Book Image
မောင်သာရ

သာရ၊ မောင်

၂၀၀၈ ခု၊ နိုဝင်ဘာလ ၂၃ ရက်နေ့က လော့စ်အိန်ဂျယ်လစ်မြို့မှာ ကျင်းပတဲ့ (၈) ကြိမ်မြောက် စာပေ ဟောပြောပွဲတွင် ဆရာ မောင်သာရ ဟောပြောနေစဉ်။ (ဓာတ်ပုံ - မိုးမခ)
မောင်သာရ (၁၉၃၁-၂၀၁၆) ပြင်ဆင်
အမည်ရင်း သိန်းလွင် ဖြစ်ပြီး ၁၉၃၁ ခုနှစ် မွေးဖွားသည်။ မွေးချင်း မရှိပေ။ ဇာတိမှာ မန္တလေးဖြစ်ပြီး ကိုယ်ဝန်ဆောင်ထားခိုက်မှာ မိဘများ အိမ်ထောင်ပျက်ခဲ့ပြီး မိခင် ကျောင်းဆရာမ၊ အဒေါ်ကျောင်းအုပ် ဆရာမနဲ့ အဖွားအေးတို့၏ အုပ်ထိန်းမှုအောက်တွင် ဗိုင်းကောင်းကျောက်ဖိ ကြီးပြင်းခဲ့သည်။ အသက် ၁၆ နှစ် မပြည့်မှီမှာပင် တက္ကသိုလ်ဝင် ဆယ်တန်း စာမေးပွဲကို တနိုင်ငံလုံးမှာ သင်္ချာ ပထမ ရပြီး အောင်ခဲ့သည်။ သို့သော် အသက်မပြည့်သေးတဲ့ အတွက် တက္ကသိုလ် ဝင်ခွင့် မရခဲပေ။ နောက်တစ်နှစ်တွင်မှ ဂုဏ်ထူးဆောင် ပညာတော်သင် စရိတ်နဲ့ မန္တလေး တက္ကသိုလ်မှာ စတက်ခဲ့သည်။ ထိုစဉ် ပြည်တွင်းစစ်ဖြစ်ပြီး မန္တလေးကို သူပုန်သိမ်းခဲ့သဖြင့် ကျောင်းတွေအားလုံး ပိတ်ခဲ့ရသည်

၁၉၅၁ ခုနှစ်၊ ရန်ကုန် ရွှေတိဂုံ အလယ်ပစ္စယံ အနောက်တောင်ထောင့် ဇရပ် တဆောင်တွင် ပြည်လုံးကျွတ် ကျောင်းသား ညီလာခံကြီးက စတင် မွေးဖွား ဖွဲ့စည်းလိုက်တဲ့ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် (ဗကသများ အဖွဲ့ချုပ် - ABFSU) မှာ ဗဟို အလုပ်အမှုဆောင်၊ ပြန်ကြားရေးနှင့် ဝါဒဖြန့်ချိရေး ဗျူရို အတွင်းရေးမှူး အဖြစ် ရွေးကောက် တင်မြှောက်ခံခဲ့ရ။

၁၉၅၂-၅၃ ခုနှစ်၊ ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ၊ တိုးတက်သော ကျောင်းသား အင်အားစု၊ ဗဟို ကလပ်စည်း အဖွဲ့ဝင်။

၁၉၅၃ ခုနှစ်၊ မန္တလေး တက္ကသိုလ် ကျောင်းသား တပ်ဦး ခေါင်းဆောင် ဘဝဖြင့် တိုက်ပွဲဝင်စဉ် ဖဆပလ အစိုးရက ပုဒ်မ (၅) နဲ့ ဖမ်းဆီးပြီး ၁၉၅၃ မှ ၁၉၅၅ အထိ ထောင်သွင်း အကျဉ်းချထားခဲ့။ ထိုစဉ် တက္ကသိုလ်များကလဲ ရာသက်ပန် ကျောင်းထုတ်ပစ်ခံခဲ့ရ။

၁၉၅၅ ခုနှစ်၊ ထောင်မှ လွတ်လာပြီးနောက်ပိုင်း ရှုမဝ မဂ္ဂဇင်းမှာ "ညှာရွှေတခက် ကြွေရက်စော" ဝတ္ထုရှည်ဖြင့် စာပေနယ်ထဲ စတင် ဝင်ရောက်ခဲ့။

