-
၁၊
ကျနော်အနေနဲ့ ကိုအောင်ခင်မြင့် ရဲ့ အရေးအသားတွေကို စတင်သတိထားဖတ်ရှူမိတာ တိမ်လွှာမိုမို့လွင်မှာပဲ၊တစ်ခါတုန်းက ပန်းဆိုးတန်းက စာအုပ်အဟောင်းဆိုင်တစ်ဆိုင်မှာ တိမ်လွှာမိုမို့လွင်စာအုပ်လေးကို ငါးရာကျပ်နဲ့ ဝယ်ခဲ့မိတယ်၊စာအုပ်လေးကပိုးတွေကိုက်လို့၊ဖတ်လို့ရရုံပဲရှိတယ်၊ဖတ်ရရုံတစ်ခုထဲနဲ့ ပေးရတဲ့ ပိုက်ဆံငါးရာက တန်ပါတယ်ဆိုတဲ့ အသိကို ရှေးရှူပြီးတော့ပဲ ဝယ်လာခဲ့တယ်၊ ဒီနောက် ဖတ်ဖြစ်တဲ့အခါကျပြန်တော့လည်း သူ့အရေးအသားတွေ ပေါ့ပေါ့ပါးပါးနဲ့ဖတ်ရှူသူကို ဆင်ခြင်တွေးတောမူကဏ္ဍတစ်ရပ်အဖြစ်
ထူထောင်ပေးထားတယ်၊ နောက် လုံးလုံးလျားလျား အောင်ခင်မြင့်ဆိုတဲ့နာမည်ကို သတိထားမိစေတဲ့ အမှတ်အသားကတော့ ပြီးခဲ့တဲ့ နှစ်က ထွက်တဲ့ တကယ်မရှိသော နှစ်များစာအုပ်ပဲ၊ ဒီစာအုပ်ကို ယနေ့ အထိသုံးလေးခေါက်လောက်ပြန်ဖတ်မိတယ်၊ ဖတ်မိတိုင်းလည်းကြိုက်နေမိတယ်၊ ဘာကြောင့် ကြိုက်ရတာလည်းဆိုတဲ့ အဖြေကိုရှာကြည့်မိတော့ ကျနော်အနေနဲ့ သုံးလေးချက်လောက်သွားတွေ့တယ်၊
(က) ဘာသာစကားဆန်းပြားမူ(ဝါ)စကားလုံးတီထွင်မူ
တကယ်မရှိသော နှစ်များထဲမှာ စကားလုံးတွေကို မထပ်ပဲ၊ ဘာသာစကားအဆောက်အအုံကြီးထဲကနေ
နှိူက်ယူသုံးစွဲသွားတာက ကျွတ်ဆင်ပါပဲ၊
(ခ) (ဖြစ်စဉ်ပြ)
ယင်းစာအုပ်ရဲ့ လားရာ ဇစ်မြစ်ဖြစ်တဲ့ ရှစ်လေးလုံးကို မမှီလိုက်ပေမယ့်၊ အဆိုပါ ဖြစ်စဉ်များကို စာဖတ်သူ မျက်လုံးထဲ ဖတ်ရင်းနဲ့ ကွက်ကွက်ကွင်းကွင်းမြင်အောင် ရေးသားပြသွားတာ ချီးကျူးစရာပါပဲ၊
(ဂ) (နမိတ်ပုံသုံးစွဲမူ)
အဲ့စာအုပ်ထဲမှာ သုံးစွဲထားတဲ့ နမိတ်ပုံတွေက ကျနော်တို့ မထင်မှတ်ထားတဲ့ ဘက်ခြမ်း(ဝါ) ရှူ့ထောင့်ကနေ ယူငင်သုံးစွဲသွားတာတွေ့ရတယ်၊ ဒီအတွက် ဖတ်ရင်းနဲ့တပြိုက်နက်ထဲ အံ့သြမှင်သက်မိသလို တပြိုက်နက်ထဲလည်း ချီးကျူးမိပါတယ်၊
ဒါတွေအပြင် တကယ်မရှိသော နှစ်များက တမြန်နှစ်က
