စာအုပ်အမည် - ရန်ကုန်၏ နောက်ဆုံးနေ့များ
စာရေးသူ - မိုးဆတ်
စာအုပ်တိုက် - လေလွင့်မြစ်
အမျိုးအစား - ခေတ်ပြိုင် ကာလပေါ် စာအုပ်
မျက်နှာဖုံးဒီဇိုင်း - ကိုအရ်ိပ်
ပထမအကြိမ် ပုံနှိပ်ခြင်း၊ ၂၀၁၈ ဩဂုတ်
တန်ဖိုး - ၂၀၀၀
စာမျက်နှာ- ၉၀
-----------------------------------------------
သူ အိပ်မက်
မက်နေသည်ဆိုတာ
အိပ်မက်ထဲမှာတင် သိနေခဲ့သည်။
ဘာဖြစ်လို့လဲဆိုတော့ အဲဒီအိပ်မက်ကို
သူအကြိမ်ကြိမ်မက်ခဲ့ဖူးလို့ပင် ဖြစ်သည်။
--------------------------------
ဆိုရရင် Book Review တွေ သိပ်မရေးဖြစ်တာ ကြာသလို ဖြစ်နေပေမယ့် စာတွေတော့ ဖတ်ဖြစ်နေတယ်။ စာဖတ်တဲ့ အကျင့်ကလည်း သေမှ ရပ်မယ်ထင်တာပဲ။ စာအုပ်တွေကို မဖတ်နိုင်တဲ့ ဒုက္ခိတအရွယ်မှာ အကြာကြီး အသက်ရှင်မနေချင်ဘူး။ ဖတ်နေရင်း သေသွားတာမှ ဟုတ်ဦးမယ်။
တကယ်က ဘာပဲဖြစ်ဖြစ် အကျင့်ဖြစ်ဖို့ပဲ လိုတာ၊ ဟိုတလောက ဒေါ်စုနဲ့ ကလေးတွေ ရသစာပေဝိုင်းဆိုတာလေး သိပ်သဘောကျတယ်။ မနာလိုစိတ်တောင် ဖြစ်မိတယ်။ စာအုပ်ဖတ်ရုံနဲ့ တိုင်းပြည်အဆင့် ဆွေးနွေးပွဲတစ်ခုမှာ နိုင်ငံရဲ့ နံပတ်(၁)ပုဂ္ဂိုလ်နဲ့ ဆွေးနွေးတယ်ဆိုတာ ကိုယ်တွေငယ်ငယ်က စိတ်ကူးယဉ်မိရင်တောင် ေ-ာက်ရူးလို့ အပြောခံရမှာ။
ဒီစာအုပ်အကြောင်း ပြောဦးမှ၊ 'ရန်ကုန်၏ နောက်ဆုံးနေ့များ' ... နာမည်က တော်တော်ဖမ်းစားတယ်။ စာအုပ်ထဲမှာ Facebook ပါတယ်၊ NGO ပါတယ်၊ ဖုန်းဘေမရှိလို့ ဖုန်းဘေချေးတာတွေပါတယ်၊ စော်ဖိုက်တာ ပါတယ်၊ အချစ်အကြောင်းပါတယ်၊ Concert ပါတယ်၊ Bar ပါတယ်၊ ခရီးသွားတာ ပါတယ်၊ သောက်တာ စားတာတွေ ပါတယ်။ ဒါပေမယ့် အဓိက ဒီစာအုပ်က လူငယ်တွေရဲ့ အကြောင်း။ ရန်ကုန်မြို့က ယောင်လည်လည် လူငယ်တစ်ယောက်ကို အခြေတည်ပြီး ရေးထားတာ။ ရန်ကုန်မြို့ရဲ့ ခေတ်ပေါ် Underground လောကလို့ ပြောရမလား။ ဒီစာအုပ်မှာ အာ့တွေပါတယ်။ စကားစပ်မိလို့ ပြောရရင် လေလွင့်မြစ်က ထုတ်တဲ့ လူတွေ လမ်းတွေကို ကိုယ်မဖတ်ရသေးဘူး။ ဒီစာအုပ် အရင်ဖတ်ဖြစ်တာ။
