"စိတ် စိတ် စိတ်"
စိတ်နဲ့ပတ်သတ်တဲ့ စကားတွေ အတော်များများကြားဖူးသားရယ်။
"စိတ်ပျိုတော့ ကိုယ်နု"
"စိတ်ထောင်းတော့ ကိုယ်ကြေ"
တကယ်က လူသားတစ်ဦးရယ်အဖြစ် ရပ်တည်တဲ့အခါ ကျန်းမာရေးဆိုတာ အရေးကြီးဆုံးထဲက တစ်ခု။
ကျန်းမာရေးကောင်းခြင်းဟာ လာဘ်ကြီးတစ်ပါး။
မြင်ရတွေ့ရသော ခန္ဓာကျန်းမာရေးထက် စိတ်နှလုံးကျန်းမာရေးကလည်း အရေးကြီးပုံအကြောင်း။
လူသားတွေဟာ အချိန်ရှိသ၍ Second Godလို့ တင်စားခေါ်ဝေါ်ကြတဲ့ ငွေနောက်ကို ကောက်ကောက်ပါအောင် လိုက်ကြရင်း လမ်းတလျှောက်မှာ ကြုံရတဲ့ အဖုအထစ်လေးတွေနဲ့ စိတ်ကျန်းမာရေးကို ဂရုမစိုက် လျစ်လျူရှုမိခြင်းကြောင့် နောက်ဆက်တွဲပြဿနာများ။
တကယ်တော့ သားသမီးဆိုတာ ရတနာတစ်ပါးပါ။ နောက်တချက် သားသမီးဆိုတာ မိဘရဲ့ အရိပ်အာဝါသအောက်က ကြီးပြင်းလာရတဲ့ လူသားတွေပါ။ မိဘတွေရဲ့ လောင်းရိပ်အောက်မှာ အရွယ်ရောက်လာတဲ့ ကလေးငယ်တွေမှာလည်း တကယ်တော့ လူသားဆန်တဲ့ စိတ်ခံစားချက်တွေ တသီတတန်းကြီးနဲ့ပါ။
ကလေးငယ်တစ်ဦးရဲ့ ကောင်းခြင်းဆိုးခြင်းဟာ သူကြုံတွေ့နေရတဲ့ မိသားစုနဲ့ ကျင်လည်ရတဲ့ ပတ်ဝန်းကျင်ပေါ်မှာ မူတည်နေမှုက ကြီးမားပါတယ်ဆိုတဲ့ အချက်တွေ။
အတွင်းစိတ်ရဲ့ဒဏ်ရာဟာ ခဏတာ သိုမှီးထားရုံနဲ့ ရေရှည်မှာ ပျောက်ပျက်သွားမယ့်အရာလို့ ထင်မှတ်ယူထားလို့ မရတဲ့ အလွန်နူးညံ့သိမ်မွေ့တဲ့ ပြဿနာတစ်ရပ်ဖြစ်ပြီး အနည်းငယ်သော စိတ်ဒဏ်ရာမှ ကြီးမားသော စိတ်သောကအဖြစ် သြဇာညောင်းလာရင်း မိမိကိုယ်တိုင် သတိမထားလိုက်မိခင်မှာ စိတ်ရောဂါစွဲကပ်လာပြီး ကိုယ်တိုင်ပြန်လည်ဒုက္ခပေးနိုင်စွမ်းအထိ သက်ရောက်မှုရှိလာနိုင်ပါတယ်။
တကယ်တော့ "စိတ်"ဆိုတာ အရိပ်ပါ၊ အသက်ရှင်နေသမျှကာလတလျှောက် မိမိစိတ်ရဲ့ တွေးကြံရာ ကြံစည်ရာမှန်သမျှရဲ့ ကောင်းမွေဆိုးမွေကို မိမိ ကိုယ်တိုင် ဆက်ခံ ခံစားရင်း မကောင်းမှုမှာ တိမ်းညွတ်မိခဲ့သည်ရှိက ထိုစိတ်ဆိုသော အရိပ်အောက်မှ ရုန်းမထွက်နိုင်ဘဲ မိမိခန္ဓာထိပါ ထိခိုက်နိုင်စွမ်းရှိသော မမြင်ရသော်ငြား အင်အားကြီးတဲ့ လက်နက်တခုဖြစ်ကြောင်း။
လောကကြီးကို စိတ်က ဦးဆောင်နေပြီး စိတ်ရဲ့တွေးကြံမှု ဖန်တီးနိုင်စွမ်းတွေကပဲ လူတယောက်ကို တာဝတိံသာနတ်နန်းထိ စိတ်ကို မြှင့်တင်နိုင်စွမ်းရှိသလို အဝီစိထိလည်း ဆွဲချနိုင်စွမ်းကို သူတယောက် ပိုင်ဆိုင်ထားပြန်တယ်။
မေတ္တာတရားရဲ့ အေးချမ်းမှု၊ သံယောဇဥ်ရဲ့ လွန်ဆွဲမှု၊ မဖြစ်နိုင်မှန်းသိသော်လည်း သာယာမိခဲ့တဲ့ ချစ်ခြင်းတရား၊ ပိုင်ဆိုင်လိုချင် တပ်မက်မှုနောက်ကွယ်က ပူလောင်မှုတွေနဲ့ ရောယှက်တင်ပြီး စာဖတ်သူတို့ရဲ့ စိတ်ကို ဆွဲဆောင်နိုင်စွမ်းရှိခဲ့သော ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်၏ လက်ရာကောင်းများစွာထဲက တစ်အုပ်ဖြစ်သော "နှင်းငွေတစ်ထောင့် မိုးတစ်မှောင့်"။
လူ့စိတ်ဆိုတာ တကယ်တော့ လွန်ဆွဲပွဲတစ်ခုလိုပါ၊ မူလရေအလျဉ်စိတ်ရိုင်းနဲ့ လူ့ဘောင်ကသတ်မှတ်ထားတဲ့ စံစနစ်တွေ လိုက်နာရမယ့် ကျင့်ဝတ်တွေနဲ့ အမြဲလွန်ဆွဲနေရတဲ့ အရာပါ။
"သတိ တမံ၊ ဥာဏ်မြေကတုပ်၊ ချွန်းနှယ်အုပ်"ဆိုသလိုပေါ့၊
ကြမ်းတမ်းမည်းမှောင်တဲ့ ဘဝခရီးတလျှောက်စိတ်ရဲ့စေစားရာမှာ မှောက်မှားမှုတွေ မဖြစ်စေရလေအောင် ဥာဏ်ပညာရဲ့ အလင်းနဲ့ လျှောက်လှမ်းရင်း စိတ်အစဥ်ကို မလွတ်တမ်း ကျန်းမာအောင် စောင့်ရှောက်နေဖို့ကလည်း အရေးကြီးသောအရာဖြစ်ပုံကို ဆရာကြီးတက္ကသိုလ်ဘုန်းနိုင်က အချက်ကျကျ အကျအလပ်မရှိ ပုံဖော်ရေးသားထားခဲ့သော စာအုပ်????ဖြစ်ကြောင်း။
Z.N²
Publisher Name: ကံကော်ဝတ်ရည်စာပေ
Publisher Address: အမှတ်-၂၂၊ မဟာဇေယျလမ်း၊ပုဇွန်ထောင်မြို့နယ်၊ ရန်ကုနမြို့။ ဖုန်း- 09250012348 ၊ 0931561418 ၊ 0973041137 email:kantkawwutyee@gmail.com http://kantkawwutyee.myanmaronlinesales.com
Publisher Phone Number: 09250012348 ၊ 0931561418 ၊ 0973041137