ထွက်ရှိခဲ့တဲ့ စာအုပ်ဆိုသော်ငြားလည်း၊ ယင်းအရေးအသားရဲ့ လွှမ်းမိုးမူကတော့ အခြား လက်သင် ကဗျာဆရာပေါက်စ အတော်များများထံမှာ တွေ့မြင့်နေရပါတယ်၊ တချို့လည်း ဟန်အသစ်ရဖို့ ဖေါက်ထွက်နေတာကို တွေ့ရပြီး၊တချို့လည်း ယင်း ဟန်ထဲမှာတင် လှောင်ပိတ်ပြီး မဖေါက်ထွက်နိုင်တော့ပဲ လက်လျှော့လိုက်ကြတာကို တွေ့ရပါတယ်၊
ဒါကတော့ တကယ်မရှိသော နှစ်များနဲ့ပတ်သတ်ပြီးတော့ လတ်တလော ယေဘုယျ ကျနော်မြင်မိတဲ့ အချက်အနည်း
ငယ်ပါ၊ အချက် အတော်များများကျန်ရှိနေသေးပေမယ့်၊ ဆိုတာနာ အကြောင်းကိုပဲ ဆက်ပြောပါမယ်၊
၂၊
စတိုင်သစ်မဂ္ဂဇင်းအဟောင်းများကို ပြန်ရှာရင်း ၂၀၀၀ ပြည့်နှစ်၊အလွန်၊နှစ်ဆန်းပိုင်းခုနှစ်တစ်ခုမှာထုတ်ဝေတဲ့၊ စတိုင်သစ်မဂ္ဂဇင်းတစ်ခုမှာမြင့်သန်း၏ ဝတ္တုတိုများကိုချည်းကပ်တဲ့ စာမူနဲ့စတင်ကာစာပေရေးသားခြင်းအလုပ်ကိုမျိုးစေ့ချစိုက်
ပျိုးလာတဲ့ကိုအောင်ခင်မြင့်ရဲ့စာပေသက်က ဆယ်စုနှစ်တစ်စု ကျော်လွန်လာခဲ့ပါပြီ၊ ယင်းအလျောက် ကိုအောင်ခင်မြင့်ရဲ့ အရေးအသားများကို ခြေရာခံကြည့်ခြင်းအားဖြင့်၊ ကိုအောင်ခင်မြင့် ဟာ ဒီဘက်ခေတ်ရဲ့ ရွှေလို့ဆိုရပါမယ်၊ဘာလို့ဆို မီးခိုဗေဒလိုမျိုးတိမ်လွှာမိုမို့လွင်လိုမျိုး၊စာပေ၊ကဗျာဝေဖန်ချည်းကပ် ခြင်းအရေးအသားများမှာဖတ်ရှူသူကို အားရကျေနပ်တဲ့အတိုင်းအတာတစ်ခုအထိ ပေးစွမ်းနိုင်တာကိုတွေ့ရတဲ့အပြင် သမာသမတ်ဆိုတဲ့ဘက်လိုက်မူ (ဝါ) အဂတိ ကင်းရှင်းတာကိုလည်တွေ့ရပါတယ်၊ ခက်တာက ထုံ့ပိုင်း ထုံ့ပိုင်း ဖြစ်နေတဲ့
ကိုအောင်ခင်မြင့်ရဲ့ ရေးအားပါပဲ၊ ကဗျာတစ်ပုဒ်ကို စိစစ်ခွဲခြမ်းပြီး ဝေဖန်ကြတဲ့အခါ များသောအားဖြင့် ဖြုတ်ထုတ်သတ်တွေလုပ်လိုက်ကြတတ်ပါတယ်၊သူဟာနဲ့ သူလှပနေတဲ့အရုပ်လေးကို ခြေလက်အဂါင်္ တွေ တစ်စစီဖြုတ်ပြီးအလှကိုကြည့်ရှူသလိုမျိုးပေါ့၊ ကိုအောင်ခင်မြင့်ကတော့ယင်းကဲ့သို ဝေဖန်တဲ့အခါကဗျာ ၏ ရှိရင်းစွဲအလှတရားကိုမပျောက်ပျက်အောင် ဆင်ခြင်သတိမူပြီးကာမှဝေဖန်ချည်းကပ်လေ့ရှိတာကိုတွေ့ရ