ကွန်ပြူတာတစ်လုံးနဲ့ လူငယ်တစ်ယောက်။ ဘယ်မှာနေတယ်၊ ဘယ်အရွယ် ဘာညာ တိတိကျကျ မပါဘူး။ အဲ့လူငယ်က ဓာတ်ပုံရိုက်တယ်၊ စာတွေ ဘာသာပြန်တယ်၊ ဒီနေ့ခေတ်ကာလရဲ့ ရန်ကုန်လမ်းမတွေပေါ်က လူငယ်တွေထဲက တစ်ဦး။ ယသော်နဲ့ သူနဲ့ ကြားက အကြောင်းတွေ။ ယသော်ဆိုတာ သူ့ကောင်မလေးလိိိုလို မိန်းကလေးတစ်ယောက်။ ရေးပုံရော ဇာတ်လမ်းတည်ဟန်ရောက မီရှယ်ဝဲဘတ်ပုံစံ။ ဇာတ်လမ်း အစမရှိဘူး။ အဆုံးမရှိဘူး။ သူနဲ့ ယသော်နဲ့ Travel Blog ကိစ္စနဲ့ ခရီးသွားတယ်။ NGO ကိစ္စနဲ့ သွားတယ်။ ပိ်ုက်ဆံရှိရင် Bar တွေသွားတယ်။ သောက်တယ်။ မူးတယ်။ ရန်ကုန်၏နောက်ဆုံးနေ့များဖတ်တော့ တကယ်မရှိသောနှစ်များကို ပြန်ဖတ်ချင်လ်ု့ိ ဖတ်လိုက်ရသေးတယ်။ ၂ အုပ်လုံးက ဒီနေ့ ခေတ်ကာလရဲ့ ခေတ်ပြိုင်စာအုပ်ကောင်းတွေပဲ။ ပြောရရင် ဒီိစာအုပ်ထဲက လင်းလင်းက ခင်ဗျားဖတ်ရင် ခင်ဗျားရဲ့ လင်းလင်း၊ ကျနော်ဖတ်တော့ ကျနော့်ရဲ့ လင်းလင်း။ တရားသေ ချပြလို့ မရဘူး။
စာအုပ်ဖွဲ့စည်းပုံက ထူးတယ်ပြောမလား။ အခန်းစဉ်လိုက် ရေးသွားရင်း ကဗျာတွေ ဖြစ်သွားသေးတယ်။ ပြီးတော့ ဇာတ်လမ်းကို ပြန်ဆက်တယ်။ အသစ်တစ်ခုကို ဖန်တီးထားတာမို့ အသစ်အရသာကို ရတယ်။ တစ်ခုတော့ မှာဦးမယ်။ မင်းသားရယ် မင်းသမီးရယ် ဗီလိန်ရယ် သုံးယောက်၊ ချစ်ကြ ကြိုက်ကြ ပိုက်ဆံမရှိလို့ ဗီလိန်က မင်းသမ်ီးကို ကပ်၊ မင်းသားက ဇာတ်နာ ... အဲ့လို ေ-ာက်ရေးမပါ ဘိုးတော်ဘုရားခေတ်ကနေ ဒီနေ့ထိ မပြီးနိုင် မစီးနိုင်တဲ့ ကိုရီးယားဇာတ်လမ်းလို ပေါတောတော ဇာတ်လမ်းမျိုး သဘောကျတယ်ဆို ဒီစာအုပ် လှန်ကို မကြည့်နဲ့။ ဘယ်လိုမှ ကြိုက်မှာ မဟုတ်ဘူး။ အဲ ပုံက မဖတ်ရသေး၊ ဖတ်လက်စ စာအုပ်တွေ စီထားတာ။ အလျဉ်းသင့်လို့ ထည့်ရိုက်လိုက်တယ် မှတ်ပါ။ တော်သေးပြီ။
Rating - 7/10
------------------
Review By မိုးသားလတ် @ Hay Mann Hla Win
3.Sept.2k18 (19:35)
YGN