*လက်ကျန်တစ်ပွင့်*
-----------------------
သခင့်ခြံတွင်
တစ်ပွင့်ကျန်သော ပန်းကလေး
မခူးအား၍
ဆူးကြား ကျန်ရစ်ခဲ့သလော...။
မခူးရကျ၍
ဆူးထက် ချန်ခဲ့လေသလော...။
မခူးလို၍
ဆူးညိုကြားတွင် သူ့ကံပင်ဟု
တမင် စွန့်ခဲ့လေသလော...။ ။
~တင်မိုး~
(စာအုပ်ထဲမှာပါတဲ့ကဗျာ)
"တစ်ပွင့်ကျန်" တဲ့ စာအုပ်နာမည်မြင်လိုက်ကတည်းက လွမ်းစရာကောင်းလှတယ်။ ဖတ်ကြည့်တော့လည်း တစ်ပွင့်ကျန်လေးက တကယ်ပင်လွမ်းစရာကောင်းပါတယ်။ ဝမ်းနည်းရသလိုလို၊နှမြော တသသနဲ့ရင်ဘတ်ထဲ ဘာမှမရှိတော့သလို လစ်ဟာသွားတာလား၊ စိတ်ထဲမှိုင်းပြီးကျန်ခဲ့သလားဝေခွဲမရပါ။
သို့ပေမယ့်....တစ်ပွင့်ကျန်ဟာ
နူးညံ့သိမ်မွေ့တယ်။ လေးနက်တယ်။
ဇာတ်လမ်းသဘောကPositiveဘက်ကိုဦးတည်တယ်။ ဗီလိန်မပါဘူး။ ဇာတ်လမ်းလေးက အတိတ်တစ်လှည့် ပစ္စုပ္ပန်တစ်လှည့်စီ အကူးအပြောင်း မြန်မြန်ဖော်ပြထားတယ်။ တစ်စုံတစ်ယောက်အပေါ်ဖြစ်ပေါ်လာတဲ့ ချစ်ခြင်းဟာ အချိန်ကာလအားဖြင့်ပျောက်သွားသွားခြင်းမရှိဘူးဆိုတာကို စိတ်ဝင်တစားဖတ်ရမှာဖြစ်ပါတယ်။
"တစ်ပွင့်ကျန်"ဆိုတာကတော့ သိုက်ထွေးငယ်ငယ်က အိမ်နောက်ဘေးရဲ့ စမ်းချောင်းလေးမှာ မျောပါလာတဲ့ ပန်းလေးတွေဆယ်ယူရင်း သူ့အမေကိုပေးတတ်လေ့ရှိတယ်။ ပန်းဆယ်လိုက်လို့ရှိရင် တစ်ပွင့်မှမကျန်အောင်ဆယ်လေ့ရှိတဲ့ သိုက်ထွေးက တစ်နေ့မှာ မဆယ်လိုက်ရတဲ့ပန်းတစ်ပွင့်ကျန်ခဲ့တာကို သတိထားမိလို့ "တစ်ပွင့်ကျန်" ဆိုတာ ဖြစ်လာတာပါ။ သိုက်ထွေးဘဝမှာလည်း တကယ်ပင်ရေစီးထဲကမဆယ်နိုင်ခဲ့တဲ့ ခရေခက်ဆိုတဲ့ကောင်မလေးတစ်ယောက်ရှိတယ်။
ခရေခက်ဟာ လူလေးစားခံရတဲ့ကျောင်းဆရာမ။
ခရေ့ကိုချစ်တဲ့သိုက်ထွန်းနေရာမှာခံစားမိရင်လူကိုပါမောဟိုက်သွားစေတယ်။
"မခူးလို၍ ဆူးညိုကြားတွင် သူ့ကံပင်ဟု တမင် စွန့်ခဲ့လေသလော" တဲ့ မေးရက်လိုက်တဲ့ခရေ။
ကျွန်တော်တို့ ဘဝမှာလည်း မဆယ်ယူနုိင်လို့၊မဆယ်ယူရက်လို့ကျန်နေခဲ့တဲ့ပန်းကလေးရှိနေတတ်ပါတယ်။ မခူးလို၍ ဆူးညိုကြားတွင် သူ့ကံပင်ဟု တမင် စွန့်ခဲ့တာတော့ မဟုတ်ဘူးပေါ့ဗျာနော်...။
Salai Moe Naing
Publisher Name: နန်းဒေဝီစာပေ
Publisher Address: တိုက် ၂၀၀ ( ပထမထပ်)၊ ၃၆လမ်း (အထက်) ကျောက်တံတားမြို့နယ်၊ရန်ကုန်ုမြို့။ဖုန်း 01383025, 01391633
Publisher Phone Number: ဖုန်း 01383025, 01391633