ပါတယ်၊ဒါ့အပြင် ကိုအောင်ခင်မြင့်ရဲ့ အရေးအသားတွေထဲမှာထူးထူးခြားခြားတွေ့မြင်ရတဲ့နောက်တစ်ခုကတော့၊သူ ရဲ့ အနုပညာ ကိုယ်ခံအားလို့ပြောရမယ့်၊ အနုပညာ အားထုတ်မူ ပါပဲ၊အနုပညာခံစားမူ လှတယ်လို့ပဲဆိုရမလား၊အနုပညာ ခံစားမူအား ကောင်းတယ်လို့လားဆိုရမလား၊ ဘယ်လိုပဲဆိုဆို သူ့ရဲ့ ချည်းကပ်ခြင်းတွေမှာတော့ သူ့ရဲ့သိမြင်နှံ့စပ်မူ
နဲ့ရိုးသားမူကို မြင်တွေ့နေရတာတော့အမှန်ပါပဲ၊
၃၊
ထွေထွေထူးထူးပြောစရာမလိုဘူးဆိုသော်ငြားလည်းကိုအောင်ခင်မြင့်ရဲ့ အမှတ်အသား ဟာ ဘာဖြစ်မလဲလို့ပုစ္ဆာထုတ်တဲ့အခါ၊ ထရိုဂျန်၊ကဗျာအချို့၊မိုက်ခရိုဝေ့ဖ်၊ စတာတွေ မဖြစ်နိုင်တာတော့ သေချာတယ်၊ ဖြစ်နိုင်ချေရှိတာတွေကို ရှာကြည့်မိတဲ့အခါ၊လီလီပန်းများလော၊ နိုင်ငံတော်သီချင်းလောတကယ်မရှိသော နှစ်များလော၊ ယင်းသုံးမျိုးလောက်ကို မိန်းစထွင်းအနေနဲ့ သွားတွေ့ရပါတယ်၊ဒီသုံးမျိုးအနက်၊တစ်မျိုးမျိုးကတော့ ကိုအောင်ခင်မြင့်ရဲ့ အမှတ်တံဆိပ်အဖြစ် တွေ့မြင့်ရမှာကို အမှန်ပါပဲ၊အရေအတွက်အရ၊ အောင်မြင်မူအရ ကြည့်မယ်ဆိုရင်တော့ တကယ်မရှိသော နှစ်များဟာ ကိုအောင်ခင်မြင့်ရဲ့ အမှတ်အသားပဲဖြစ်ပါတယ်၊သို့သော် မည့်သည့် အရာပင် ကိုအောင်ခင်မြင့်၏ အမှတ်တံဆိပ်ဖြစ်နေပါစေ၊အောင်ခင်မြင့် ဟာ အောင်ခင်မြင့် သာလျှင်ဖြစ်တဲ့အတွက်ကျနော်တို့အတွက် အသစ်အသစ်သော အရေးအသား(ဝါ) ဖန်တီးမူတွေကိုယူဆောင်လာပေးအုံးမှာလို့ကျနော်အနေနဲ့ထင်မြင်
ယူဆမိပါတယ်၊သို့သော် ပြောစရာရှိတာက ကိုအောင်ခင်မြင့် က အရည်းအချင်းရဲ့နောက်မှာအရည်အတွက်တွေကပ်လိုက်လာတာကိုတွေ့နေရတာ ကောင်းတဲ့ လက္ခဏာ မဟုတ်တန်ရာလို့ကျနော်တော့ မြင်မိနေပါတယ်၊ ဆိုလိုတာ ဒီလိုပါ တကယ်မရှိသော နှစ်များပြီးနောက် တစ်နှစ်အတွင်းမှာ တင်ထွက်လာလိုက်တဲ့ စာအုပ်က ဖတ်တဲ့သူတောင် နိုင်အောင်လိုက်မဖတ်နိုင်ခဲ့ဘူး၊အောင်ခင်မြင့်ဆိုတာကို တကယ်မရှိသော နှစ်များမှာ ရှင်းလင်းပြတ်သားစွာ တွေ့မြင်နေရသလောက်၊ နောက်ထွက်လာတဲ့ အရေးအသားတွေမှာတော့ ဝိုးတဝါးဖြစ်နေပါတယ်၊ ဒါကလည်း လက်ကျ သွားတဲ့ သဘောဆိုတာထက်၊ ဖန်တီးသူနဲ့ ခံစားသူပရိတ်သတ်ကြားအဆက်မပြတ်အောင် ထုံကူးမူတစ်ရပ်လို့ပဲ ဖြည့်တွေးလိုက်ပါတယ်၊ သို့သော် စာအုပ်တွေ ဒရစပ် ထွက်နေတာထက်၊လီလီပန်းများလို၊ နိုင်ငံတော်သီချင်းလို၊ အရေးအသားမျိုးကို တစ်နှစ်တစ်ပုဒ်လောက်ထပ်မံမြင်တွေ့ခွင့်ရရင်ပဲကျေနပ်မိပါရဲ့၊ ထားပါတော့ ဆိုနာတာ အကြောင်းဆက်တာပေါ့၊
