Book Image

မဟာမြိုင်အုန်းပေါက်

ဇော်ဇော်အောင်

မဟာမြိုင်အုန်းပေါက်
စာရေးသူ - ဇော်ဇော်အောင်
တန်ဖိုး - ၄၅၀၀ကျပ်
ထုတ်ဝေသည့်စာပေ - ရန်ကုန်လမ်းမများ




 လျှို့ဝှက်သည်းဖို စွန့်စားခန်းဝတ္ထုများ၊ စုံထောက်ဝတ္ထုများ စတဲ့ စာအုပ်တွေကို စွဲစွဲလန်းလန်း တစိုက်မတ်မတ် ခံစားဖတ်ရှုလိုတဲ့ ပရိတ်သတ်များအတွက် ဆရာဇော်ဇော်အောင်ရဲ့ စိုးအောင်၊ မြတ်သစ် ဝတ္ထုများ ပြန်လည်ထွက်ရှိလို့ လာပါပြီ။ နိုင်ငံတော်ရဲ့ လျှို့ဝှက် စပိုင်အေးဂျင့် နှစ်ဦးဖြစ်တဲ့ စိုးအောင်နဲ့ မြတ်သစ် တို့ကို ပင်တိုင်ဇာတ်ကောင်အဖြစ် ထားရှိပြီး ရင်သပ်ရှုမောဖွယ် စစ်ဆင်ရေး လှုပ်ရှားမှုတွေနဲ့  စိတ်ဝင်စားဖွယ် ဝတ္ထုကောင်းများပဲ ဖြစ်ပါတယ်။ ဒီဝတ္ထုတွေဟာ ၁၉၇၀နဲ့ ၁၉၈၀ တဝိုက် ကာလအတွင်း အလွန်အောင်မြင် ကျော်ကြားခဲ့ပြီး မြန်မာစာဖတ်ပရိတ်သတ်များကို အထူးဆွဲဆောင် လွှမ်းမိုးထားခဲ့ပါတယ်။

 အဲဒီ ဝတ္ထုများထဲမှ "မဟာမြိုင်အုန်းပေါက်" ဆိုတဲ့ ဝတ္ထုကို ရွေးချယ်ပြီး စာဖတ်သူများထံ အရောက်ပို့ပေးလိုက်ပါပြီ။

  နိုင်ငံတော်ရဲ့ အထူးလျို့ဝှက် အဖွဲ့အစည်းထဲမှ ထူးချွန်တဲ့ အေးဂျင့်တစ်ယောက်ဖြစ်တဲ့ စိုးအောင်။ ရုပ်ရည်ချောမော လှပပြီး ထက်မြက်လှတဲ့ မိန်းကလေးတစ်ဦးနဲ့ အတူ လျို့ဝှက် စစ်ဆင်ရေးတစ်ခုကို ပူးတွဲလုပ်ဆောင် ခဲ့ရပါတယ်။ ထောင်ထဲမှာ သေဆုံးသွားခဲ့တဲ့ ဒုစရိုက်သမား အုန်းပေါက်နေရာမှာ လူစားလဲ နေခဲ့ရတဲ့ စိုးအောင်။ အုန်းပေါက်အဖြစ် ဟန်ဆောင်ရင်း ဒုစရိုက်ဂိုဏ်းကြီး တစ်ခုအတွင်း ရောက်ရှိသွားခဲ့တဲ့ စိုးအောင်။ အဲ့ဒိဒုစရိုက် ဂိုဏ်းအတွင်းမှ မိန်းမချောညီအစ်မ သုံးယောက်နဲ့ စိုးအောင်ရဲ့ အရှုပ်တော်ပုံ။ အန္တာရယ်ဇုန်အတွင်း ခဲရာခဲဆစ် လှုပ်ရှားရင်း နိုင်ငံတော်ရဲ့ လျို့ဝှက်တာဝန်တွေကို ကျေပွန်အောင် ထမ်းဆောင်နေတဲ့ စိုးအောင်.. စသဖြင့် စိတ်လှုပ်ရှားဖွယ် ဇာတ်လမ်းဇာတ်ကွက် တွေကို ခံစားဖတ်ရှု နိုင်မှာပါ။

 ဒ့ါအပြင် ဆရာဇော်ဇော်အောင်ဟာ ဒီဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို ဖော်ပြနိုင်ရန် ဗန်တို၊ ဂျူဒို စတဲ့ တိုက်ခိုက်ရေး ပညာရပ်တွေကို ကိုယ်တိုင်ကိုယ်ကျ အချိန်ပေးသင်ယူပြီး ဇာတ်လမ်းအတွက် အားစိုက်ကြိုးပမ်း ခဲ့ပါတယ်။ ဒါကြောင့် ဒီဇာတ်လမ်းထဲက တိုက်ခိုက်ရေး အယူအဆတွေ အခေါ်အဝေါ်တွေဟာ အစစ်အမှန် တွေပဲဖြစ်နေပါတယ်။
  
  တခေတ်တခါက စိုးအောင်၊ မြတ်သစ် ရယ်လို့ ပြောစမှတ်ပြုကာ ပရိတ်သတ်တွေ အားပေးမှု အမြင့်ဆုံးရခဲ့တဲ့ "မဟာမြိုင်အုန်းပေါက်" ဝတ္ထုကို ရန်ကုန်လမ်းမများမှ ထုတ်ဝေလိုက်တာဖြစ်ပါတယ်။


