" နာမည်ဆန်းတဲ့ လက်ဖက်ရည်ဆိုင်
အလွမ်းကဖီးလို့ ပေးထားတယ်
အချစ်ဆုံး မင်းနဲ့အတူ အမြဲသောက်တဲ့
ဒီဆိုင်လေး...ဆိုင်ရှင်ဦးနဲ့ ရင်းနှီးကာ
ကိုယ်တို့နှစ်ဦးအတွဲလေးရောက်ရင်
တို့ကြိုက်တဲ့သီချင်းတွေ အလိုက်တသိနဲ့
ဖွင့်ပေးတယ်လေ...????????????"
အလွမ်းဆိုင်ကိုဖတ်ရင်း ဂျေညီညီရဲ့ အလွမ်းကဖီးသီချင်းလေးကို တချက်တချက် ညည်းမိတယ်။ အလွမ်းကဖီးမှာတော့ ချစ်သူနှစ်ယောက်က လက်ဖက်ရည်ဆိုင်ထိုင်
ကြရင်း အမှတ်တရလေးတွေ ဖြစ်ခဲ့ကြတယ်။ နောက်
တော့ ဆိုင်ရှင်နဲ့ရင်းနှီးပြီး သူတို့နှစ်ယောက်ကြိုက်တဲ့ သီချင်းလေးတွေ ဖွင့်ပေးရင်း...ကြည်နူးစရာ ပုံပြင်လေးတစ်ပုဒ်ဟာ လက်ဖက်ရည်ဆိုင်လေးကို အခြေတည်
ပြီး ပေါ်ပေါက်ခဲ့တာပေါ့။
အလွမ်းဆိုင်မှာလည်း "က့ံကော်ရိပ်"ဆိုတဲ့ စာအုပ်ငှါးဆိုင်လေးဟာ စာအုပ်တစ်အုပ်လုံးရဲ့ ဇာတ်ဆောင်၊ ဇာတ်ကောင်တွေ အားလုံးရဲ့ အချုပ်၊ ဇာတ်လမ်းရဲ့ အဓိက ပင်တိုင်တစ်ဦးလို့ဆိုရင် မမှားနိုင်ဘူးလေ။ စာအုပ်အငှါးဆိုင်လေးကနေတဆင့် အချစ်တွေ ဖြစ်ပေါ်ခဲ့တယ်။ အမှတ်တရတွေအများကြီး ဖြစ်ခဲ့ကြရတယ်။ အလွမ်းကဖီးလိုပါပဲ...
ခင်ဗျားတို့ တစ်စုံတစ်ယောက်ကို လွမ်းဖူးလိမ့်မယ်။
ဒေသတစ်ခု ကာလတစ်ခုခုကို လွမ်းဖူးလိမ့်မယ်။ ခင်ဗျားတို့ ရောက်ဖူးခဲ့တဲ့ နေရာတစ်ခုခုကို သတိတရ လွမ်းဖူးကြလိမ့်မယ်။ ဒါဆို တစ်ခါမှ မရောက်ဖူးတဲ့နေရာ၊ တစ်ခါမှ မကြုံဖူး မတွေ့ဖူးတဲ့ လူတွေကိုရော လွမ်းဖူးရဲ့လား။ မကြုံဖူး မရောက်ဖူးတဲ့ နေရာဒေသ တစ်ခါမှ မတွေ့ဖူးတဲ့ လူတွေကို လွမ်းတယ်ဆိုတာ အဓိပ္ပါယ်တော့မရှိလှဘူး။ သို့သော် "အလွမ်းဆိုင်"ကို ဖတ်ပြီးတဲ့အခါ တစ်ခုခုကို လွမ်းကျန်ခဲ့မိမှာ အသေအချာပါပဲ။
"က့ံကော်ရိပ်"ဆိုတဲ့ စာအုပ်အငှါးဆိုင်လေးကို လွမ်းကျန်ခဲ့မယ်။ မရောက်ဖူးတဲ့ ရှမ်းပြည်နယ်ကို ရောက်ခဲ့သလိုလို ခံစားကျန်ခဲ့မယ် (ရောက်ဖူးတဲ့ သူတွေလည်း အလိုလိုပြန်လွမ်းလာမှာ ) ဘော်ကြိုရထားဘူတာက ကောင်လေးနဲ့ကောင်မလေးကို လွမ်းကျန်ခဲ့မယ်။ သီပေါမြို့လေးကို သတိတရ လွမ်းနေရစ်ခဲ့မယ်။ နေကြာရိုင်းပင်၀ါ၀ါတွေနဲ့ ရင်းနှီးခဲ့ဖူးသလို ဖြစ်ကျန်ခဲ့လိမ့်မယ်။ ဆက်သွယ်ရေး မထွန်းကားသေးခင် စာတိုက်ကနေ ချစ်သ၀ဏ်လွွာလေးတွေ အပြန်အလှန်ပေးပို့ကျတဲ့ အချိန်လေးတွေ၊ လူငယ်တစ်ယောက် အနေနဲ့တော့ မကြုံ
