သိပ်ကိုချစ်စရာကောင်းပြီးကောင်းမွန်တဲ့စိတ်ထားလေးပိုင်ဆိုင်ထားတဲ့ကယန်း လထာ တိုင်းရင်းသူလေးမူယော။
ငယ်စဉ်ကတည်းကစွန့်ပစ်ခံဘဝကနေမန္တလေးကိုခေါ်ပြီးမွေးစားဖို့ရေစက်ပါလာတဲ့မူယော။မန္တလေးမှာနေရင်ဘဝအောင်မြင်မှုရဖို့အတွက်မူယောကြိုးစားနိုင်ပါ့မလား။သူ့ကိုခေါ်သွားတဲအိမ်ကသားနှစ်ယောက်ဖြစ်တဲ့ ကိုကို နဲ့ မောင် ကလဲသူ့ကိုဘယ်လိုဆက်ဆံကြမှာလဲ။မတူညီတဲ့အရပ်ဒေသမှာ မူယော ဘယ်လိုကြိုးစားပြီးနေမှာလဲ။
ပြီးတော့ဒီစာအုပ်းလေးထဲမှာစာရေးဆရာမကရသအကြောင်းအပြင်သုတလေးတွေကိုပါထည့်ပေးထားပါတယ်။
ကယန်းလူမျိုးတွေရဲ့ရှေးရိုးအစဉ်အလာကြီးမားပုံကိုတွေ့မြင်ရပါမှာ။ပြီတော့ကယန်းတိုင်းရင်းသားတွေ့ရဲ့ဓလေ့နဲ့ရိုးဗေဒင်မေးနည်းလေူတွေကိုပါတွေ့ရမှာပါ။
ပြီးတော့ဒီစာအုပ်လေးထဲမှာမြန်မာနိုင်ငံရဲ့ထိပ်တန်းအမှုဖြစ်တဲ့သက်ငယ်မုဒိန်းအကြောင်းလေးကိုပါပညာပေးအနေနဲ့ထည့်ပေးထားပါတယ်။တိုင်းရင်းသာတွေရဲ့ရိုးရာအစွဲအလန်းတွေကြောင့်ထိခိုက်ခဲ့ရတဲ့လူတွေရဲ့ဘဝလေးတွေ၊ခေတ်ပညာကိုမသိနားမလည်ကြတဲ့တိုင်းရင်းသားတွေရဲခက်ခဲနေတဲ့ဘဝတွေကိုခြယ်မှန်းရေးသားထားတာကြောင့်ဒီစာအုပ်လေးကိုလဲဖတ်ဖို့ညွန်းချင်ပါတယ်။
မှတ်ချက်။ ။အမှားပါရင်ခွင့်လွတ်ပါ။
#Saw Oliver
လူတိုင်းမှာ နာကျင်စရာတွေရှိကြပါလိမ့်မယ်။
အတိတ်မှာဖြစ်ဖြစ်၊လက်ရှိ ပစ္စုပ္ပန်မှာ ဖြစ်ဖြစ်ပေါ့လေ။
ဘယ်သူတစ်ဦးတစ်ယောက်မှ ပြီးပြည့်စုံပြီးကောင်းမွန်တဲ့
စင်းလုံးချောဘဝကို မပိုင်ဆိုင်ကြပါဘူး။
ဒါပေမယ့် ကျွန်တော်တို့ ကိုယ်တိုင် အချိန်တစ်ခုယူပြီး
တည်ဆောက်လို့ရပါတယ်။ကျွန်တော်တို့ကိုယ်တိုင်အတွက်
အကောင်းဆုံးကိုပေါ့။တစ်ခြားသူတွေအတွက် ကောင်းချင်မှ
ကောင်းလိမ့်မယ် ဒါပေမယ့် အဓိက က ကျွန်တော်တို့ ကိုယ့်ဘဝကို ကိုယ် ကျေနပ်နေဘို့က အဓိကပါ။
မူယောကို ဖတ်မိတော့ စာရေးသူရဲ့ရည်ရွယ်ချက်လှလှလေးတွေကို မြင်ရပါတယ်။
ကျွန်တော်တို့ကို အတိတ်တွေထဲက နာကျင်စရာတွေကြားထဲမှာပဲ
အချိန်တွေ ကုန်ဆုံးမနေဖို့။