၁၉၅၈ ခုနှစ်၊ စစ်တပ်က အာဏာသိမ်းပြီး နိုင်ငံရေးသမားတွေနဲ့ အတူ စာရေးဆရာတွေ ဖြစ်ကြတဲ့ ဗန်းမော်တင်အောင်တို့၊ သခင်မြသန်းတို့၊ မြသန်းတင့် တို့ကိုပါ ဖမ်းဆီးပြီး ကိုကိုးကွျန်း (တကွျန်းအကျဉ်းထောင်) ပို့တဲ့အခါ အထက် အဖွဲ့အစည်းရဲ့ ညွှန်ကြားချက်အရ တိမ်းရှောင် ပုန်းအောင်းနေခဲ့။ သည့်နောက် အကြောင်းကြောင်းကြောင့် နိုင်ငံရေးကို စိတ်ကုန် စွန့်လွှတ်ပြီး စာပေနယ်ထဲမှာပဲ ကျင်လည်နေခဲ့။

၁၉၇ဝ ခုနှစ်မှာ "မတ်တပ်ရပ်လို့ လမ်းမှာငို" ဝတ္ထုဖြင့် အမျိုးသား စာပေဆုရခဲ့။

၁၉၈၈ ခုနှစ်၊ ဒီမိုကရေစီ အရေးတော်ပုံကြီး အထိ ကိုယ်ပိုင် လစဉ်ထုတ် "သာရ" မဂ္ဂဇင်း အပါအဝင် စာရေးသမျှနှင့် ရေးခွင့်အားလုံး အပိတ်ခံရချိန် အထိ လုံးချင်း စာအုပ်ပေါင်း ၆ဝ နဲ့ ဝတ္ထုတိုပေါင်း ၃၀ဝ ကျော် ရေးသားခဲ့။ တချို့ကို နိုင်ငံရပ်ခြားမှ ဘာသာပြန်ဆို ထုတ်ဝေခဲ့။ တချို့ကို ပြည်တွင်း၌ ရုပ်ရှင် ရိုက်ခဲ့။

၁၉၉၉ ဇူလိုင်မှာ တိုင်းပြည်က ထွက်ခွာခဲ့၊ အမေရိကန် ပြည်ထောင်စု၊ နီဗားဒါး၊ လပ်စ်ဗေးဂတ်စ်တွင် ပြောင်းရွှေ့ နေထိုင်လျက် ရှိသည်။

ယခုအခါ အာအက်ဖ်အေ (RFA လွတ်လပ်တဲ့ အာရှအသံ) မှ အပတ်စဉ် ပုံမှန် အနုပညာ စာပေ ဆောင်းပါးများ အသံလွှင့်နေ။

သို့သော်လည်း ဝတ္ထု ဇာတ်လမ်း ရေးသားခြင်းများ ပြတ်တောက်နေသဖြင့်၊ ၂၀၀၉၊ မတ်လက နှလုံး ခွဲစိတ် ကုသမှု ခံယူပြီး ကျန်းမာရေး ပြန်လည် ကောင်းမွန်လာသော ဆရာ မောင်သာရအား တဖန် ပြန်လည် ရေးသားရန် မိုးမခက မေတ္တာရပ်ခံခဲ့ရာ၊ ဆရာက ရံဖန်ရံခါ ရေးဖြစ်သော ဝတ္ထုများကို ပရိသတ်နှင့် မျှဝေပေးမည်ဟု အဖြေ ပေးခဲ့သည်။[၁]

မောင်သာရ၏ သမီးမှာ စာရေးဆရာမ ဖြိုးသာရ‎ ဖြစ်သည်။

၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၂၉ ရက်နေ့တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်သည်။