၄၊
ဆိုနာတာ မှာ ပါရှိတဲ့ ဝါကျ တည်ဆောက်မူ ပုံသဏ္ဍန်အဖွဲ့အစည်းကိုတစ်ချက်ကြည့်ရအောင်၊ဒီထဲမှာကိုအောင်ခင်မြင့်က စကားပြောနဲ့ရေးထားတာကိုတွေ့ရတယ် အဖွင့်မှာ " နွေမို့ ဘေကျင်းရဲ့ နေ့တာက ရှည်လှတယ် " ဆိုပြီး စကားဝိုင်းမှာ တစ်ဖက်လူကို ပြောပြနေတဲ့ ပုံသဏ္ဍန်အနေအထားနဲ့ စဖွင့်ကာ အပိတ်မှာတော့၊ " ဒါ့ကြောင့် ငါတို့လည်းတေးသွားမဆုံးမခြင်း ကနေကြရတာလို့ ဟားဇော့ ကပြောခဲ့တယ်" ဆိုပြီး တယ် နဲ့ ပဲပြန်ပိတ်ထားတယ်၊ ဒီ ဆိုနာတာစာအုပ် ကိုစကားပြောနဲ့ဖွင့်ပြီး စကားပြောနဲ့ ပြန်လည်အဆုံးသတ်ထားပေမယ့်၊ ကြား အပုဒ်တွေ အတော်များများမှာပါရှိတဲ့ ဝါကျတွေ သုံးပုံတစ်ပုံနီးပါးက စေခိုင်းသော ဝါကျ စာကြောင်းများနဲ့အဆုံးသတ်ထားတယ်၊ စေခိုင်းသော ဝါကျကို အသုံးပြုပြီးရေးသားထားသည့်ဖြစ်သည့်အလျောက် ကတ္တား နှင့်အဆုံးသတ်စကားလုံးဖြစ်တဲ့ "သည် " ၏" တွေကိုဖြုတ်ထားတယ်၊ ဒါတွေကို ဆိုနာတာထဲကနေ ကောက်နုတ်ပြရရင် ၊
" မနက်လင်းလို့ ကျနော် ဟော်တယ် အခန်းတံခါးဖွင့်လိုက်တာနဲ့ အခန်းဝကြမ်းပြင်မှာ ဟိန္ဒူစတန် သတင်းစာကအဆင်သင့်ရာက်နေပြီ၊ " ( စာ ၄၃)
" ကျွန်တော် ဟာ ပျောက်ဆုံးနေတဲ့ ကျွန်တော့် မိခင်တိုင်းပြည်ရဲ့ အစအန တွေကို တခြားသူစိမ်းတရံဆံ
တိုင်းပြည်တွေမှာ ဘာကြောင့်များလိုက်ရှာနေမိပါလိမ့်"
(စာ ၄၂) စသဖြင့်၊ လိမ့်၊ မှာ ၊ပဲ၊ပြီ၊ကိုး၊ စတဲ့ ကတ္တား များနဲ့အဆုံးသတ်ထားတာတွေ့ရပြီး၊ တခါတလေလည်း ကတ္တားကို ဝါကျ အစမှာ ထည့်သွင်းရေးသားထားတာကိုတွေ့ရတယ် ၊
၅၊
" ရင်ပြင်မှာတစ္ဆေတွေအများကြီးပဲ၊ဘယ်ဟာလူ၊ဘယ်ဟူ တစ္ဆေမှန်း သူမခွဲခြားတတ်တော့ဘူး၊ "
( စာ ၆)
ကျနော်တို့တွေ ဟာအရာဝတ္တုတစ်ခုကို ဝေးလွန်းတဲ့