ကိုယ့်ကိုယ်ကို အကောင်းဆုံးတည်ဆောက်နိုင်ဖို့နဲ့
နောက်တစ်ခုက လက်ရှိဖြစ်ပွားနေတဲ့ သက်ငယ်မဒိမ်းမှုတွေအကြောင်းပါ။
နောက်ပြီး ခေတ်နဲ့ မညီတော့တဲ့ ရိုးရာအစွဲအလန်းတွေကို
ပယ်သင့်တာ ပယ် ယူသင့်တာ ယူဖို့ပါ။
ကယန်းတွေမှာ အလိုမတူပဲ သားမယားပြုကျင့်ခံရတဲ့အခါ
ဝက်တစ်ကောင်ပေါ်ပြီး တစ်အိမ်တစ်ပိသာ ပေးရုံနဲ့ ကျေအေးရသတဲ့။
အံသြစရာမကောင်းဘူးလား။
ဒါက ဒီစာအုပ်ဖတ်မှ သိရတာပါ။
တကယ်တော့ အမျိုးသမီးတွေအနေနဲ့ ဒီလို အဖြစ်အပျက်တွေ
ကြုံရတဲ့ အခါ လူမသေသွားပေမယ် စိတ်ခံစားချက်တွေ
သေဆုံးသွားရတယ်။ အဲ့ဒီ့နောက်မှာ လူကခံနိုင်ရည်မဲ့သွားတဲ့အခါသေခြင်းတရားကို ရွေးချယ်ဖို့ဖြစ်လာတဲ့အကြောင်း
စာရေးသူက ပြောပြထားပါတယ်။
စာရေးသူက မူယော၊မောင်၊ကိုကို၊မ ဆိုပြီး ဇာတ်ကောင်လေးဦး
နဲ့ သူပြောချင်တာ လေးတွေကို လှလှပပပြောပြသွားပါတယ်။
ဇာတ်ကောင်တွေက သာမာန်လူတွေလိုပါပဲ။
နာမည်တွေ က လူနာမည်တွေပဲ ဖြစ်နေတာကိုတော့ပိုကြိုက်ပါတယ်။ပြီးတော့ သူတို့မှာ မတူညီတဲ့ ဘဝတွေရှိတယ်၊စိတ်ခံစားချက်တွေရှိတယ် မတူညီတဲ့ ချစ်ခြင်းမေတ္တာတွေ ရှိပါတယ်။
ဇာတ်သိမ်းကို ဖတ်တဲ့အခါ ကျွန်တော် ဖုန်းထဲက မဒီ့ရဲ့ စွန်ကလေးဆိုတဲ့ သီချင်းကို ဘေးနားမှာ ဖွင့်ပြီး ဖတ်ပါတယ်။
တစ်ခါတလေမှာ ချစ်ခြင်းမေတ္တာဟာ
ကောင်းကင်မှာ စွန်ကလေး ပျော်နေတာ ကြည့်ပြီး
ကိုယ်ပါ လိုက်ပြီး ပျော်နေရတာမျိုးပါ။
စွန်နဲ့ရစ်ဘီးရဲ့ကြားက ကြိုးမျှဉ်မျှဉ်လေးဟာ အချိန်မရွေး
ပြတ်တောက်နိုင်တယ်ဆိုပေမယ့်..
ကောင်းကင်မှာ လွင့်ဝဲနေချိန် စွန်ကလေး ပျော်ဖို့သာ အဓိက မဟုတ်လား။
ကယန်းလူမျိူးတွေနဲ့ပတ်သတ်ပြီး ရုပ်ရှင်အနေနဲ့
ကယန်းအလှ ရုပ်ရှင်ကိုလည်း သိပ်ကြိုက်ခဲ့ပါတယ်။
ပြီးတော့ ပါစကယ်ခူးသွယ် ရဲ့ From The Land Of Green Ghosts (သင့်လူ -အိုဘယ့် အစိမ်းတို့မြေ) ကိုလည်း အရမ်းကြိုက်ပါတယ်။
ဒီစာအုပ်ကတော့ ကယန်း နဲ့ပတ်သတ်ပြီး တတိယအကြိမ်ဖတ်ဖူးတာပါ။
#kyawhtet
Photo - crd