လိုက်ရတဲ့ ၁၉၈၀ကာလတစ်ချို့ဟာ ကိုယ်ဖြတ်သန်းခဲ့ရသလို ရီေ၀ေ၀နဲ့ ခံစားကျန်စေခဲ့မှာအမှန်ပါပဲ။
(လူကြီးတွေကတော့ ကြုံခဲ့ရတာပေါ့လေ)
အလွမ်းဆိုင်မှာ အဓိကဇာတ်ဆောင်ရယ်လို့ ခွဲခြားသတ်မှတ်လို့ မရတာကိုက စာရေးသူရဲ့လိမ္မာပါးနပ်မွုလို့ဆိုရမယ်။ မြတ်မော်ဆိုတဲ့ ကောင်လေးတစ်ယောက်နဲ့ နွေအိမ်ဆိုတဲ့ ကောင်မလေးတစ်ယောက်ရဲ့ ငယ်ဘ၀တွေကို ကြည်နူးဖွယ်ရာ ရေးဖွဲ့ထားတယ်။ လင်းညိုဆိုတဲ့ ကျောင်းဆရာလေးနဲ့ နွေအိမ်တို့ရဲ့ကြားက ၁၅၀၀အချစ်၊ မြတ်မော်နဲ့ လင်းညိုကြားက ၅၂၈မေတ္တာတွေကို ပေါ်လွင်အောင်ရေးပြနိုင်တယ်။ နွေအိမ်ဆိုတဲ့ ဖတဆိုးကောင်မလေးဟာ မိခင်ကိုပါ ဆုံးရှုံးလိုက်ရချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်၊ တစ်သက်လုံးနေလာခဲ့တဲ့ ရွာလေးကိုစွန့်ပြီး မွေးစားအမေနဲ့ မပျော်တဲ့နေရာမှာ လိုက်နေရတဲ့ ခံစားချက်၊ ဆွေမျိုးသားချင်းတွေ၊ ချစ်ရတဲ့သူတွေ၊ သူမရဲ့ချစ်သူ၊ အားလုံးဟာ တစ်ယောက်ပြီးတစ်ယောက် သူမကို စွံ ့ခွာပြီးပျောက်သွားကြချိန်မှာ ရရှိလိုက်တဲ့ ေ၀ဒနာတွေကို စာဖတ်သူတွေပါ ခံစားမိစေမှာ အသေအချာပါပဲ။
အဓိကကတော့ "က့ံကော်ရိပ်"ဆိုတဲ့ စာအုပ်အငှါးဆိုင်လေးရယ် ဆိုင်ရှင်ဆရာမ ဒေါ်မြတ်သန္တာနဲ့ သူ့သား
"ငြိမ်းစော"တို့ပင်ဖြစ်တယ်။ မြတ်မော်ဟာ သူသိပ်ချစ်ရတဲ့ နွေအိမ်ဆိုတဲ့ ကောင်မလေးရဲ့ ကမ္ဘာတစ်ခြမ်းကို သိခွင့်ရမယ်ဆိုရင် ကျန်တစ်ဖက်ခြမ်းကို မြင်ခွင့်ရတာဟာ "က့ံကော်ရိပ်"ဆိုတဲ့ စာအုပ်ဆိုင်လေးနဲ့ ပိုင်ရှင်သားအမိတို့ပင်။ စာအုပ်ဆိုင်လေးမှာပဲ အမှတ်တရတွေ များစွာဖြစ်ခဲ့ကြတယ်။ အချစ်တွေ ပေါ်ပေါက်ခဲ့ကြတယ်။ ဒီနေရာမှာပဲ လွမ်းစရာတွေ ပေါ်ပေါက်လာပြန်တယ်။ နောက်နှစ်ပေါင်းများစွာ ကြာတဲ့အထိ ဒီနေရာလေးဟာ အတိတ်ကို တူးဖော်ဖို့ ပြန်ရောက်လာကြတဲ့ ဧည့်သည်အသီးသီးကို ကြိုဆိုလျက်တည်ရှိနေခဲ့ပြီး ကွေကွင်းသွားတဲ့ ချစ်ရသူတွေကို ပြန်လည်ပေါင်းစည်းစေနိုင်ခဲ့တဲ့ နေရာလေးတစ်ခု ဖြစ်လာခဲ့တယ်။