Publisher Name: ရန်ကုန်လမ်းမများ

Publisher Address: အမှတ်(၇၇/၈၃၊အခန်း(၅၁)၊မန္တလေးလမ်း၊ကန်တော်လေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်မြို့။ph-095077348,0931865904

Publisher Phone Number: Ph-095077348,0931865904


Related Books

Book Review Image

ကာမတဏှာ

ဦးနု
Book Review Image

လှပါတယ် မသီတာ

မောင်ဝဏ္ဏ
Book Review Image

ပိတောက်ပွင့်ဆဲ လသာဆဲဝယ်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ယဉ်​မိုး

ခင်​သန္တာ
Book Review Image

ဆန်​​ပြောင်​းနီမိသားစု

တော်ကောင်းမင်း
Book Review Image

သူ​တော်​​ကောင်​းကြီး

သင်္ခါ
Book Review Image

ခွေးသေတစ်ခု အရင်းပြု

သင့်လူ
Book Review Image

မအိမ်​ကံ

ခင်ခင်ထူး
Book Review Image

ပန်းကြာဝတ်မှုန်

ခင်ခင်ထူး
Book Review Image

ခုနှစ်​စဉ်​အလွမ်​း

မင်းလူ
Book Review Image

သက်တံတို့ဖြင့်ရက်ဖွဲ့ ချစ်သူရဲ့ ခြုံလွှာ

ဂျူး
Book Review Image

အမှတ်တရ

ဂျူး
Book Review Image

ရန်ကုန်၏ နောက်ဆုံးနေ့များ

မိုးဆတ်
Book Review Image

အလွမ်းဆိုင်​

စံပယ်ဖြူနု
Book Review Image

ကံကောင်း

မြသန်းတင့်
Book Review Image

​ရွှေတိဂုံကိုမြင်လျင်

မိုးမိုး(အင်းလျား)
Book Review Image

ကမ္မဖလ

တင့်တယ်​
Book Review Image

အလှပဆုံးဒဏ်ရာ

မိုးသက်ဟန်
Book Review Image

မှန်သားမြို့တော်

ဒီနိုဗို
Book Review Image

ဝေးလွင့်ကင်းကွာနှစ်တရာ

သင့်လူ
Book Review Image

အိပ်မက်ချိုချို ဘ၀ခါးခါး

ယမင်းမြတ်အေး
Book Review Image

မျက်​မမြင်​တိုင်​းပြည်​

သခင်​ဘ​သောင်း
Book Review Image

ခြေ​လေး​ချောင်​း​တော်​လှန်​​ရေး

သခင်​ဘ​သောင်း
Book Review Image

သက်တော်ရာကျော် ထပ်ကာရှည်စေသော်

သင့်လူ
Book Review Image

တကယ်မရှိသောနှစ်များ

အောင်ခင်မြင့်
Book Review Image

ငြိမ်းကိုရှက်ပါ

မိုးမိုး(အင်းလျား)
Book Review Image

ငါးဖမ်းသမား

မိုးကျော်ဇင်
Book Review Image

ပါလေရာအယ်နီ

စံပယ်ဖြူနု
Book Review Image

မူယော

ချောအိမာန် မန္တလေး
Book Review Image

သံယောဇဉ်အဖွဲ့

မင်းလူ
Book Review Image

လုပ်ဇာတ်များ

ရှိန်ဝါ
Book Review Image

ကျောက်စာကို ခဲဖျက်နှင့် ဖျက်၍မရ

မြေမှုန်လွင်
Book Review Image

ပန်းကျောင်း

မင်းလူ
Book Review Image

ရေသေအိုင်

လင်းခါး
Book Review Image

ကိုယ်တိုင်သိရှိသွားမှု

ဇဏ်ခီ
Book Review Image

ဆိုနာတာ

အောင်ခင်မြင့်
Book Review Image

ကျွန်တော့်ဝတ္ထုများထဲမှ ကျွန်တော့်ဇာတ်ဆောင်များ

သိန်းဖေမြင့်
Book Review Image

တင့်ဇော် စာအုပ်များ

တင့်ဇော်
Book Review Image

မသိန်းရှင်ဆီ ပို့ပေးပါ

နိုင်ဝင်းဆွေ
Book Review Image

အဝါရောင်လွင်ပြင်

အေးမင်းစော
Book Review Image

မျက်ရည်လောကများ၏ ဟိုမှာဘက်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ဝတ္ထုတိုစဆုံး

မင်းလူ
Book Review Image

လွမ်းဧရာဝတီ

ဇော်ဇော်အောင်
Book Review Image

လက်ဖက်ရည်ဆိုင်

မြသန်းတင့်
Book Review Image

မောင်၊ ကိုကိုနှင့် မြနန္ဒာ

ကြည်အေး
Book Review Image

လွမ်းတေးမဆုံးစေနဲ့စောသခင်

တက္ကသိုလ်ဘုန်းနိုင် (၁၉၃၀ - ၂၀၀၂)
Book Review Image

ရွာသူရဲ့အုတ်ခွက်စာ

သဲထူး