ဆရာကိုလေးမြတ်ရဲ့ ကားသမားစာအုပ် ကောင်းလားလို့ လာမေးတော့ ဆရာသော်တာဆွေရဲ့ ဘ၀ထိုထို ဆိုတဲ့ စာအုပ် ဖတ်ဖူးလားလို့ ပြန်မေးလိုက်တယ် .. အဲ့စာအုပ်ကို ကြိုက်တယ်ဆိုရင် ဒီစာအုပ်ကိုလည်း ဖတ်ကြည့်ပါလို့ပဲ ပြောလိုက်တယ် ..
ဆရာသော်တာဆွေက ဘ၀ထိုထိုလို့ ခေါင်းစဉ်ပေးထားတဲ့ စာအုပ်မှာ သူဖြတ်သန်းခဲ့တဲ့ မြင်းလှည်းသမားဘ၀အကြောင်းကို အတော်လေး စေ့စေ့ဌဌ ရေးထားသလို ဆရာကိုလေးမြတ်ရဲ့ ကားသမား စာအုပ်မှာလည်း ကားသမားတစ်ယောက်ရဲ့ ဘ၀ကို အတော်လေး စုံစုံလင်လင် ရေးပြထားနိုင်တာကို တွေ့ရပါလိမ့်မယ် ..
ကျွန်တော်တို့ နေ့စဉ် စားသုံးနေ ၊ အသုံးပြုနေတဲ့ ကုန်ပစ္စည်းတွေကို သယ်ယူ ပို့ဆောင်ပေးနေရတဲ့ ကားသမားတွေရဲ့ ဘ၀အကြောင်းကို စုံစမ်း စပ်စုဖို့ ကျွန်တော်တို့ဟာ နီးလျက်နဲ့ ဝေးနေခဲ့ကြတယ် ..
သူတို့ရဲ့ အခက်အခဲတွေ ၊ စိတ်ခံစားချက်တွေ ၊ ပြဿနာတွေကို ဘယ်လို ဖြေရှင်းနေလဲ ၊ ဖြတ်သန်းနေလဲဆိုတာကို တစ်ထောင်မှာ တစ်ယောက်တောင် စိတ်၀င်စားချင်မှ စိတ်၀င်စားလိမ့်မယ် ..
ကားသမားတစ်ယောက်ရဲ့ အကြောင်း ဘာစိတ်၀င်စားစရာကောင်းလို့လဲလို့ မေးလာစရာရှိတယ် .. ကျွန်တော်လည်း ဒီစာအုပ် မဖတ်ဖူးသေးတဲ့ တခြားသူနေရာကနေဆို အဲ့လို တွေးမိကောင်းတွေးမိနေလိမ့်မယ် .. ဒါပေမဲ့ ဒီစာအုပ် ဖတ်ပြီးသွားတဲ့အခါမှာတော့ အရင်က စိတ်၀င်စားခြင်းမရှိခဲ့တဲ့ ကားသမားတွေရဲ့ ဘ၀တွေကို မြင်မိသွားတယ် ..
တစ်နည်းအားဖြင့် ကားသမားတွေရဲ့ ဘ၀ကို စိတ်၀င်စားလို့ ဒီစာအုပ်ကို ဖတ်တာ မဟုတ်ဘဲ ဒီစာအုပ်ဖတ်ပြီးမှ ကားသမားတွေရဲ့ ဘ၀ကို စိတ်၀င်စားသွားတာလို့ ပြောရမယ် ..
ကားသမားတွေရဲ့ ဘ၀ဟာ
တိမ်တွေလိုပဲ ..
အဝေးပြေးလမ်းမတွေထက်မှာ
တချို့က ပုံရိပ်တွေပေါ်လာတယ် ..
တချို့ကတော့ လွင့်ပါးပျောက်ကွယ်သွားကြတယ် .....
#စာညွှန်းအိမ်
#PyaeArKar