ဝေဝါးသွားတတ်ကြပြီး၊ နီးလွန်းတဲ့အခါကျပြန်တော့လည်း မူန်ဝါးသွားတတ်ကြတယ်၊ ဘယ်အရာကအမှန်တရားလဲ၊ လူဖြစ်ရခြင်းမှာ ကိုယ့်ဖြစ်တည်မူကို ကိုယ်ကိုတိုင်လက်ညိုးညွှန်ပြနိုင်ဖို့အတွက် ကြိုးစားနေကြတာခြင်းတူတူ၊ဘယ်သူက ရန်သူ ဘယ်သူက မိတ်ဆွေလဲ မခွဲခြားတတ်တော့ဘူး၊
"ဒေါ်ခင်သိန်းရဲ့မျက်နှာပေါ်က အရေးအကြောင်းတွေဟာ အနာတရ တွေနဲ့ ဒရွတ်ဆွဲသွားနေတဲ့ တိုင်းပြည်တစ်ပြည်ရဲ့လမ်းကြောင်းရာတွေမှန်း ကျွန်တော် တဖြည်းဖြည်းသိလာတယ်၊" (စာ ၅၉ )ဒဏ်ရာအပြင်းအထန်ရထားတဲ့ သမိုင်းတစ်ခုက နေ ကျနေတဲ့ သွေးစက်တွေကို အနံ့ အဖြစ်စားသုံးလိုက်ရတဲ့ကဏ္ဍတစ်ခုကနေ စာရှူသူက မြင်နေရပါတယ်၊ ဒါတွေက ကောက်နုတ်ပြထားတာတွေပါ၊ စဆုံး ဖတ်ကြည့်တဲ့အခါ စာရှူသူရဲ့ မူလ(အရင်း) တည်ရှိပြီးသား သိမူ ဟာဆိုနာတာ နဲ့အတူ ဖြန့်ကျက်ပြီးတော့ စီးမျောသွားနိုင်ပါတယ်၊ ထိုအတူ စာလုံးတွေကနေ စာကြောင်းဝါကျများအဖြစ်အသွင်းပြောင်းလဲလာတဲ့ ဆိုနာတာမှာ တွေ့ရှိရမယ့် တစ်ခုကတော့ ကိုအောင်ခင်မြင့်ရဲ့အရေးအသားဟန်ပါပဲ၊ အဲ့ဒီဟန်ထဲကို နက်ရှိူင်းစွာတိုးဝင်တဲ့အခါ ပေါ့ပါးမူတွေနဲ့အတူ လေးနက်မူများကိုလည်းတွေ့မြင်နေရပါတယ်၊ ဒါအပြင် သူမုန်းတီးရွံရှာသလောက်မမေ့နိုင်ဖြစ်နေတဲ့၊ သူဖြတ်သန်းခဲ့တဲ့ ခေတ်တစ်ခုရဲ့ အနက်ကိုထွေပြားရှူပ်ထွေးနေသော စကားအမျိုးမျိုးနဲ့ သရုပ်ဖော်ပြပေးနေတာလည်း တွေ့မြင်နေရပါတယ်၊ ဒါပါပဲ၊
စာအုပ်နဲ့ပတ်သတ်ပြီးပြောစရာရှိတာကတော့ ဘာမှမပါရှိတဲ့ ရှေ့က အလွတ်စာမျက်နှာ ကနေစပြီး ရှစ်မျက်နှာရောက်တဲ့အထိ နံပါတ်စဉ်မတပ်ပဲ ထားတာပါပဲ၊ ရှစ်မျက်နှာရောက်မှ စာမျက်နှာ ၈ ဆိုပြီး စတပ်တာတွေ့ရပါတယ်၊ ဒါအပြင် အတွင်းစာမျက်နှာမှာ စာလုံးတွေက တခြားကျောကပ်စာမျက်နှာကို ပေါက်ထွက်နေပြီးတော့ ဖတ်ရတာ သိပ်အဆင်မပြေလှပါ။တချို့အရွက်တွေမှာ မှန်စာလိုဖြစ်နေတယ်၊ ဒါကလည်းသုံးလေးမျက်နှာထဲရယ်ပါ၊ ဒါပါပဲ၊ ပြောစရာမရှိတော့ပါ၊
ကွိုင်
အေဒီ ၂၀၁၈
စက်တင်ဘာ ရှစ်ရက်
၇:၀၄ ပီအမ် (HLDM)