ငြိမ်းချမ်းရေးနှင့် ၂၀၂၀
ရွှေနဒီစာပေ၊
ပထမအကြိမ် ၊ ဖေဖော်ဝါရီ ၂၀၁၉။
၁၃.၄ စင်တီမီတာ x ၂၀ စင်တီမီတာ။
စာမျက်နှာ - ၁၇၂ ၊ တန်ဖိုး - ကျပ် ၂၅၀၀။
'' ၂၀၂၀ ငြိမ်းချမ်းရေးဟု ဆိုနေကြသည့်ကာလတွင် တိုင်းရင်းသားတို့ ရပိုင်ခွင့်များနှင့်ပတ်သက်၍ ၂၀၀၈ ခုနှစ်အခြေခံဥပဒေအား မည်မျှပြင်ဆင်နိုင်မည်ဆိုသည်မှာလည်း ၂၀၁၉ / ၂၀၂၀ ခုနှစ်များအတွက် စိတ်ဝင်စားဖွယ် အနေအထားဖြစ်သည်။ ထို့အတူ ၂၀၂၀ပြည့် နှစ်တွင် အထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ရာ ၂၀၂၀ ရွေးကောက်ပွဲရလဒ် မည်သို့မည်ပုံဖြစ်လာမည် ဆိုသည်ကလည်း ၂၀၁၉ / ၂၀၂၀ ခုနှစ်များ အတွက် စိတ်ဝင်စားဖွယ်ဖြစ်သည်။ မည်သည့်အကြောင်းအ ချက်များက ရွေးကောက်ပွဲရလဒ်အား သက်ရောက်မှုရှိစေမည် ဆိုသည်ကိုလည်းကောင်း၊ ထွက်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲရလဒ်များက မည်သည့်အရွေ့ကို ဖြစ်စေနိုင်မည်ကို လည်းကောင်း သုံးသပ်ကြရန်လိုပါ သည်။
မိမိ၏' ငြိမ်းချမ်းရေးနှင့် ၂၀၂၀' သည် အဆိုပါအကြောင်း အချက်များနှင့် ဆက်စပ်စဉ်းစားနိုင်ပါရန် တင်ပြရေး သားထားခြင်းဖြစ်ပါသည်။ '' ဟု စာရေးသူ၏အမှာစာ၌ ဖော်ပြထားသည်။
အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲနှင့် တတိယပင်လုံ၊ NCA နှင့် ၂၁ရာစုပင်လုံ တတိယညီလာခံ၊ တတိယ အကြိမ် ၂၁ရာစုပင်လုံအား အနီးကပ်ကြည့်ရှုခြင်း၊ စိန်ခေါ်မှုများသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ သီးသန့်ဆွေးနွေးပွဲနှင့် ၂၀၂၀တွင် ရမည့်ငြိမ်းချမ်းရေး၊ ၂၁ရာစုပင်လုံ အခြေခံဥပဒေပြင်ဆင်ရေး နှင့် NLD ၊ NLD အစိုးရနှင့် ကွန်ဆာဗေးတစ်ပုံစံခွက်၊ ဖွဲ့စည်း ပုံအကျပ်အတည်း ဘယ်လိုရှင်းမလဲ ( ညောင်နှစ်ပင်၊ ၂၁ရာစု ပင်လုံနှင့် တပ်မတော် )၊ မြန်မာ့နိုင်ငံရေးအပြောင်းအလဲနှင့် အီ လစ်များ၊ ၂၀၂၀ ရွေးကောက်ပွဲနှင့် တိုင်းရင်းသား ပါတီ များ၊ တိုင်းရင်းသားပါတီများနှင့် အမျိုးသားလွှတ်တော် ပြည်နယ်လွှတ်တော်၊ ၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲ နှင့် အလေးထား သုံးသပ်ဖွယ်ရာများ၊ မြန်မာ့နိုင်ငံရေး ရေစီကြောင်းနှစ်ခု၊ အင်စတီကျူးရှင်းနိဒါန်း၊ ဒေါက်တိုင်ငါးခုပေါ်က မြန်မာပြည် စသည့် သုံးသပ်ချက်ဆောင်းပါး ၁၅ ပုဒ်ပါရှိသည်။
'' ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည် ၂၀၁၅ အောက်တိုဘာ ၁၅ ရက်နေ့ NCA လက်မှတ်ရေးထိုးသည်မှစ၍ ၃ နှစ်ကျော်ကာလအတွင်း အဆိုးဆုံးအခြေအနေ နှင့် ရင်ဆိုင်နေရသည်ဟု ဆိုရပါမည်။
ဘဝ၏ အနိမ့်အမြင့်၊ အတက်အကျ၊ တိုးတက်မှု ဆုတ်ယုတ်မှု၊ အောင်မြင်မှု ဆုံးရှုံးမှုတို့အား လောကဓံဟု ခေါ်ကြပါသည်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်သည်လည်း လောကဓံဝဲဂယက်တွင်း ကျင်လည်နေရသည်ဟု ဆိုရပါမည်။''
( စိန်ခေါ်မှုများသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စာမျက်နှာ ၆၃ မှ )
'' အစိုးရတစ်ရပ်သည် ယခင်အစိုးရက ထားခဲ့သော
အဆောက်အအုံဟောင်းများကို မလွဲမရှောင်သာ လက်ခံရသော်လည်း အပြောင်းအလဲလုပ်ရန် လိုအပ်ပေ သည်။
သို့သော် လွန်ခဲ့သော နှစ်ပေါင်း ၅၀ ကျော်က စစ်အစိုးရ က ပြုလုပ်ခဲ့သောပုံစံခွက်ထဲသို့ ဝင်ရောက်ပြီး အပြောင်း အလဲ လုပ်ရန် ခက်ခဲနေသည်ကိုလည်းကောင်း၊ လုပ်ထုံး လုပ်နည်း များကို ဆက်ခံနေသည်ကိုလည်းကောင်း တွေ့ရသည်မှာ စိတ်မချမ်းမြေ့ဖွယ်ဖြစ်သည်။
ထင်ရှားသော ဥပမာတစ်ခုပြရလျှင် ပြန်ကြားရေးဝန်ကြီး ဋ္ဌာန အစိုးရပိုင် သတင်းစာ၊ ရုပ်သံနှင့် မီဒီယာလုပ်ငန်း များကို ဆက်ခံထားပြီး အပြောင်းအလဲလုပ်ရန် အရိပ်အယောင်ပင် မမြင်ရခြင်းဖြစ်သည်။''
( NLD အစိုးရနှင့် ကွန်ဆာဗေးတစ်ပုံစံခွက်၊စာမျက်နှာ ၈၉ မှ)
မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ချန်လှပ်ထား၍ မရ သည့် ငြိမ်းချမ်းရေးဖြစ်စဉ်၊ တိုင်းရင်းသားလူမျိုးများအရေး၊ တပ်မတော်၏အခန်းကဏ္ဍ၊ လက်ရှိအာဏာရ NLD အစိုးရ၏အနေအထား၊ ကြားဖြတ်ရွေးကောက်ပွဲ များ၊ ၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အတွက်မှန်းဆချက်များ စသည်ဖြင့် သုံးသပ်ဝေဖန်တင်ပြ ထား သည့် ဆောင်းပါးများဖြစ်ရာ မျက်မှောက်နိုင်ငံရေးသမိုင်း ကို စိတ်ဝင်တစားရှိကြသူတို့ စိစစ်အကဲဖြတ်ကြည့်နိုင်မည့် ဆောင်းပါးများဟု ယူဆမိပါသည်။
မိုးမင်းသိမ်း
၂၂ မတ် ၂၀၁၉