မောင်သာရ ဝတ္ထုရှည် စာရင်း ပြင်ဆင်
မျိုးမမ ပကာသနီ
လမ်း၌တွေ့သော သစ်ပင်တပင်
လှသည်၊ လွယ်သည်၊ သို့သော် လည်သည်
ချစ်သူကနေ့၊ ကိုယ်က ည
မောင်သိန်းလွင်၏ မစန်းစန်းဝင့်
ထဘီကျွတ်၍ လွှတ်လိုက်သည်
တယောက်မျက်နှာ တယောက်ကြည့်ကာ
မြည်းတကောင်နှင့် သားအဖနှစ်ယောက်
မကူးသောငါး၊ မနားသော ငှက်
မတ်တပ်ရပ်လို့ လမ်းမှာငို
ရွှေစော်နံ ပြန်လိုက်ဦး
ပြီးတော့….လူကိုပါယူသည်
ကတ္တီပါဖိနပ်စီး ရွှေထီးဆောင်း
အရုပ်မျက်နှာ ပန်းမျက်နှာ
သူ့အယင်က တယောက်၊ သူက တစ်ယောက်
ပြန်မပြောရင် ပြောချင်တယ်
အထက်တဝက် အောက်တဝက်
စီးပလေစေ မောင်မသုတ်နဲ့
အသနက်မ အောင်လံကြီးထူ
ကျဉ်တုပ်ခံဝံ့ မခံဝံ့
အမေက ငယ်သေးတယ်တဲ့ရှင်
ရင်ခုန်သံ နည်းနည်းမြန်သည် (ပ၊ဒု)
ခါးတကယ်မတို့ခင်က ယားတယ်လို့တွန့်
ဝဋ်လိုက်တတ်တယ် မောင်မောင်သတိထား
ယုန်နှင့်အတူပြေး၊ ခွေးနှင့်အတူလိုက်
ရှင်ဘုရင်နဲ့ညားရင် မိဖုရား
ဂူတဂူထဲ ခြင်္သေ့နှစ်ကောင်
ကြောင်ကို ဘယ်သူ ခြူဆွဲပေးမလဲ
မငိုရဘူး မရယ်ရဘူး
မနှတ်လောက်တော့ တဆယ်ချေး
ပြောပြန်ရင်လဲ မောင်သာရ လွန်ရာကျမယ်
ငြိမ်သက်ခြင်းနှင့် မကြုံကြိုက်လို (ပ၊ဒု)
နက်ဖြန်မှဖြစ်မှာ လာမပြောနဲ့
မချစ်ပြန်ရင်လဲ အားနာစရာ
သုမနကျောမှာ ဒဏ်ရာတွေနဲ့
ဇီးကွက်ရုပ် အသည်းနှလုံး
ရွာငယ် ဇနပုဒ် မီးကလေး မှိတ်တုပ် ( မိုးမိုး အင်းလျား၏ ပန်းရိုင်းတရာနှင့် ပူးတွဲ)
လှမျက်ခြယ် ရာ့သက်ဝယ်ဘယ်မမုန်းပြီဘု
နောက်ဆုံးတော့ ကျော်ဟိန်းက ကျော်ဟိန်းပါပဲ
ငရုတ်မှန်လျှင် စပ်ရလိမ့်မည်
မောင် ….သူက ဘယ်သူလဲဟင်
ပုစွန်တောင် ကြည့်မြင်တိုင်သူနဲ့ မန္တလေး မြို့တော်သူ
ပြုံးတတ်တယ် ခေါင်းညိတ်တတ်တယ်
တို့ဘက်က ကြည့်တော့ သူရဲကောင်း ၊ သူတို့ဘက်က ကြည့်တော့ သစ္စာဖောက်
မနိုင်၍ သည်းခံရခြင်းသည် လည်းကောင်း
လေတိုက်လို့ သစ်ပင်လှုပ်တာ၊ သစ်ပင်လှုပ်လို့ လေတိုက်တာ
ကောင်းပြီဆို ခံရပြီသာမှတ်
ဝက်လူးကျေးရွာသွား တောလား
မိန်းမရှားသလား ဟုတ်စ
ကျောက်စရစ်တော မာခေါင်ခေါင်မှာ အတောင်ကျွတ်သော ကြိုးကြာရေရှာ၍ မရသကဲ့သို့
မုန့်လုံးစက္ကူကပ် ဇာတ်လမ်း
အိပ်ကောင်းခြင်းလည်း မအိပ်ရ (နုနုရည် အင်းဝ ၏ တက်ကျိုးတော့ လက်ထိုးလှော်မယ် နှင့် ပူးတွဲ)
လက်ညှိုးညွန်ရာ လိုရာဖြစ်စေ
ဘိုကေတစ်ထောင်မှာ တယောက်လောက်တော့
ကိုးကား ပြင်ဆင်
 ၂၀၀၉ ဩဂုတ် ၆ ရက်နေ့က မိုးမခ ကွန်ရက် စာမျက်နှာမှ


Reference from: wikipedia

Written Books

Book Review Image

ကျဉ်တုတ်ခံဝံ့ မခံဝံ့

မောင်သာရ
Book Review Image

ဂူတဂူထဲ ခြငေ်္သ့ နှစ်ကောင်

မောင်သာရ
Book Review Image

ငြိမ်သက်ခြင်းနှင့်မကြုံကြိုက်လို

မောင်သာရ
Book Review Image

ထမီကျွတ်၍ လွှတ်လိုက်မည်

မောင်သာရ