သစ်သားဖောင်တစ်စင်းနဲ့ လူလေးယောက် ၊ တိရစ္ဆာန် ၃ ကောင် ကမ္ဘာပတ်တဲ့အကြောင်း ရေးသားထားတဲ့ စာအုပ်လေး ..
Adventure ဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ဒီစာအုပ်လေးက လက်ကမချချင်တမ်း ဖတ်ချင်သွားလောက်အောင် စွဲခေါ်သွားနိုင်မယ့် ဆရာမောင်သာရရဲ့ ထူးထူးခြားခြား လက်ရာလေးတစ်မျိုး ဖြစ်ပါတယ် ..
ဇွဲ ၂ လို့အမည်ပေးထားတဲ့ သစ်သားဖောင်ကြီးကို ကျွန်းသစ်တွေနဲ့ အခိုင်အမာ ဖောင်ဖွဲ့ထားပြီး သူတို့ရွက်လွှင့်မယ့် ခရီးက ဘင်္ဂလားပင်လယ် ၊ အိန္ဒိယ သမုဒ္ဒရာနဲ့ ပစိဖိတ်ကို ဖြတ်ပီး ကမ္ဘာပတ်မယ့် အစီအစဉ် ..
လူလေးယောက်ကို အမှတ်စဉ် ၁ ၊ ၃ ၊ ၄ ၊ ၅ လို့သတ်မှတ်ကြပီး အမှတ်စဉ် ၂ ဆိုတဲ့ အမည်နာမကို ဖြုတ်ချထားခြင်းက နိမိတ် မကောင်းလို့ ဆိုတဲ့ အယူအဆကြောင့် ဖြုတ်ချထားခြင်းဖြစ်တယ် ..
သူတို့အပြင် ခရီးစဉ်မှာ လိုက်ပါမယ့် တိရစ္ဆာန်လေးတွေကတော့ လမ်းဘေးခွေးလေးတစ်ကောင် ၊ မိုးလေ၀သအကြောင်းကို သိနိုင်မယ်ထင်တဲ့ ကြက်တူရွေးတစ်ကောင် ၊ ကြောင်ပေါက်စလေးတစ်ကောင် ရယ် ..
ဒီထဲမှာပါတဲ့ သူတချို့ဟာ ဇွဲ ၁ လို့အမည်ပေးထားတဲ့ ဖောင်ကြီးနဲ့ အရင်တုန်းက ဒီလို ခရီးစဉ်မျိုး ထွက်ခဲ့ဖူးပါတယ် .. ဒါပေမဲ့ ပထမဦးဆုံး အကြိမ်ဖြစ်တော့ လိုအပ်မှုတွေရှိခဲ့ပြီး မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး .. သူတို့ရဲ့ အတွေ့အကြုံတွေကို ဇွဲ ၂ မှာ ဘယ်လို ပြန်လည်အသုံးချပီး ဒီခရီးစဉ်ကို ဖြတ်သန်းမလဲဆိုတာကတော့ ..
ဇာတ်လမ်းအစမှာ ဖောင်တစ်ခုပြုလုပ်ဖို့ လိုအပ်တဲ့ သစ်ကို ဘယ်လိုရှာရတယ်ဆိုတာတွေ ၊ သစ်တွေကို ဘယ်လို သယ်ယူပီး ဘယ်လိုပုံစံနဲ့ ဖောင်ဖြစ်အောင် လုပ်ရတယ်ဆိုတာတွေက အတော်လေးစိတ်၀င်စားဖို့ကောင်းတယ် ..
ခရီးထွက်တော့လည်း လမ်းမှာကြုံတွေရတဲ့ အဖြစ်အပျက်တွေက သည်းထိပ်ရင်ဖို ရုပ်ရှင်တစ်ကား ကြည့်နေရသလို မျက်စိထဲ မြင်လာမိစေတာက ဆရာမောင်သာရရဲ့ ကလောင်စွမ်းကြောင့်လို့ပဲ ဆိုရမယ် ..
ဒီစာအုပ်ကို ၁၉၈၀ ခုနှစ်လောက်က ပ ၊ ဒု နှစ်အုပ်ခွဲပီး ထုတ်ဝေခဲ့ပေမယ့် ဒီအကြိမ်ကတော့ ပတွဲနဲ့ ဒုတွဲကို ပေါင်းပီး တစ်အုပ်တည်း ပြန်လည် ရိုက်နှိပ်ထားခြင်းဖြစ်တယ် .....
#စာညွှန်းအိမ်
#PyaeArKar
Publisher Name: လင်းလွန်းခင်စာအုပ်တိုက်
Publisher Phone Number: 01 293401, 09 220 1730