဒါပေမဲ့ ဗမာပြည်ကွန်မြူနစ်ပါတီကို သက်တမ်းရှည်ကြာစွာ ဦးဆောင်မွုပေးနို်င်ခဲ့တဲ့ ဥက္ကဌကြီး သခင်ဗသိန်းတင်ရဲ့ ဘဝနဲ့ နိုင်ငံရေးဖြတ်သန်းမွုကိုတော့ စာအုပ်ကြီးတစ်အုပ်
အဖြစ် မှတ်တမ်းတင် ပြုစုထားနိုင်ခြင်း အရင် က မရှိခဲ့သေးပါ ။ ဒီစာအုပ်ပြုစုတင်ပြသူ ဆရာမ သက်ထားဗသိန်းတင်ဟာ ဥက္ကဌကြီး သခင်ဗသိန်းတင်ရဲ့ မြေးအရင်းဖြစ်ပြီး၊ သခင်ဗသိန်းတင်ရဲ့ အကြောင်းကို 
ဝနယ်လို ဝေးလံတဲ့နေရာဒေသတွေ အထိ ကိုယ်တိုင် ခရီးတွေအကြိမ်ကြိမ်ထွက်ကာ ကိုယ်တွေ့မေးမြန်းခြင်း  
ရရှိတဲ့ အချက်အလက်တွေကို ဆောင်းပါး ပြန်လည်ရေးသားခြင်းတို့ကို တစိုက်မတ်မတ်ပြုလုပ်ပြီးမှ ဒီ စာအုပ်ကို ပြုစုထားခြင်းဖြစ်ပါတယ်။

 မြေးအရင်းဖြစ်သူက အဖိုးဖြစ်သူရဲ့အကြောင်းကို သေချာလေ့လာကာ ပြန်လည်ပြုစုတင်ပြထားတာမို့ တရားဝင်ရေးသားဖေါ်ထုတ်ချက်၊ မှတ်တမ်း official account လည်း ဖြစ်ပါတယ် ။ စာအုပ်မှာ ဥက္ကဌ သခင်ဗသိန်းတင်ရဲ့ မိဘတွေအကြောင်းကစလို့ သခင်ဗသိန်းတင် ငယ်စဉ်ဘဝဖြတ်သန်းမွုမှသည် ပါတီမှအငြိမ်းစားယူပြီးနောက် ဘဝနေညိုချိန် နောက်ဆုံး နေ့ရက်များအထိ ဘဝနေထိုင်မွု မှတ်တမ်းများကို စီစဉ်တင်ပြထားတာ ဖတ်ရွုနိုင်ပါတယ် ။ 

  စာရေးသူ သက်ထားဗသိန်းတင် ဟာ သခင်ဗသိန်းတင်ရဲ့ နိုင်ငံရေးဘဝ၊ပုဂ္ဂလဘဝဖြတ်သန်း 
မွုတွေကို နောက်ခံ သမိုင်းဆက်စပ်အခြေအနေတွေပါ ရောယှက်တင်ပြထားပြီး ၊ ကွန်မြူနစ်ပါတီနဲ့ 
သခင်ဗသိန်းတင်တို့ရဲ့ ရှားပါး သမိုင်းဝင် မှတ်တမ်းဓါတ်ပုံတွေကိုပါ ရှာဖွေထည့်သွင်းထားတာမို့ ၊ သမိုင်းလေ့လာသူတွေသာမက ၊ ခေတ်သစ် မြန်မာ့နိုင်ငံရေးသမိုင်းမှာ ကွန်မြူနစ်ပါတီနဲ့ 
သခင်ဗသိန်းတင်တို့ရဲ့ အခန်းကဏ္ဍကို နားလည်သဘောပေါက်လိုသူတို့အတွက်ပါ ဝယ်ယူ စုဆောင်းထားသင့်တဲ့ အတ္တုပ္ပတ္တိမှတ်တမ်း စာအုပ်တအုပ်ဖြစ်အောင် ပြုစုထားတာဖြစ်ပါတယ်။

