ငြိမ်းကိုရှက်ပါ
========== #မိုးမိုး_အင်းလျား
တစ်ခါတလေမှာ လူတွေရဲ့ဖောက်ပြန်တဲ့အကျင့်စရိုက်တွေကို မြင်တွေ့ပြီး အရာရာကို စိတ်ကုန်ချင်လာတာမျိုး ခံစားဖူးပါသလား။
အဲ့ဒီလို စိတ်ကုန်ခြင်း၊ စိတ်ထိခိုက်ခြင်း၊ မျှော်လင့်ချက်ပျက်သုဉ်းခြင်းတွေရဲ့ဒဏ်ကို ရင်ဘတ်နဲ့မဆံ့အောင် နာကျင်ခံစားရပေမယ့် ငါ့ဘဝရှေ့ရေး ရှိသေးတယ်၊ ငါအကောင်းဆုံး ကြိုးစားရပ်တည်ရှင်သန်သွားရအုံးမယ်ဆိုတဲ့ အသိစိတ်တစ်ချက်မှာ 'မာန်' ဆိုတာလေးကို ပူးကပ်ပြီး ဘဝမှာဆက်လက်ရပ်တည်ဖူးပါသလား။
ဒါဆိုရင်တော့ သင့်မှာ ဒီလိုဆက်လက်ကြိုးစားရပ်တည်ခွင့်၊ မာန်တင်းခွင့် ရှိနေသေးတဲ့အတွက် အလွန်ကံကောင်းပါတယ်။
ဝတ္တုထဲက ငြိမ်း ကတော့ ဖောက်ပြန်တတ်တဲ့လူ့စရိုက်ကို ပွဲကြည့်ပရိတ်သက်အနေနဲ့သာ ဇာတ်ပွဲကြည့်သလို ကြည့်နေခဲ့ရပြီး သူ့ဘဝကို ဆက်လက်ကြိုးစားရပ်တည်ဖို့ မာန်တင်းဖို့တောင် အခွင့်မသာခဲ့ပါဘူး။
သာမန်လူတစ်ယောက်အနေနဲ့ မမြင်ချင်တာတွေ မမြင်ရအောင်၊ မကြားချင်တာတွေ မကြားရအောင် ရှောင်ရှားပြီး မေ့မေ့ပျောက်ပျောက်နဲ့ တခြားကောင်းရာကောင်းကျိုးမှာ စိတ်လွှဲထားလို့ရပေမယ့် ငြိမ်းကတော့ မမြင်ချင်လည်းမြင်ရ မကြားချင်လည်းကြားရနဲ့ မကောင်းသောလူ့သဘောဇာတ်ရုပ်တွေကို ရှောင်မရ၊ တိမ်းမရ နေ့စဉ်နဲ့အမျှ သိမြင်နေခဲ့ရတယ်။
စာအုပ်အစမှအဆုံးအထိ ဖတ်ရင်း အသက်ရှုမဝသလိုခံစားနေရမယ့် ဆရာမ မိုးမိုး(အင်းလျား)ရဲ့ ငြိမ်းအကြောင်း။
ဇာတ်နာအောင်ရေးထားတာမျိုးမဟုတ်ပဲ နာစရာဘဝအကြောင်းတွေကို ဆင်ခြင်တတ်အောင် ရိုးရိုးလေးပဲရေးပြထားတယ်။
ဝတ္တုနာမည်နဲ့ အကြောင်းအရာကလည်း ကွက်တိကျအောင်ကို လိုက်ဖက်တယ်လို့မြင်ပါတယ်။
================
Nyein Zaw Oo
ငြိမ်းကိုရှက်ပါ
**************
လောကဇာတ်ခုံတွင်ကိုယ်တိုင်မပါဝင်ပဲ
ပွဲကြည့်ပရိတ်သတ်အဖြစ်ကြည့်ရှူဖူးပါသလား တဲ့...
ဇာတ်လမ်းအစပျိုးတဲ့စာသားလေးနဲ့တင်စိတ်ဝင်စားဖို့ကောင်းခဲ့တယ်....။
အသက်၈နှစ်အရွယ်လောက်ထဲကအကြောသေရောဂါခံစားခဲ့ရတာကြောင့်
ဝှီးချဲပေါ်မှာသာနေထိုင်ပြီးစာအုပ်တွေကိုအဖော်ပြုပြီးနေထိုင်ခဲ့ရသူ ' ငြိမ်း '
လူမမာတစ်ယောက်၊အားနွဲ့သူတစ်ယောက်၊ဘာဆိုဘာမှမလုပ်ဆောင်နိုင်တဲ့သူတစ်ယောက်၊သနားစရာကောင်းတဲ့သူတစ်ယောက်အဖြစ်သာ
သတ်မှတ်ထားခြင်းခံခဲ့ရတဲ့သူ
လောဘဇောတက်ပြီးမာန်မာနချင်းပြိုင်ဆိုင်ကြတဲ့မိသားစုနှစ်စုအကြားမြေစာပင်ဖြစ်ရတဲ့သူ့ဘဝ
လောဘဒေါသသောကမီးတွေလောင်မြိုက်ခံရတဲ့ဘဝတွေကိုမတတ်သာလို့ထိုင်ကြည့်နေရတဲ့အဖြစ်ကြုံခဲ့သူ
လောကမှာမဟုတ်တာလုပ်တဲ့သူတွေကရှက်ရမဲ့အစား...ငြိမ်းကရှက်ခဲ့ရတယ်
မသိသင့်တဲ့၊မကြုံသင့်တဲ့အကြောင်းအရာတွေကြုံပြီးမျိုသိပ်ကြိတ်မှိတ်ခဲ့ရတယ်။
ငြိမ်းကရှက်ရမှာလား၊ငြိမ်းကိုရှက်ရမှာလား
ကျနော်တို့ရော....ဘဝမှာကိုယ်မတတ်နိုင်ခဲ့လို့လက်မှိုင်ချပြီးကြည့်ခဲ့ရတဲ့အဖြစ်တွေဘယ်လောက်များခဲ့ပြီလဲ.....။
တစ်စုံတစ်ယောက်အပေါ်မသိစိတ်ကြောင့်ပဲဖြစ်ဖြစ်သိစိတ်ကြောင့်ပဲဖြစ်ဖြစ်အပြစ်ကျူးလွန်ခဲ့မိပြီးဘယ်လောက်တောင်ရှက်ခဲ့ကြရဖူးပြီလဲ....။
စာအုပ်လေးကပါးပါတယ်၊စာမျက်နှာနည်းပါတယ်၊
ဒါပေမဲ့ ရလိုက်တဲ့အတွေးတွေကမနည်းမနောပါပဲ
ဖတ်ဖို့ကောင်းတဲ့စာအုပ်တစ်အုပ်လို့ယူဆမိပီးညွန်းပါတယ် ။
မိုးမိုး (အင်းလျား) -ငြိမ်းကိုရှက်ပါ
#ဝဿန်