မောင်သာရ...ထမီကျွတ်၍ လွှတ်လိုက်မည်
=============================
ဆရာမောင်သာရရဲ့လုံးချင်းဝတ္ထုတွေထဲမှာ ပြန်လည်ထုတ်ဝေမှုအများဆုံးစာရင်းပေါက်တဲ့လုံးချင်း။
ဒီစာအုပ်ဟာ ဆရာမောင်သာရဝတ္ထုကိုပထမဆုံးဖတ်ဖူး
လိုက်တဲ့စာအုပ်လို့မှတ်မိနေတယ်။အထူးသဖြင့်ဆရာ့အ
ရေးအသားတွေကို အထက်တန်းကျောင်းသားတစ်ယောက် ကောင်းကောင်းကြီးသတိမူမိသွားတဲ့စာအုပ်ပေါ့။ဒီစာအုပ်ထဲကကဗျာလင်္ကာတွေကို လိုက်ကျက်ခဲ့ဖူး
တယ်။နောက်တော့ ဆရာ့ပထမဝတ္ထု မျိုးမမပကာသနီကို
ဆက်ဖတ်မိပြီး ဆရာ့လုံးချင်းတွေ တောက်လျှောက်ဖတ်
ဖြစ်သွားတယ်။မောင်သာရခရေဇီလည်းဖြစ်သွားတယ်။
ဆရာကသူ့စာဖတ်အားကိုအသုံးချပြီး ရင်ခုန်သံနည်း
နည်းမြန်သည်ဆိုတဲ့ သူ့လုံးချင်း (ဝက်လူးအင်းကျေးရွာ
သွားတောလား )နာမည်လိုပဲ ရင်ခုန်ဖွယ်စကားလုံးအသုံး၊
အလင်္ကာတွေနဲ့ လုံးချင်းတွေရေးတယ်။အထက်တန်းကျောင်းသားကျွန်တော်တို့နှုတ်တိုက်ရွရွရွတ်ခဲ့ကြတဲ့အရေးအသားတွေပေါ့။နောက်ပိုင်းကျတော့
ဆရာကဘဝသရုပ်ဖော်၊ရီရယ်လစ်ဇင်ဘက်ကိုပြတ်ပြတ်
သားသားခုန်ကူးပြီး၊မောင်သာရဆိုတာ စကားလုံးတွေပဲတန်ဆာဆင်တတ်သူမဟုတ်ဘူးဆိုတာ ထပ်ပြသွားတယ်။
ဆရာ့ဘဝသရုပ်ဖော်တွေကလည်း ရေးလက်ရေး
သားကျလွန်းလို့ ရင်ထဲထိခတ်ကျန်ရစ်ရတာမျိုးတွေဖြစ်ပါတယ်။ဝတ္ထုကဝေကြီးဟာ စုပ်ယူအားအလွန်ကောင်းသူလည်းဖြစ်တယ်။မသိမသာနားစွင့်ရင်းနဲ့လည်း ထဲထဲဝင်ဝင်ဖြစ်အောင် ချက်ကျလက်ကျနှိုက်နိုင်တယ်။
ထမီကျွတ်ကတော့ ဆရာ့ရှေ့ဘက်လက်ရာပါ။အ
လွန်လှတဲ့ကဗျာအပိုင်းအစလေးတွေကို သူ့နေရာနဲ့သူအ
သုံးချပြီး၊ချွဲချွဲနွဲနွဲဖွဲ့ထားတဲ့ အရေးအသားလေးတွေကိုဒီ
စာအုပ်မှာဖတ်ရမယ်။ရင်ခုန်ဖွယ်၊ရင်ထဲလှိုင်းခတ်လှုပ်ရှားသွားစေတဲ့အရေးအသားလေးတွေပေါ့။
ဂရေ့စ်ဟန်ထွန်းဟာ အင်မတန်ချောမောလှပတဲ့
မိန်းခလေး၊မောင်မောင်မျိုးညွန့်က မသည်းအူလို့နာမည်
ပေးထားတယ်။မျိုးညွန့်နဲ့မသည်းအူတို့ချစ်ကြတယ်၊ယူ
ကြတယ်။မသည်းအူမိဘတွေက ပရိယာယ်သုံးပြီးပြန်
ခွဲတယ်။မျိုးညွန့်တရားစွဲခံရတယ်။မသည်းအူနဲ့တကယ်ချစ်၊တကယ်လက်ထပ်ထားတာ သက်သေပြနိုင်လို့ မျိုး
ညွန့်တို့လွတ်သွားပေမယ့် မသည်းအူနဲ့တော့ပြန်မပေါင်း
လိုက်ရတော့ဘူး။
တရားခွင်မှာမသည်းအူက သူအဖြားယောင်းခံရတဲ့ပုံ
စံထွက်ဆိုသွားတော့ မျိုးညွန့်လည်းမယုံနိုင်အောင်ဖြစ်
သွားတယ်။မျိုးညွန့်ဘက်ကခံစားမှု၊မသည်းအူဘက်ကခံ
စားမှုတွေနဲ့ ဝတ္ထုကိုစိတ်ဝင်စားအောင် ဖမ်းစားဖန်တီးထားတယ်။
ဝမ်းအသံဘက်ကိုမပြောင်းမီ ဆရာမောင်သာရရဲ့ရင်ငြိလှပတဲ့အရေးအသား ရင်ခုန်သံတွေကို ဒီစာအုပ်မှာဖတ်ရမယ်။ရည်းစားစာပေးတဲ့ခေတ်ကတော့ ရည်းစားစာထဲထည့်ရေးဖို့ကောင်းတဲ့ အရေးအသားအလှအဖူးလေးတွေပေါ့။
ဝတ္ထုဇာတ်လမ်းကတော့ ရုပ်ရှင်မင်းသမီးဖြစ်သွား
ရတဲ့မသည်းအူရဲ့ ဘဝနဲ့ခံယူချက် အပေးအယူယန္တရားကို
ရေးဖွဲ့ထားတာပါ။သရုပ်မှန်ဝတ္ထုတစ်ပုဒ်ကို ဖန်တီးမှုအလှနဲ့ရသမြောက်အောင်ရေးသားထားတာဖြစ်ပါတယ်။
ဆင်ခြင်တွေးဆစရာတွေ၊သင်ခန်းစာတွေအများအပြား
ပါနေပေမယ့် စာဖတ်သူရဲ့ဝမ်းစာနဲ့ တိုက်ကြည့်ရမှာမျိုး
တွေဖြစ်ပါတယ်။ဆရာကတစ်ခွန်းမှ ဖွင့်ဟမထားဘူး။ပြရုံကလေးပြသွားတယ်။
စိုးဘားဒိုင်