 ရှားပါးဓါတ်ပုံတွေ ၊ မှတ်တမ်းဓါတ်ပုံတွေ စုစုပေါင်း ၉၉ ပုံ ပါဝင်ပြီး ၊ တစ်မျက်နှာကို နှစ်ကော်လံခွဲကာ ရိုက်နှိပ်ထားတဲ့ စာမျက်နှာ ၃၈၀ ပါဝင်တဲ့ ဆိုက်ကြီး အရွယ်ဒီစာအုပ်ဟာ ပေးရတဲ့တန်ဖိုးထက်မက တန်စေမယ့် ထူးထူးခြားခြား ရှားပါးစာအုပ် တစ်အုပ်လည်း ဖြစ်ပါတယ်။


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကျားဖြူ

သင့်လူ
Book Review Image

‘ဟင့်အင်း’ ကိုဖြတ်ကျော်ခြင်း (ခက်ခဲသောသူများနှင့်ညှိနှိုင်းခြင်း)

အောင်ဆန်းစုကြည်
Book Review Image

တော်လှန်မှုများထဲက ဗမာပြည်

စည်​သူ​ကျော်​
Book Review Image

လာရီကင်​း ၏ လာရီကင်​း

တင်မောင်မြင့်
Book Review Image

ပျောက်ဆုံးသွားသောမျိုးဆက်

ကျော်ဝင်း
Book Review Image

လူနှင်​့ နိုင်​ငံ​တော်​

​မောင်​ကြည်​သစ်​
Book Review Image

နိုင်​ငံ​ရေးသတိ

မ​လေး
Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဆွန်ဇ၏စစ်ပညာ

မြင့်သန်း
Book Review Image

အိမ်​​စောင်​့အစိုးရ

စည်​သူ​ကျော်​
Book Review Image

ရာမည၊ ဧရာဝတီ ၁၉၈၈-၈၉

မသီတာ(စမ်းချောင်း)
Book Review Image

အရပ်ဘက် - စစ်ဘက် ဆက်ဆံရေး နှင့် အရေးနိမ့် ဒီမိုကရေစီ အပြောင်းအလဲ

ကျော်ဝင်း
Book Review Image

ကျွန်မဆက်၍ရေးချင်သော ဖေဖေ့အကြောင်းများ ဆောင်းပါးပေါင်းချုပ် ၊ အတွဲ ၂

လှကျော်ဇော
Book Review Image

ငြိမ်းချမ်းရေးနှင့် ၂၀၂၀

မောင်မောင်စိုး
Book Review Image

မြောက်ဦးစစ်တမ်း

မောင်မောင်စိုး
Book Review Image

မုန်တိုင်းငှက်

တင်မောင်မြင့်
Book Review Image

နိုင်ငံရေး အက်ဆေး

ချစ်ဝင်းမောင်
Book Review Image

ဒေါ်အောင်ဆန်းစုကြည် နှင့် နောက်ဆုံးအရေးတော်ပုံ

နေသွင်ညိဏ်း
Book Review Image

တပ်ပြုပြင်ပြောင်းလဲရေး

လှကျော်ဇော
Book Review Image

လွတ်မြောက်ဒေသ ပန်ဆန်းမှာ ဆယ်နှစ်ကြာ

နေဦးဝေ
Book Review Image

ကျနော်ဝရမ်းပြေး ကျနော်ဒုက္ခသည်

အေးဝင်း ( လမင်းတရာ )
Book Review Image

ကျိုင်းတုံစစ်တမ်း

မောင်မောင်စိုး
Book Review Image

The Hidden History of Burma

Thant Myint -U
Book Review Image

၂၀၀၈ အခြေခံဥပဒေ ၏ ဟာကွက် လစ်ကွက်များ

လင်းထိုက်
Book Review Image

တရုတ်၏ ဗဟို - ဒေသန္တရ ဆက်ဆံရေးမူဘောင် တရုတ် - မြန်မာ နယ်စပ်ရေးရာကိစ္စရပ်များတွင် ဘေဂျင်း ပြန်လည်နေရာယူလာမှုအား ပုံဖော်ကြည့်ခြင်း

ခင်ခင်ကျော်ကြီး
Book Review Image

ဗမာပြည်ကွန်မြူနစ်ပါတီ နေ့စွဲစဉ်သမိုင်း ( အကျဉ်းချုပ် )

ဝင်းတင့်ထွန်း
Book Review Image

နိုင်ငံရေးဖတ်စာ

မင်းသေ့
Book Review Image

ယူကရိန်းသမ္မတ ဇီလန်းစကီး သို့မဟုတ် ပူတင်ကို အာခံသူ

တင်ညွှန့်