မြတ်မော်ဆိုတဲ့ကောင်လေးဟာ ငယ်စဉ်ကတည်းက သိပ်ချစ်ခဲ့ရတဲ့ မမနွေဆိုတဲ့ နွေအိမ်ကို ပြန်လည်ရှာဖွေဖို့အတွက် သီပေါမြို့က "က့ံကော်ရိပ်"ဆိုတဲ့ စာအုပ်ဆိုင်လေးကို တဖန်ပြန်ရောက်လာတာနဲ့ ဇာတ်လမ်းကို အစပြုထားပြီး သူတို့တွေရဲ့ငယ်ဘ၀ ၁၉၈၀ကာလနဲ့ မျက်မေှာက်ကာလ ၂၀၁ရကို တလှည့်စီ ရေးထားတာကို ဖတ်ရတာ လွမ်းစရာပင်။ အလွမ်းဆိုင်မှာ ထူးခြားတဲ့အရေးအသားကတော့ ဇာတ်လမ်းရဲ့ plot တစ်ခုချင်းကိုချိတ်ဆက်သွားပုံဟာ TV seriesတစ်ခုကို ကြည့်နေရသလို ဖတ်ရတာ မျက်လုံးထဲ ကွက်ကွက်ကွင်းကွင်း မြင်စေပါတယ်။ ဇာတ်လမ်းတစ်ကွက်နဲ့ တစ်ကွက်အပြောင်းမှာ ဘာဆက်ဖြစ်မလဲလို့ ကြိုတွေးနေရတာကိုက ရင်ခုန်စရာကောင်းနေပြန်ပါတယ်။ အလွမ်းဆိုင်ဟာ လူငယ်တွေကြားက ချစ်ခြင်းကို ရိုးရိုးလေးဖော်ပြထားတာ ဖြစ်လို့ ဇာတ်ကွက်အဆန်းအပြားတွေကိုတော့ တွေ့ရမှာမဟုတ်ပါဘူး။ စာရေးသူဟာ ဖော်ပြချင်တဲ့ ချစ်ခြင်းမေတ္တာအကြောင်းကို အနုစိတ် သရုပ်ဖော်ထားတာမို့ စာဖတ်သူကလည်း အေးအေးဆေးဆေးအချိန်ရတဲ့ အချိန်မှ လွမ်းရင် ပိုပြီးရသခံစားရပါလိမ့်မယ်။ ကော်ဖီခါးခါးတစ်ခွက် သို့ ယမကာတစ်ခွက်ကို တကျိုက်ထဲ မော့မသောက်သလို ဖြည်းဖြည်းလေးနဲ့ ငြိမ့်ငြိမ့်လေး ခံစားသလိုပေါ့....
"အလွမ်းဆိုင်" ကိုဖွင့်ပြီး ရှမ်းပြည်ရဲ့အငွေ့အသက်တွေကို ခံစားရင်း ဘော်ကြိုနဲ့ သီပေါကို အိမ်ဦးနဲ့ကြမ်းပြင် သွားရမယ်။ နေကြာပန်းရိုင်းတွေနဲ့ တောင်တန်းမြူမွုန်တွေရဲ့ အလှကိုခံစားရမယ်။ ဘော်ကြိုဘူတာမှာ ရထားထွက်တာ လာလာကြည့်တတ်တဲ့၊ က့ံကော်ရိပ်ဆိုတဲ့ စာအုပ်အငှါးဆိုင်လေးကို စက်ဘီးကလေးနဲ့ ရောက်လာတတ်တဲ့ မြတ်မော်နဲ့နွေအိမ်တို့်ကို တွေ့ရမယ်။ ဒုဋ္ဌာ၀တီမြစ်ကမ်းနံဘေးကို ရောက်သွားစေမယ်။ ကြုံတောင့်ကြုံခဲ စာအုပ်အငှါးခေတ်ကာလလေးကို ပြန်လွမ်းရမယ်။ စာဖတ်သူဟာ ပိတ်ကားချပ်ပေါ်က ပုံရိပ်တွေကို ထိုင်ကြည့်နေရသလို တရိပ်ရိပ်နဲ့ ရီေ၀ေ၀လွမ်းစေတာဟာ စာရေးသူပေးချင်တဲ့ ရသတစ်ခု စာဖတ်သူတွေဆီကို ရောက်သွားတယ်လို့ပဲ ကျွန်တော် ခံစားမိပါတယ်။ ။
"တချို့သော ပျော်ရွွင်မွုတွေဟာ
ပိုင်ဆိုင်ချိန် သိပ်တိုတောင်းတယ်။
ဒါပေမဲ့ တစ်သက်လုံး သိမ်းထားဖို ့ရာတော့
လုံလောက်ခဲ့ပါတယ်...."
#သက်ပန်
#savethelibrary
#၀တ္တုရှည်ဖတ်ညွွန်း